6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

စက်တင်ဘာ ၇၊ ၂၀၁၃
M-Media
အမ်တူးအေ

ဘာသာကြီး နှစ်ခုအကြား သဟဇာတရှိရေးအတွက် ဗုဒ္ဓဘာသာနှင့် အစ္စလာမ်ဘာသာအကြား ဆွေးနွေးသည့် “သင့်မြတ်သူများပွဲတော်”

565049_586517901390684_575443552_n

ရန်ကုန် ။ ။ ဘာသာကြီး နှစ်ခုအကြား သဟဇာတရှိရေးအတွက် ဗုဒ္ဓဘာသာနှင့် အစ္စလာမ်ဘာသာအကြား ဆွေးနွေးသည့် သင့်မြတ်သူများပွဲတော်ဆွေးနွေးပွဲကို ယနေ့ နေ့လည် ၁း၃၀-နာရီမှ ၄း၀၀-နာရီထိ ရန်ကုန်မြို့၊ ရွှေ္ဂဂုံတိုင်လမ်း၊ ဗဟန်းအားကစားကွင်းရှိ M-3 Food Center တွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲတွင် မလေးရှာနိုင်ငံမှ ဒေါက်တာ ချန်ဒရာမူဇာဗာ၊ အရှင် ဓမ္မာစရိယစာရ၊ ဒေါက်တာမြင့်သိန်းနှင့် စာရေးဆရာ ကိုတာ တို့မှ ပါဝင်ဆွေးနွေးခဲ့ကြပြီး၊ တက်ရောက်လာသူများမှ မေးမြန်းချက်များကို ဦးဆောင်ဆွေးနွေးသူများမှ ပြန်လည် ဖြေကြားပေးခဲ့ကြသည်။ ၎င်းဆွေးနွေးပွဲသို့ ဘာသာပေါင်းစုံမှ စုစုပေါင်း လူ ၄၀၀-ခန့် တက်ရောက်ခဲ့ကြသည်။

ဒေါက်တာ ချန်ဒရာမူဇာဗာမှ “ယနေ့ကမ္ဘာရဲ့ အကြီးကျယ်ဆုံးသော စိန်ခေါ်မှုကတော့ ကွဲပြားခြားနားတဲ့ နောက်ခံအခြေအနေနဲ့ ကွဲပြားမှု အမျိုးမျိုးရှိသူတွေအနေနဲ့ ဘယ်လိုမျိုးအတူတကွ နေနိုင်မလဲဆိုတာ ဆွေးနွေးကြဖို့လိုပါတယ်။ ကွဲပြားခြားနားမှုရှိတဲ့ လူ့အသိုင်းအ၀ိုင်းမှာ တင်းမာမှုတွေ၊ ပဋိပက္ခတွေ၊ အကြမ်းဖက်မှုတွေနဲ့ စစ်ပွဲတွေ ဖြစ်နေတာ မြင်ရမှာဖြစ်ပါတယ်။ ကွဲပြားခြားနားတဲ့ လူ့ဝန်းကျင်တစ်ခုမှာ ငြိမ်းချမ်းစွာအတူနေကြမယ်ဆိုတာနဲ့ပတ်သက်ပြီး ရိုးရိုးရှင်းရှင်းအဖြေတော့မရှိပါဘူး။ အခြေအနေတစ်ခုချင်းစီကို အသုံးပြုနိုင်တဲ့ ပုံသေနည်း၊ ဖော်မြူလာဆိုတာလည်း မရှိပါဘူး။ လူမျိုးဘာသာပေါင်းစုံ နေထိုင်ခဲ့ကြတဲ့အပေါ်မှာ မူတည်ပြီးတော့ ဘယ်လို ငြိမ်းချမ်းစွာနေထိုင်နိုင်မလဲဆိုတာ ဆန်းစစ်လေ့လာလို့ရပါတယ်။

