6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

M-Media
စက်တင်ဘာ ၄၊ ၂၀၁၃
ကိုလေး စုစည်းတင်ဆက်သည်။

၂ နှစ်အရင်ကဆို ရီဘာရီကို လူတွေက အရှင်လတ်လတ်မီးရှို့ချင်ကြပါတယ်။ (ပြင်သစ်နည်းပြ)

တစ်ချိန်ကဆိုးသွမ်းမှုများကြောင့် မီဒီယာများ၏ပစ်မှတ်ဖြစ်ခဲ့ရသည့်ဘ၀မှ ဥရောပအကောင်းအဆုံး ဘောလုံးသမား တစ်ဦးအဖြစ်ပြောင်းလဲလာသည့် ရီဘာရီအား ပြင်သစ်လက်ရွေးစင်နည်းပြ ဒီဒီယာ ဒက်စ်ချမ့်က ချီးကျူးပြောကြားခဲ့သည်။  အသက် ၃၀ အရွယ်ရှိရီဘာရီမှာ ၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ထိုစဉ်ကပြင်သစ်နည်းပြ ရေမွန်ဒိုမီနစ်ခ်ျနှင့် အတိုက်အခံဖြစ်ခဲ့သည့် ကစားသမားများထဲတွင်ပါဝင်ခဲ့ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ပြင်သစ်အသင်းမှထုတ်ပယ်ခံခဲ့ရကာ အိမ်ပြန်ပို့ခံခဲ့ရပြီး မီဒီယာများနှင့် ပရိတ်သတ်များ၏ ဝေဖန်မှုကို ပြင်းပြင်းထန်ထန်ခံခဲ့ရသည်။ သို့သော်လည်း ရီဘာရီမှာ ၂၀၁၂-၂၀၁၃ ဥရောပအကောင်းဆုံးဘောလုံးသမားဆုကို မက်ဆီနှင့်ရော်နယ်ဒိုတို့ကိုကျော်ဖြတ်ကာ ရရှိခဲ့သည်။ ဒက်စ်ချမ့်က “ဒီဆုဟာ ကမ္ဘာ့ကျော်ဆုတစ်ခုပါ။ သူအတွက် ကျနော်တို့ ဂုဏ်ယူမိပါတယ်။ လွန်ခဲ့တဲ့ ၂ နှစ်ကဆိုရင် လူတော်တော်များများက သူ့ကိုအရှင်လတ်လတ်မီးရှို့ချင်ခဲ့တယ်ဆိုတာကို ကျနော်တို့မေ့မှာမဟုတ်ပါဘူး။ အခုတော့လူတိုင်းက သူရဲ့အရည်အချင်းကိုသိနေကြပါပြီ။ ဖရန့်(ရီဘာရီ)လိုကစားသမားတစ်ယောက်ရှိနေတာဟာ ကျနော်တို့ပြင်သစ်အသင်းအတွက် အထောက်အကူဖြစ်စေပါတယ်” ဟု ပြောကြားခဲ့သည်။
http://www.goal.com/en/news/90/france/2013/09/03/4235862/two-years-ago-most-people-wanted-to-burn-ribery-alive?ICID=OP
………………………………………………….
ဖယ်လိုင်နီမှာ မန်ယူအသင်းတွင်နာမည်ကြီးကစားသမားဖြစ်လာမည်ဟု မိုယက်စ်ဆို

