6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

စက်တင်ဘာ ၅ ၊ ၂၀၁၃
M-Media
ကိုလေး စုစည်းတင်ဆက်သည်။

bristol

အင်္ဂလိပ် Johnstone’s Paint ရှုံးထွက်ဖလားပြိုင်ပွဲတစ်ခုတွင် ရုန်းရင်ဆန်ခတ်မှုဖြစ်ပွား လူ ၁၂ ဦးအား ဖမ်းဆီးထားပြီး ရဲတပ်ဖွဲ့ဝင်တစ်ဦးဒဏ်ရာရ

ဘရစ္စတိုး စီးတီးအသင်းက ဘရစ္စတိုးရိုဗာ အသင်းအား ၂ ဂိုး ၁ဂိုးဖြင့်အနိုင်ရရှိခဲ့သော Johnstone’s Paint ရှုံးထွက်ဖလားဘောလုံးပြိုင်ပွဲ တစ်ခုတွင် ပရိတ်သတ်များနှင့် ရဲတပ်ဖွဲ့ဝင်များ ရုန်းရင်းဆန်ခတ်မှု တစ်ခုဖြစ်ပွားခဲ့သည်။

ပွဲအပြီးအတွင် ၎င်းတို့အသင်း အနိုင်ရရှိသွားသည့် အတွက် ပျော်ရွှင်နေကြသည့် ဘရစ္စတိုးစီးတီးပရိတ်သတ်များက ကွင်းအတွင်းသို့ဝင်ရောက်လာခဲ့သောကြောင့် ရဲတပ်ဖွဲ့ဝင်များက တားဆီးခဲ့ရာမှ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ရဲတပ်ဖွဲ့တစ်ဦးဒဏ်ရာရခဲ့ကာ ပရိတ်သတ် ၁၂ ဦးအား ဖမ်းဆီးထိန်းသိမ်းထားသည်ဟုဆိုသည်။ တစ်မြို့တည်းတွင် အခြေစိုက်ကြသည့် အဆိုပါနှစ်သင်းတွင် ဘရစ္စတိုးစီးတီးအသင်းမှာ ပထမတန်းနှင့် ဘရစ္စတိုးရိုဗာအသင်းမှာ ဒုတိယတန်းတွင် ကစားနေသည့်အသင်းများဖြစ်ကြပြီး ပြိုင်ဆိုင်မှုပြင်းထန်သည့် ထိုနှစ်သင်းမှာ ၇ နှစ်အတွင်း ပထမဦးဆုံး တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

ဘရစ္စတိုးစီးတီးအသင်း၏ မန်နေဂျာဖြစ်သူ အို ဒရစ်စ္စခိုးလ်က ထိုကဲ့သို့ဖြစ်ပွားခဲ့ခြင်းမှာ အင်္ဂလန်ဘောလုံးလောကအတွက် ရှက်စရာဖြစ်ကြောင်း ပြိုင်ဆိုင်မှုပြင်းထန်ခြင်းကို လက်ခံနိုင်သော်လည် ရန်လိုခြင်းကိုမှု လက်မခံနိုင်ကြောင်း ပြောကြားခဲ့သည်။ Johnstone’s Paint  ရှုံးထွက်ဖလား ဘောလုံးပြိုင်ပွဲသည် အင်္ဂလိပ် ပထမတန်းနှင့် ဒုတိယတန်းမှ အသင်းများသာ ပါဝင်ယှဉ်ပြိုင်ရသည့်ပြိုင်ပွဲဖြစ်သည်။
__________________________________

အင်္ဂလိပ်ဘောလုံးလောကအား ပြောင်းလဲရမည်ဟု အက်ဖ်အေ အကြီးအကဲပြောကြား

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်အက်ဖ်အေ၏ ဥက္ကဌဖြစ်သူ ဂရက်ဒိုင်ကီက သိသာသောပြောင်းလဲမှုများမလုပ်ပါက အင်္ဂလန်မှာ ဘောလုံးလောကတွင် အားနည်းသောနိုင်ငံဖြစ်လာမည်ဟု ပြောကြားလိုက်သည်။