လူ့အဖွဲ့အစည်းကြားမှာ ရိုသေလေးစားမှု (Respect)ပျက်စေတဲ့ အကြောင်းချင်းရာတစ်ခုကတော့ အမုန်းစကားတွေ၊ အမုန်းတရားတွေ၊ အမုန်းနဲ့ပတ်သက်တဲ့အကြောင်းတရားတွေ Hate Speech တွေ ပျံ့နှံ့နေခြင်းပဲဖြစ်ပါတယ်။ Hate speech ဟောပြောသွန်သင်ချက်တွေ ပျံ့နှံ့နေတဲ့ လူ့အသိုင်းဝိုင်းကြားမှာ တစ်ဦးနဲ့တစ်ဦး၊ တစ်ယောက်နဲ့တစ်ယောက် ဟန်ချက်ညီမှုဆိုတာ ရှာတွေ့ဖို့ ခဲယဉ်းမှာဖြစ်ပါတယ်။ ဒါကြောင့် တာဝန်ရှိတဲ့၊ တာဝန်သိတဲ့ အစိုးရတိုင်းက အမုန်းတရားတွေ မပြန့်ပွားစေဖို့ ခိုင်ခိုင်မာမာနဲ့ ချက်ချင်းလက်ငင်းနဲ့ အရေးယူဆောင်ရွက်လေ့ရှိတယ်ဆိုတာ တွေ့ရပါတယ်။ Hate speech တွေဟာ လူနည်းစုဆီကဖြစ်ဖြစ်၊ လူများစုဆီကဖြစ်ဖြစ်၊ ဘယ်နေရာကလာသည်ဖြစ်ဖြစ် အစိုးရအနေနဲ့ တိတိကျကျ အရေးယူဆောင်ရွက်ရမှာဖြစ်ပါတယ်။ အဲလို အမုန်းပွားစေတဲ့ အကြောင်းအရာတွေကို ထိထိရောက်ရောက်နဲ့ ချက်ချင်း အရေးယူရာမှာ ကျွန်တော်တို့ အရှေ့တောင်အာရှမှာ နမူနာယူရမယ့်နိုင်ငံတစ်ခုက စင်ကာပူအစိုးရဖြစ်ပါတယ်။ တစ်ဦးနဲ့တစ်ဦး ပုတ်ခတ်ခြင်း၊ နိမ့်ကျသေးသိမ်အောင် ပြုလုပ်ခြင်းတို့ မရှိအပ်ပဲ တစ်ဦးနဲ့တစ်ဦး လေးစားမှုရှိရမှာဖြစ်ပါတယ်။

လူမှုဆက်ဆံရေး အလေ့အထတွေမှာ အလေးထားမှုဆိုတာ ပါဝင်မနေရင် ကျွန်တော်တို့ လူ့အဖွဲ့အစည်းကြားမှာ ယုံကြည်မှု၊ လေးစားမှု ပျက်စီးသွားမှာဖြစ်ပါတယ်။ အတိုချုံးကြည့်မယ်ဆိုရင် လူ့အဖွဲ့အစည်းတစ်ခု နိုင်ငံတစ်ခုမှာ အတိုင်းအတာတစ်ခုထိ ဟန်ချက်ညီမှု၊ ငြိမ်းချမ်းမှုအတွက် အရေးကြီးတဲ့အကြောင်းအချက် ၃-ခုက လူ့အခွင့်အရေး၊ တာဝန်ယူမှု၊ အလေးထားမှု ဆိုတာကို အလေးအနက်ပြုဖို့ လိုပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။

အရှင် ဓမ္မာစရိယစာရ မှ မိန့်ကြားသည်မှာ “မတူကွဲပြားမှုများနှင့် လက်တွဲနေထိုင်ကြခြင်းဆိုတဲ့အကြောင်းကို ပြောမှာပါ။ ဂျာနယ်တွေ၊ သတင်းစာတွေရဲ့အဆိုရ မြန်မာပြည်မှာ လူဦးရေ သန်းပေါင်း(၆၄)သန်းနဲ့ လူမျိုးနွယ်စုပေါင်း (၁၃၅)လို့ ဆိုထားပါတယ်။ အဲလို မတူညီတာတွေမှာ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ အနုပညာရေး စတဲ့နယ်ပယ်အသီးသီးမှာ မတူညီကြတဲ့အတွက် ပြဿနာတွေရှိနေတာဟာ အရင်ကလည်းရှိခဲ့တယ်၊ အရှိလည်းရှိဆဲ၊ နောင်လည်း ရှိဦးမှာပဲ။ ရခိုင်နဲ့ မိတ္ထီလာမှာဖြစ်ခဲ့တဲ့ ရုပ်ပျက်ဆင်းပျက်ပြဿနာတွေ ဘာကြောင့်ဖြစ်ခဲ့ရတာလဲ။ လူ့တန်ဖိုးကို ပိုပြီးတော့ တန်ဖိုးထားကြတဲ့ ခေတ်ကာလကြီးမှာ အတိတ်က ဆိုးဝါးတဲ့ဖြစ်ရပ်တွေ ဘာကြောင့်ဖြစ်နေရတာလဲ။ ပြဿနာမဟုတ်တာကို ကြံဖန်လုပ်ကြလို့ ပြဿနာတွေ ပိုကြီးထွားလာရတာပါ။ ပြဿနာဆိုတာဟာ နားလည်မှုလွဲတာက စပါတယ်။