မန်ချက်စတာယူနိုက်တက်အသင်း၏နည်းပြဖြစ်သူ ဒေးဗစ်မိုယက်စ်က အပြောင်းအရွှေ့ဈေးကွက်မပိတ်မီလေးတွင်မှ ခေါ်ယူနိုင်ခဲ့သည့် ကွင်းလယ်လူ ဖယ်လိုင်နီမှာ မန်ယူအသင်းတွင် နာမည်ကြီးကစားသမားဖြစ်လာမည်ဟုယုံကြည်ကြောင်း ပြောဆိုလိုက်သည်။ ဖယ်လိုင်နီမှာ အဲဗာတန်အသင်းမှ ယူရို ၃၂.၅ သန်းဖြင့်ပြောင်းရွှေ့လာခဲ့ခြင်းဖြစ်သည်။ အဲဗာတန်အသင်းတွင် ဖယ်လိုင်နီနှင့် ၅ နှစ်ကြာလက်တွဲခဲ့သည့် မိုယက်စ်က “တခြားလူတွေမှာမရှိတဲ့ အရည်အချင်းတွေဖယ်လိုင်နီမှာရှိပါတယ်။ သူမှာရှိတဲ့အရည်အချင်းတွေနဲ့ မန်ယူအသင်းမှာ နာမည်ကြီးကစားသမားဖြစ်လာပါလိမ့်မယ်” ဟု ပြောကြားခဲ့သည်။
http://www.goal.com/en/news/9/england/2013/09/03/4235894/moyes-fellaini-will-big-player-for-united?ICID=OP
………………………………………………..
စပိန်အသင်းက ခေါ်ယူမှုအားမယုံကြည်နိုင်ဟု နာချိုပြော

Nacho

အသက် ၂၃ နှစ်အရွယ်ရှိ ရီးယဲလ်မက်ဒရစ်နောက်ခံလူ နာချိုဖာနန်ဒက်ဇ်က ၎င်းအား စပိန်လက်ရွေးစင်အသင်းမှ ရွေးချယ်ခဲ့ခြင်းအပေါ် မယုံကြည်နိုင်အောင်ဖြစ် ရသည်ဟု ပြောဆိုလိုက်သည်။ နာချိုမှာ ယခု သီတင်းပတ်အတွင်း ဖင်လန်အသင်းနှင့်ကစားမည့် စပိန်အသင်းအတွက် နည်းပြ ဒဲလ်ဘော့ စကေးက ရွေးချယ် လိုက်ခြင်းဖြစ်သည်။ “ရိုးရိုးသားသားပြောရရင် ကျနော်ယုံတောင်မ ယုံနိုင်ပါဘူး။ စစကြားကြားခြင်းမှာ ကျနော်မယုံခဲ့ပါဘူး။ ဒီမနက်သတင်းစာကိုကြည့်ပြီး ကျနော့်ဓာတ်ပုံနဲ့ သတင်းကိုတွေ့တော့မှသာ ကျနော်လက်ခံနိုင်ခဲ့တာပါ။ စပိန်လက်ရွေးစင်အသင်းမှာ ပါဝင်ရတာဟာ ကျနော့်အတွက် လက်ဆောက်တစ်ခုပါပဲ” ဟု နာချိုက AS သတင်းစာသို့ ပြောကြားခဲ့သည်။
http://www.goal.com/en/news/12/spain/2013/09/03/4236094/i-cant-believe-spain-call-nacho?ICID=OP
…………………………………………………
အဲဗာတန်အသင်းသို့အငှားဖြင့်ပြောင်းရွှေ့ရမှုအတွက် စိတ်မဆိုးဟု လူကာကူပြော

ချယ်ဆီးအသင်းမှထွက်ခွာကာ ပထမဦးစားပေးနေရရာရမည့်အသင်းတွင် ကစားချင်သည့် လူငယ်တိုက်စစ်မှူးလူကာကူက အဲဗာတန်အသင်းသို့ တစ်ရာသီအငှားစာချုပ်ဖြင့်ပြောင်းရွှေ့ရခြင်းအတွက် အလွန်ပျော်ရွှင်မိသည်ဟုပြောဆိုလိုက်သည်။ လူကာကူမှာ အပြောင်းအရွှေ့နောက်ဆုံးရက်တွင်မှ အဲဗာတန်အသင်းသို့ အငှားဖြင့်ပြောင်းရွှေ့သွားသူဖြစ်ပြီး ချယ်ဆီးမှထွက်ခွာလိုစိတ်မရှိဟု သတင်းများထွက်ပေါ်လာပြီးနောက် ယခုကဲ့သို့ပြောကြားလိုက်ခြင်းဖြစ်သည်။ “အဲဗာတန်အသင်းကိုပြောင်းရွှေ့ရတဲ့အတွက် ပျော်ရွှင်မိပါတယ်။ ကျနော်မပျော်မရွှင်ဖြစ်နေတယ်ဆိုတဲ့သတင်းတွေကို ဖတ်ရပါတယ်။ မဟုတ်ပါဘူး ကျနော်ပျော်ရွှင်နေပါတယ်” ဟု လူကာကူက ပြောကြားခဲ့သည်။
http://www.goal.com/en/news/9/england/2013/09/03/4235954/lukaku-no-anger-over-everton-loan-move?ICID=OP
…………………………………………………
၎င်း၏ထွက်ခွာမှုအား အာဆင်နယ်မှ ပိတ်ပင်ခဲ့သည်ဟု ဘန်တနာပြော