အက်ဖ်အေရုံးခန်း၌ ပြောကြားခဲ့သည့် အဆိုပါမိန့်ခွန်းတွင် အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ပရီးမီးယားလိဂ်နှင့် နာမည်ကြီးကလပ်အသင်းများအပေါ်တာဝန်ရှိကြောင်းပြောကြားခဲ့ပြီး လက်ရွေးစင်အသင်းပေါ် သူ၏ မျှော်လင့်ချက်နှင့် ကြောက်ရွံ့မှုတို့ကိုလည်း ထည့်သွင်းပြောကြားခဲ့သည်။ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အင်္ဂလန်အသင်းဗိုလ်စွဲနိုင်ရန်မျှော်လင့်နေသည့် ဒိုက်ကီက “အင်္ဂလိပ်ဘောလုံးလောကကနေ တောင့်တင်းတဲ့ အင်္ဂလန်အသင်းတစ်သင်းလိုအပ်ပါတယ်။ အသင်းကြီးတွေက နိုင်ငံခြားကစားသမားတွေနဲ့ ချန်ပီယံလိဂ်မှာအောင်မြင်တာဟာ သိပ်ကောင်းပါတယ်။ ဒါပေမယ့် အောင်မြင်တဲ့လက်ရွေးစင်အသင်းတစ်သင်းအဖြစ်တော့ အစားမထိုးနိုင်ပါဘူး။” ဟု သူက ပြောကြားခဲ့သည်။
__________________________________
အကောင်းဆုံးဘောလုံးသမားတွေထဲက တစ်ယောက်ကို ရီးယဲလ်က စွန့်လွှတ်လိုက်တာ နားမလည်နိုင်အောင်ပါပဲ (ဂျိုအာချင်းလို)

ဂျာမနီအသင်း၏ နည်းပြဖြစ်သူ ဂျိုအာချင်းလိုက ဂျာမန်လက်ရွေးစင်အလယ်တန်းလူ မီဆုအိုဇေးလ်အား ရီးယဲလ်မက်ဒရစ်ကရောင်းချလိုက်ခြင်းအပေါ် အံ့သြမိသည်ဟု ပြောဆိုလိုက်သည်။ ရီးယဲလ်မက်ဒရစ်အသင်းသည် အိုဇေးလ်အား အာဆင်နယ်အသင်းသို့ ပေါင် ၄၂ သန်းဖြင့် အပြောင်း အရွှေ့ဈေးကွက် နောက်ဆုံးနေ့တွင်ရောင်းချ လိုက်ခြင်းဖြစ်သည်။ အိုဇေးလ်မှာ ရီးယဲအသင်းတွင်သုံးနှစ်အတွင်း ၂၇ ဂိုးသွင်းယူပေးခဲ့ပြီး ရော်နယ်ဒိုသွင်းယူခဲ့သည့် ၂၇ ဂိုးအတွက်လည်း ဖန်တီးပေးပို့ခဲ့သူဖြစ်သည်။ ဂျိုအာချင်းလိုက ” ကမ္ဘာ့အကောင်းဆုံးတွေထဲကတစ်ယောက်ဖြစ်တဲ့ အိုဇေးလ်ကို ရီးယဲလ်က ထုတ်ရောင်းလိုက်တာဟာ ကျနော့်အတွက်တော့ နားမလည်နိုင်အောင်ပါပဲ။ အိုဇေးဟာ စွမ်းဆောင်ရည်မြင်မားပြီး ဆုံးဖြတ်ချက်ပြတ်သားတဲ့ ကစားသမားတစ်ဦးပါ” ဟု ပြောကြားခဲ့သည်။
__________________________________
အခွန်စာရွက်စာတမ်းများအား မမှန်မကန်ပြုလုပ်သည့် မက်ဆီ ယူရို ငါးသန်းပေးဆောင်ရမည်