နားလည်မှုလွဲတာက မိမိတို့ရဲ့ လောဘတွေ၊ ဒေါသတွေကို ရှေ့တန်းတင်ခဲ့ကြလို့၊ လူလူချင်း အပြန်အလှန် မလေးစားကြလို့၊ စည်းကမ်းမရှိကြလို့၊ တရားဥပဒေ စိုးမိုးမှု မရှိလို့ဖြစ်ပါတယ်။ ပြည်သူအချင်းချင်းကြားမှာ မယုံကြည်မှုတွေ ဖြစ်လာရင် နောင်လာမယ့် အနာဂတ်ဟာ ကောင်းဖို့ လမ်းမမြင်ပါဘူး။ အဲလိုတွေမဖြစ်အောင် ယုံကြည်မှု တည်ဆောက်ကြရပါမယ်၊ ဥပဒေကို လေးစားရပါမယ်။ တစ်ဦးနဲ့တစ်ဦး အပြန်အလှန် အသိအမှတ်ပြုရပါမယ်။ လွတ်လပ်စွာ ကိုးကွယ်ခွင့်၊ လွတ်လပ်စွာ ပြောဆိုခွင့်၊ လွတ်လပ်စွာတွေးခေါ်ခွင့်တွေ လူတိုင်းမှာ ရှိပြီးသားဖြစ်လို့ ဥပဒေအထက်မှာ စစ်တပ်တစ်ခုသော်လည်းကောင်း၊ လူတစ်စုသော်လည်းကောင်း၊ ပါတီတစ်ခုသော်လည်းကောင်း၊ လူမျိုးတစ်မျိုးသော်လည်းကောင်း၊ ဘာသာတစ်ရပ်သော်လည်းကောင်း ရှိမနေရပါဘူး။ ဥပဒေအောက်မှာ ဗမာဟာ တစ်ကျပ်ရလိမ့်မယ်ဆိုရင်၊ ကရင်လည်းတစ်ကျပ်၊ ကယားလည်းတစ်ကျပ်၊ ကချင်လည်းတစ်ကျပ်၊ အားလုံးတစ်ကျပ်ရ ရပါမယ်။ ဘိန်းစားချင်းအတူတူ တစ်မူး ပိုမရှူချင်ကြပါနဲ့။ လူသားချင်းအတူတူ တန်ဖိုးထားရပါမယ်။

ဘုရားရှင်ကိုယ်တော်မြတ်ကြီးက ဟောကြားထားတယ်။ လောကမှာကောင်းတာလုပ်ရင် ကောင်းတဲ့အကျိုး၊ မကောင်းတာလုပ်ရင် မကောင်းတဲ့အကျိုး ရပါလိမ့်မယ်။ မနာလို ၀န်တိုစိတ်မထားပါနဲ့။ ကိုယ့်ထက်သာ မနာလိုတဲ့ ၀န်တို မစ္ဆိယစိတ်ကြောင့် မြန်မာပြည်ဟာ အောက်တန်းနောက်တန်းကျခဲ့ရတာပါ။

ဘုရားရှင်ကိုယ်တော်မြတ်ကြီးက ရဟန်းတွေကို ဆုံးမခဲ့ပါတယ်။ သူတစ်ပါးကို စကားပြစ်တင် မဆိုပါနှင့်။ ကိုယ် နှုတ် ဥစ္စာတို့ကို မနှိပ်စက်ပါနှင့်။ လောကပါလတရား ၂-ပါး ရှိပါတယ်။ “လို့ ထည့်သွင်း မိန့်ကြားခဲ့ပါတယ်။