အာဆင်နယ်အသင်း၏တိုက်စစ်မှူးဘန်တနာက ၎င်းမှာ တစ်ခုထက်ပိုသော ကလပ်အသင်းများနှင့် သဘောတူညီမှုများရရှိခဲ့သော်လည်း အာဆင်နယ်အသင်းက ပိတ်ပင်ခဲ့သည်ဟု ပြောကြားခဲ့သည်။ ဘန်တနာအား ခရစ္စတယ်ပဲလေ့စ်အသင်းက ခေါ်ယူလိုခဲ့သော်လည်း အာဆင်နယ်အသင်းက တိုက်စစ်မှူးအသစ်ရှာဖွေ၍မရလျှင် အသင်းမှထွက်ခွာခြင်းမပြုရန် ဘန်တနာအားပိတ်ပင်ခဲ့ဖူးသည်။ ဘန်တနာက ၎င်းမှာ ၂၀၁၃ အပြောင်းအရွှေ့ကာလတွင် ထွက်ခွာခွင့်ပြုရန် အာဆင်နယ်အသင်းနှင့်သဘောတူထားကြောင်း ပြောကြားခဲ့သည်။
http://www.goal.com/en/news/11/transfer-zone/2013/09/03/4235450/arsenal-blocked-my-exit-says-bendtner?ICID=OP
…………………………………………………
အက်ဖ်စီ ဇူးရစ်ခ်ျမှ လူငယ်ကစားသမားအား မန်ယူခေါ်ယူခဲ့

မန်ယူအသင်းသည် အက်စ်စီဇူးရစ်ခ်ျအသင်းမှ အသက် ၁၇ နှစ်အရွယ်လူငယ်နောက်ခံလူ ဆိုက်ဒီဂျန်ကိုအား ခေါ်ယူခဲ့သည်ဟုသိရသည်။ မန်ယူအသင်းမှာ အပြောင်းအရွှေ့ဈေးကွက်နောက်ဆုံးနေ့တွင် ခေါ်ယူခဲ့ခြင်းဖြစ်ပြီး ပြောင်းရွှေ့ကြေးကိုမှု ထုတ်ဖော်ပြောဆိုခဲ့ခြင်းမရှိပေ။
http://www.goal.com/en/news/11/transfer-zone/2013/09/03/4235630/manchester-united-sign-janko-from-fc-zurich?ICID=OP
………………………………………………….
ဘရုမာအား ဂါလာတာစာရေးခေါ်ယူ

တူရကီကလပ် ဂါလာတာစာရေးအသင်းမှာ စပို့တင်းလစ္စဘွန်းအသင်း၏ တောင်ပံကစားသမား ဘရူမာအား ခေါ်ယူလိုက်ပြီဟုသိရသည်။ ပေါ်တူဂီ ယူ၂၀ အသင်း၏ ကစားသမားဖြစ်သူ အသက် ၁၈နှစ်အရွယ်သာရှိသေးသည့် ဘရုမာအား ပြောင်းရွှေ့ကြေး ယူရို ၁၃ သန်းဖြင့် ငါးနှစ်စာချုပ်ချုပ်ဆိုကာ ခေါ်ယူခဲ့ခြင်းဖြစ်သည်။
http://www.goal.com/en/news/11/transfer-zone/2013/09/03/4235545/official-galatasaray-sign-bruma-for-10m?ICID=OP
…………………………………………………..
ဂျိုကိုဗစ်၊ ၀ါဝရင်ကာ ယူဇနီတို့ အယူအက်စ်အိုးပင်း ကွာတားဖိုင်နယ်သို့တက်ရောက်

