6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ပဲရစ်၊ ပြင်သစ်နိုင်ငံ — စက်တင်ဘာ ၂၁တွင် ပြင်သစ်ဆီးနိတ်လွှတ်တော်၌ ဘူရ်ကာခြုံလွှာပိတ်ပင်ရေးကိစ္စ မဲခွဲရန် မျှော်မှန်းထားကြောင်း စီအင်အင်သတင်းတစ်ရပ်က ဖော်ပြသည်။ ထိုပိတ်ပင်ရေးတွင် မျက်နှာကိုဖုန်းထားခြင်းမျိုးသာ

မက ခန္ဓာကိုယ်တစ်ခုလုံးအားဖုန်းထားခြင်းမျိုးများကိုပါ အကြုံးဝင်စေမည်ဖြစ်သည်။ ထိုသို့ဖုန်းအုပ်ထားခြင်းကို အချို့သောမွတ်စလင်အမျိုးသမီးများက ပြုလုပ်ဆောင်ရွက်ကြခြင်းဖြစ်သည်။

ထိုပိတ်ပင်ရေးကိစ္စကို လွန်ခဲ့သည့်ဂျူလိုင်လက ပြင်သစ်အောက်လွှတ်တော်ပါလီမန်တွင် အတည်ပြုထားပြီးလည်းဖြစ်သည်။ “Pew Global Attitudes Project” ဟုအမည်ပေးထားသော ယခုနှစ်နွေဦးကာလတွင်ကောက်ခံခဲ့သည့် စစ်တမ်းတစ်ရပ်တွင်မူ ပြင်သစ်ရှိ လူလေးဦးတွင် တစ်ဦးထက်မနည်းသောအရေအတွက် ဘူရ်ကာပိတ်ပင်ရေးလိုလားကြောင်း ဖော်ပြထားသည်။ ၈၂ ရာနှုန်းက ပိတ်ပင်ရေးလိုလားကြပြီး ၁၇ ရာနှုန်းသာ ကန့်ကွက်ကြောင်းသိရသည်။ ထိုသို့ကန့်ကွက်မှုမှာ စစ်တမ်းကောက်ခံခဲ့သည့် နိုင်ငံငါးခုတွင် အကျယ်ပြန့်ဆုံးကန့်ကွက်မှုလည်းဖြစ်သည်။

ဂျာမနီ၊ ဗြိတိန်နှင့် စပိန်တို့တွင်လည်း အလားတူစစ်တမ်းကောက်ခဲ့ရာ အများစု ပိင်ပင်ရေးလိုလားကြောင်းဖော်ပြသော်လည်း အမေရိကန်တွင်မူ လူသုံးဦးတွင် တစ်ဦးသာပိတ်ပင်ရေးလိုလားကြောင်း အဆိုပါစစ်တမ်းအရသိရသည်။

ပြင်သစ်နိုင်ငံ ၀န်ကြီးများကောင်စီက မေလတွင်ပြုလုပ်ခဲ့သည့် ဘူရ်ကာပိတ်ပင်ရေးအတည်ပြုချက်ကို ပါလီမန်သို့တင်သွင်းပြီးလည်းဖြစ်သည်။ ယင်းအတည်ပြုချက်တွင် မျက်နှာကို ဖုန်းအုပ်ထားခြင်းသည် လူအများစုနှင့်ဆိုင်သော နေရာဋ္ဌာနများ၌ သည်းခံနိုင်လောက်ဖွယ် အပြုအမူမဟုတ်ကြောင်းဖော်ပြထားသည်။

ပါလီမန်၏မဲခွဲဆုံးဖြတ်မှုမှာ ပြင်သစ်နိုင်ငံ၏ ဘူရ်ကာအပါအ၀င် နိကာပ်နှင့်အခြားသော အမျိုးသမီးများ၏မျက်နှာကို ဖုန်းအုပ်သည့် မွတ်စလင်အ၀တ်အထည်အားလုံးကို ပိတ်ပင်ရန်ကြိုးပမ်းမှု နောက်ဆုံးအဆင့်ဖြစ်သည်။

အကယ်၍ ပြင်သစ်အထက်လွှတ်တော်ကသာ အတည်ပြုခဲ့ပါသော် ဥရောပနိုင်ငံများတွင် ပထမဦးဆုံး ဘူရ်ကာကို ပိတ်ပင်သည့်နိုင်ငံအဖြစ်ရပ်တည်လာမည်ဖြစ်ကြောင်းလည်းသိရသည်။

ပြင်သစ်နိုင်ငံတွင် ၃.၅ မီလီယံလူဦးရေမှာ မွတ်စလင်များဖြစ်ပြီး တစ်နိုင်ငံလုံး၏ ၆ ရာခိုင်နှုန်းဖြစ်သည်။

Leave a Reply