ဒေါက်တာမြင့်သိန်းမှ “မြန်မာနိုင်ငံမှာ ဟိုးယခင်ကတည်းက အစ္စလာမ်ဘာသာဝင်တွေဟာ ပသီအဖြစ်နဲ့ ရှိခဲ့တာ ကျောက်စာတွေအရ အထင်အရှားပါ။ မြန်မာနိုင်ငံလို့ပေါ်ပေါက်လာ ကတည်းက ဗုဒ္ဓဘာသာ၊ ခရစ်ယာန်၊ အစ္စလာမ်၊ ဟိန္ဒူ၊ နတ်ကိုးကွယ်တာ ဒါတွေဟာ မြန်မာနိုင်ငံရဲ့ သာသနာတော်တွေပါ။ ဒီနေ့ ဒီမိုကရေစီခေတ် ဖွဲ့စည်းခါစပဲရှိသေးတယ်။ မင်းမပါဘူး။ ငါမပါဘူနဲ့ ဆိုတာဟာ မဖြစ်သင့်ဘူး။ အမိမြန်မာနိုင်ငံမှာ လူမျိုး ၁၃၅ မျိုးဆိုတာဟာ ၁၉၇၃-ခုနှစ်စာရင်းမှာ တိုင်းရင်းသားလူမျိုး ၁၄၄-မျိုးရှိတယ်။ ၁၉၈၂-ခုနှစ် နိုင်ငံသားဥပဒေ အာဏာပြင်ဆင်တဲ့အခါမှာ ၉-န၀င်းချေတဲ့အနေနဲ့ တိုင်းရင်းသား ၉-မျိုးကို မည်သူ့သဘောထားဆန္ဒမျှ မပါပဲ ဖြုတ်ပြစ်ခဲ့တာကြောင့် ၁၃၅-မျိုးပဲ ကျန်တော့တာ။

ကံ ကံ၏အကျိုးတရားကို ယုံကြည်ပါ။ ပြည်သူတွေကို၊ အခြားဘာသာတွေကို ညှဉ်းပန်းနေမယ်၊ ဒုက္ခတွေပေးနေမယ်ဆိုရင် ဘယ်သူမဆို ကံ ကံ၏အကျိုးတရားက မကြာခင် ကိုယ်ပဲ ဒုက္ခရောက်မယ်ဆိုတာ ပြောရင်း နိဂုံးချုပ်ပါတယ်။”လို့ သူ၏ ဟောပြောမှုမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

တဖန် စာရေးဆရာ ကိုတာမှလည်း ဗုဒ္ဓဘာသာတရားတော်နှင့်အညီ နေထိုင်ကြရန် အစွန်းရောက်မှုမရှိအောင် နေထိုင်ကြရန်ကို ဓမ္မတရားနှင့် အညီ ထည့်သွင်းပြောကြားခဲ့ပါတယ်။ လူမျိုးရေး၊ ဘာသာရေးအရ သင့်မြတ်စွာနေထိုင်ကြဖို့ အထူးလိုအပ်ကြောင်းနဲ့ သင့်မြတ်စွာနေဖို့အဆင့်များ၊ သီလနဲ့ညီတဲ့ စိတ်ကူးကို စိတ်ကူးကြဖို့ကိုလည်း ပြောကြားပြီး ဆိုရှယ်မီဒီယာတွေမှာလည်း မဟုတ်တဲ့ ဒေါသတွေမလုပ်ကြပါနဲ့ မဖျက်ဆီးကြပါနဲ့ဟုလည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

ထို့နောက် တက်ရောက်လာသူများ၏ မေးခွန်းများကို ဦးဆောင်ဆွေးနွေးသူများမှ ပြန်လည်ဖြေကြားဆွေးနွေးပေးခဲ့ကြပါတယ်။

အဆိုပါ သင့်မြတ်သူများပွဲတော် ဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများမှာ ဗုဒ္ဓဘာသာနှင့် အစ္စလာမ်ဘာသာဝင်အများစု တက်ရောက်ကြပြီး ခရစ်ယာန်ဘာသာဝင်များလည်း တက်ရောက်ခဲ့ကြောင်း သိရသည်။

Leave a Reply