ဘာစီလိုနာအသင်း၏တိုက်စစ်မှူး လီယွန်နယ်မက်ဆီမှာ အခွန်နှင့်ပက်သက်သည့်စာရွက်စာတမ်းများအား မမှန်မကန်ပြုလုပ်သည်ဟု စွပ်စွဲခံခဲ့ရပြီး စပိန်အာဏာပိုင်များအား ယူရို ၅ သန်းပေးဆောင်ရန် တရားရုံးက အမိန့်ချမှတ်လိုက်သည်ဟုသိရသည်။ ၂၀၀၆-၂၀၀၉ ခုနှစ် အတွင်းပေးဆောင်ရမည့် အခွန်ငွေယူရိုလေးသန်းကျော်ကို မပေးဆောင်ဘဲ စာရွက်စာတမ်းများ မမှန်မကန်ပြုလုပ်ခဲ့သည်ဟု စွပ်စွဲခံခဲ့ရသည့် မက်ဆီက အဆိုပါစွပ်စွဲမှုများအား ငြင်းဆိုလိုက်ပြီး မှားယွင်းစွာ လုပ်ဆောင်ခဲ့ခြင်းသာဖြစ်သည်ဟု ပြောဆိုခဲ့သည်။
__________________________________
ချယ်ဆီးတွင်သာဆက်နေရန် ဆုံးဖြတ်ခဲ့သည်ဟု လူးဝစ်ဆို

ချယ်ဆီးအသင်း၏နောက်ခံလူ ဒေးဗစ်လူးဝစ်က ဘာစီလိုနာအသင်းမှခေါ်ယူရန် ကမ်းလှမ်းခဲ့သော်လည်း ချယ်ဆီးအသင်းတွင်သာ ဆက်လက်ကစားရန် ဆုံးဖြတ်ခဲ့သည်ဟု ပြောဆိုလိုက်သည်။ ဘာစီလိုနာအသင်းသည် လူဝစ်အားခေါ်ယူရန် ယူရို ၂၅.၅ သန်းဖြင့်ကမ်းလှမ်းခဲ့သည်။ “ဘာစီလိုနာအသင်းက တရားဝင်ကမ်းလှမ်းခဲ့ပါတယ်။ ဒါပေမယ့် ကျနော်ချယ်ဆီးမှာနေဖို့ဆုံးဖြတ်ခဲ့တာပါ။ ချယ်ဆီလိုအသင်းကြီးမျိုးမှာကစားရတာ ပြီးတော့ နိုင်ငံအသင်းမှာ တိုင်းပြည်ကို ကိုယ်စားပြုခွင့်ရတာကို ကျနော် ပျော်ရွှင်မိပါတယ်။” ဟု လူးဝစ်က သတင်းထောက်များအားပြောကြားခဲ့သည်။
__________________________________
ဒေးဗစ်ဗီလာထွက်ခွာသွား၍ ၀မ်းနည်မိသည်ဟု ပက်ဒရိုဆို

ဘာစီလိုနာအသင်း၏ ကွင်းလယ်လူ ပက်ဒရိုက အသင်း၏တိုက်စစ်မှူးဟောင်း ဒေးဗစ်ဗီလာ အသင်းမှထွက်ခွာသွားသည်ကို ၀မ်းနည်းမိကြောင်းပြောဆိုလိုက်သည်။ ဗီလာမှာ ဘာစီလိုနာအသင်းတွင် သုံးနှစ်ကြာကစားခဲ့ပြီး အက်သလက်တီကိုမက်ဒရစ်အသင်းသို့ ယခုနှစ်နွေရာသီတွင်ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။ ပက်ဒရိုက “ဗီလာဟာ ကျနော့်အပေါ်သိပ်ကောင်းခဲ့ပါတယ်။ ကျနော့်ရဲ့အချိန်တွေကို သူနဲ့ကုန်ဆုံးခဲ့တာပါ။ ကွင်းပြင်မှာရော ကွင်းထဲမှာပါ ကျနော်သူ့ကို သတိရနေမှာပါ။ လက်ရွေးစင်အသင်းမှာ သူနဲ့ကျနော်တွေ့ဆုံရတာဟာ တော်တော်ကံကောင်းပါတယ်။ အက်သလက်တီကိုမှာ အရာအားလုံးအဆင်ပြေတယ်ဆိုတော့ ကျနော်ဝမ်းသာမိပါတယ်” ဟု ပြောကြားခဲ့သည်။
__________________________________
ချန်ပီယံဆုနှင့် လက်တစ်ကမ်းအကွာသို့ရောက်ရှိလာသည့် နာဒယ်လ်နှင့် ဂတ်စ်ကတ်