ကျင်းပလျက်ရှိသည့် ယူအက်စ်အိုးပင်းတင်းနစ်ပြိုင်ပွဲ စတုတ္ထအဆင့်ပွဲစဉ်များတွင် ကမ္ဘာ့အဆင့် ၁ တင်းနစ်သမား နိုဗက်ဂျိုကိုဗစ်၊ ၀ါဝရင်ကာနှင့်၊ ယူဇနီတို့ အနိုင်ရရှိကာ ကွာတားဖိုင်နယ်သို့တက်ရောက်သွားပြီဟုသိရသည်။

ဂျိုကိုဗစ်မှာ စပိန်တင်းနစ်သမား မာဆယ် ဂရန်နိုလာအား ၆-၃၊ ၆-၀၊ ၆-၀ ဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ ဂျိုကိုဗစ်မှာ ဂရန်းစလမ်း ဆုဖလားအား ၆ ကြိမ်ရရှိထားပြီး ၂၀၁၁ခုနှစ်က ယူအက်စ်အိုးပင်းတင်းနစ်ပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့သူဖြစ်သည်။

နိုင်ခြေအဆင့် ၉ ရှိ ဆွစ်ဇလန်တင်းနစ်သမား စတာနစ်လက်စ် ၀ါဝရင်ကာမှာ ချက်တင်းနစ်သမား သောမက်စ် ဘာဒစ်ခ်ျအား အနိုင်ရရှိခဲ့သည်။ ၀ါဝရင်ကာမှာ ဘာဒစ်ခ်ျအား ပထမပွဲငယ်တွင် ရှုံးနိမ့်ခဲ့ပြီး နောက်ပိုင်း သုံးပွဲဆက်အနိုင်ရခဲ့ကာ ၃-၆၊ ၆-၁၊ ၇-၆(၈-၆)၊ ၆-၂ ဖြင့်အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ ဘာဒစ်ခ်ျအား ၆ ကြိမ်မြောက်အနိုင်ရခဲ့သည့် ၀ါဝရင်ကာက “သောမတ်စ်(ဘာဒစ်ချစ်)နဲ့ ကစားရတာ အမြဲတမ်းခက်ခဲပါတယ်။ သူဟာ ပြိုင်ဘက်တွေကိုအမြဲတမ်းဖိအားပေးတတ်ပါတယ်။ ဒီလိုအနိုင်ရရှိတဲ့အတွက် ကျနော်အရမ်းပျော်ပါတယ်။ ဒီညဟာ ကျနော်ဘယ်တော့မှ မမေ့မှာမဟုတ်တဲ့ ညတစ်ညပါပဲ” ဟု ပြောကြားခဲ့သည်။

စတုတ္ထအဆင့်အခြားပွဲစဉ်တစ်ခုဖြစ်သည့် မစ်ဟေးလ် ယူဇနီနှင့် လေတန်ဟေးဝစ်တို့ပွဲစဉ်တွင် ရုရှားတင်းနစ်သမား ယူဖနီက သြစတေးလျ တင်းနစ်အကျော်အမော် ဟေးဝစ်အား အနိုင်ရရှိရန် လေးနာရီနီးပါးကစားခဲ့ရပြီး ၆-၃၊ ၃-၆၊ ၆-၇(၃-၇)၊ ၆-၄၊ ၇-၅ ဖြင့် ပွဲသိမ်းခဲ့သည်။ ဟေးဝစ်မှာ ၂၀၀၁ ခုနှစ်က ယူအက်စ်အိုးပင်းချန်ပီယံဘွဲ့ကိုဆွတ်ခူးခဲ့သူဖြစ်ပြီး ယူဇနီမှာ အမြင့်ဆုံး ဆီးမီးဖိုင်နယ်သို့သာ နှစ်ကြိမ်တက်ရောက်နိုင်ခဲ့သည်။