လက်ရှိကမ္ဘာ့အဆင့် ၂ စပိန်တင်းနစ်သမား ရာဖေးနာဒယ်လ်နှင့် ကမ္ဘာ့အဆင့် ၇ ရှိ ပြင်သစ်တင်းနစ်သမား ရစ်ချတ် ဂတ်စ်ကတ်တို့မှာ ကျင်းပလျက်ရှိသည့် ယူအက်စ်အိုးပင်းတင်းနစ်ပြိုင်ပွဲ ဆီမီးဖိုင်နယ်သို့တက်ရောက်သွားပြီဟု သိရသည်။

နာဒယ်လ်မှာ တစ်နိုင်ငံတည်းသား တွမ်မီ ရိုဘာဒိုနှင့် ယှဉ်ပြိုင်ရသည့် ကွာတားဖိုင်နယ်ပွဲစဉ်တွင် ၆-၀၊ ၆-၂၊ ၆-၂ ဖြင့် သုံးပွဲပြတ်အနိုင်ရရှိခဲ့ခြင်းဖြစ်သည် ရိုဘာဒိုမှာ ကွာတားဖိုင်နယ်တွင် ဂရန်းစလမ်း ဆုဖလားအား ၁၇ ကြိမ်ရရှိခဲ့သည့် နာမည်ကြီးတင်းနစ်သမား ရော်ဂျာဖက်ဒါရာအား ကွာတာဖိုင်နယ်တွင် ဖြုတ်ချနိုင်ခဲ့သူဖြစ်သည်။ ယူအက်စ်အိုးပင်းချန်ပီယံဖြစ်ရန်အတွက် လက်တစ်ကမ်းအလိုသို့ရောက်ရှိလာသည့် နာဒယ်လ်က “ကျနော်အရမ်းပျော်ပါတယ်။ ဒီပြိုင်ပွဲမှာ အကောင်းဆုံးကစားနိုင်ခဲ့တယ်လို့ကျနော်ထင်ပါတယ်။ နေ့စဉ်နဲ့အမျှ နည်းနည်းစီပိုကောင်းလာအောင် ကျနော်ကစားနေပြီး သိပ်ကိုကောင်းမွန်တဲ့ နှစ်တစ်နှစ်ပါပဲ။ ဆီမီးဖိုင်နယ်ရောက်လာရှိခဲ့တာကို ကျနော်ပျော်ရွှင်မိပါတယ်။” ဟု ပွဲအပြီးတွင် နာဒယ်လ်က ပြောကြားခဲ့သည်။

အခြားကွာတားဖိုင်နယ်ပွဲစဉ်တစ်ခုတွင် ပြင်သစ်တင်းနစ်သမား ရစ်ချတ်ဂတ်စ်ကတ်မှာ ကမ္ဘာ့ဆင့် ၄ ရှိ စပိန်တင်းနစ်သမား ဒေးဗစ်ဖာရာအား အကြိတ်အနယ်ကစားကာ အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ သုံးနာရီခွဲကြာမြင့်ခဲ့သည့် အဆိုပါပွဲစဉ်တွင် ဂတ်စ်ကတ်က ၆-၃၊ ၆-၁၊ ၄-၆၊ ၂-၆၊ ၆-၃ ဖြင့်အနိုင်ရရှိခဲ့သည်။ ယခုပွဲအနိုင်ရရှိမှုကြောင့် ဆီမီးဖိုင်နယ်သို့တက်ရောက်သွားသည့် ဂတ်စ်ကတ်မှာ ယူအက်စ်အိုးပင်းတင်းနစ်ပြိုင်ပွဲ ဆီးမီးဖိုင်နယ်သို့ ပထမဦးဆုံးရောက်ရှိခြင်းလည်းဖြစ်သည်။

ယူအက်စ်အိုးပင်းဆီမီးဖိုင်နယ်ပွဲစဉ်များကို လာမည့်စနေနေ့တွင်ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး ဆီမီးဖိုင်နယ်ပွဲစဉ် ၁ တွင် ရာဖေးလ် နာဒယ်လ်နှင့် ရစ်ချက် ဂတ်စ်ကတ်တို့ တွေ့ဆုံယှဉ်ပြိုင်ရမည်ဖြစ်သည်။
skysport
__________________________________
ယူအက်စ်အိုးပင်းဆီးမီးဖိုင်နယ်သို့ ပထမဦးဆုံးအကြိမ်တက်ရောက်လာခဲ့သည့် ပန်နက်တာ

တစ်ချိန်ကမ္ဘာ့အဆင့် ၁၀ အတွင်းဝင်ခဲ့ပြီး လက်ကောက်ဝတ်ဒဏ်ရာကြောင့် ကမ္ဘာ့အဆင့် ၃၈ သို့ကျဆင်းခဲ့ရသည့် အီတလီတင်းနစ်မယ် ဖာလဗီယာ ပန်နက်တာမှာ ယူအက်စ်အိုးပင်းတစ်နစ်ပြိုင်ပွဲ ဆီမီးဖိုင်နယ်သို့ တက်ရောက်သွားပြီဖြစ်သည်။ အသက် ၃၁ နှစ် အရွယ်ရှိပြီဖြစ်သည့် ပန်နက်တာမှာ တစ်နိုင်ငံတည်းသူ တင်းနစ်မယ် ရော်ဘက်တာ ဗင်ချီအား ၆-၄၊ ၆-၁ ဖြင့် နှစ်ပွဲပြတ်အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ ပွဲအပြီးတွင် ပန်နက်တာက “ပြိုင်ပွဲစတင်ခဲ့တဲ့ ပထမနေ့ကတည်းက ကျမဒီလိုအဆင့်ထိရောက်လိမ့်မယ်၊ ဆီမီးဖိုင်နယ်အကြောင်းပြောရမယ်လို့ မထင်မိခဲ့ပါဘူး။ လွန်ခဲ့တဲ့ခြောက်လလောက်က ကျမဟာ အကောင်းဆုံးမကစားနိုင်ခဲ့ပါဘူး။ နေ့တိုင်နေ့တိုင်း အလုပ်တွေလုပ်ဖို့အတွက် ကျမ ကြိုစားခဲ့ရပါတယ်။” ဟု ပြောကြားခဲ့သည်။

ယူအက်စ်အိုးပင်းအမျိုးသမီး ဆီမီးဖိုင်နယ်ပွဲစဉ်များကို မနက်ဖြန်တွင်ကစားမည်ဖြစ်ကာ ပထမပွဲစဉ်တွင် လက်ရှိချန်ပီယံ ဆရီနာဝီလီယံနှင့် တရုတ်တင်းနစ်မယ် လီနာတို့ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ ဆီမီးဖိုင်နယ် ဒုတိယပွဲစဉ်အဖြစ် ပန်နက်တာမှာ နိုင်ခြေအဆင့် ၂ ရှိ ဗစ်တိုးရီးယားအဇာရန်ကာနှင့် စလိုဗက်ကီးယားတင်းနစ်မယ် ဒန်နီယဲလ်လာ ဟန့်ချိုဗာတို့၏ ကွာတားဖိုင်နယ်ပွဲစဉ်မှ အနိုင်ရရှိသူနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

Leave a Reply