ဂျိုကိုဗစ်နှင့် ယူဇနီတို့မှာ ကွာတားဖိုင်နယ်တွင်တွေ့ဆုံရမည်ဖြစ်ပြီး ၀ါဝရင်ကာမှာ အန်ဒီမာရေးနှင့် ဒန်းနစ် အက်စ်တိုမင်တို့၏ စတုတ္ထအဆင့်ပွဲစဉ်မှ အနိုင်ရရှိသူနှင့် ကွာတားဖိုင်နယ်တွင် တွေ့ဆုံယှဉ်ပြိုင်ရမည်ဖြစ်သည်။
skysports
…………………………………………….
ဆရီနာနှင့် လီနာတို့ ဆီမီးဖိုင်နယ်ရောက်ပြီ

အမေရိကန်နိုင်ငံတွင် ကျင်းပပြုလုပ်နေသည့် ယူအက်စ်အိုးပင်းတင်းနစ်ပြိုင်ပွဲ အမျိုးသမီးပွဲစဉ်တွင် အမေရိကန်နာမည်ကြီးတင်းနစ်မယ် ဆရီနာ ၀ီလီယံနှင့် တရုတ်တင်းနစ်မယ် လီနာတို့ ဆီမီးဖိုင်နယ်သို့တက်ရောက်သွားကြပြီဟုသိရသည်။

ဆရီနာမှာ စပိန်တင်းနစ်မယ် ကာလာဆွာရက်ဇ် နာဗာရိုအားအနိုင်ရရှိခဲ့သည်ဟုသိရသည်။ ၅၂ မိနစ်သာကြာမြင့်ခဲ့သည့်အဆိုပါပွဲစဉ်တွင် ဆရီနာက နာဗာရိုအား ၆-၀၊ ၆-၀ ဖြင့် သက်တောင့်သက်သာအနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ ရာသီဥတုအခြေအနေက သူမအား အသာရစေခဲ့သည်ဟုဆိုခဲ့သည့် ဆရီနာက “သူ(ဆွာရက်ဇ်)ဟာ ကစားသမားကောင်းတစ်ယောက်ပါ။ ရာသီဥတုအခြေအနေက ဆိုးရွားနေခဲ့ပြီး ဒီနေ့ သူရဲ့အကောင်းဆုံးပုံစံမရခဲ့ပါဘူး” ဟု မှတ်ချက်ပေးခဲ့သည်။

နိုင်ခြေအဆင့် ၅ ရှိ တရုတ်တင်းနစ်မယ် လီနာမှာလည်း ရုရှားတင်းနစ်မယ် အီကက်သရီနာ မာကာရိုဗာအား ၆-၄၊ ၆-၇(၇-၅)၊ ၆-၂ ဖြင့်အနိုင်ရရှိခဲ့ကာ ဆီးမီးဖိုင်နယ်သို့တက်ရောက်သွားပြီဟုသိရသည်။ ထို့ကြောင့်လီနာမှာ ယူအက်စ်အိုးပင်းတင်းနစ်ပြိုင်ပွဲသို့ ပထမဦးဆုံးတက်ရောက်နိုင်ခဲ့သည့် တရုတ်တင်းနစ်မယ်တစ်ဦးဖြစ်လာခဲ့သည်။ “ကျမအမြဲတမ်း နံပါတ် ၁ ဖြစ်ချင်ခဲ့တာပါ။ ယူအက်စ်အိုးပင်းဆီမီးဖိုင်နယ်ကိုပထမဦးဆုံးရောက်ရှိခဲ့တာဟာ တကယ့်ကို့ စိတ်လှုပ်ရှားစရာကောင်းပါတယ်။ ကိုယ့်ကိုကိုယ်လည်း ဂုဏ်ယူမိပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ဒါဟာ ဒီနှစ်အတွက်နောက်ဆုံး ဂရန်းစလမ်းပြိုင်ပွဲကြီးပါပဲ။ ဒါပေမယ့် အကောင်းဆုံးကြိုးစားယှဉ်ပြိုင်နိုင်ဖို့ တိုက်ပွဲဝင်သွားမှာပါ” ဟု လီနာက ပွဲအပြီးတွင် ပျော်ရွှင်စွာ ပြောကြားခဲ့သည်။
skysports/Xinhua

Leave a Reply