6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

အောက်တိုဘာ- ၃၀ ၂၀၁၃
M-Media

Sheikh Abdul Aziz Al-Asheikh

ဆီးရီးယားအာဏာရှင် ဘာရှာအလ်အာဆတ် အစိုးရအား ဖြုတ်ချရန်အတွက် အတိုက်အခံများအား ကူညီရန် ကမ္ဘာ့တစ်ဝှမ်းရှိ မွတ်စလင်လူငယ်များ ဆီးရီးယားသို့သွားရောက်ကာ အတိုက်အခံများဘက်မှ ကူညီတိုက်ခိုက်ပေးနေသော်လည်း ဆော်ဒီ လူငယ်များအနေဖြင့် ဆီးရီးယားသို့ မသွားရန် ဆော်ဒီအာရေဗျ ဘုရင့်နိုင်ငံ၏ အစ္စလာမ့်ဓမ္မသတ်မှူးချုပ် ရှိုင်းခ် အဗ်ဒုလ် အဇီးဇ် အလ် အရှ်ရှိုင်းခ် က တိုက်တွန်းပြောကြားခဲ့သည်။

“ဒါ (ဆီးရီးယားသို့ သွားရောက်ပူးပေါင်းမှု) ဟာ လုံးဝကို မှားယွင်းပါတယ်။ မလုပ်မနေရ ၀တ္တရားမဟုတ်ပါဘူး။ ဒီစစ်ပွဲဟာ ဂိုဏ်းဂဏ ရန်ငြှိုးတွေကြောင့်သာဖြစ်ပြီး၊ မွတ်စလင် လူငယ်တွေ မသွားသင့်ပါဘူး။ အဲဒီကိုသွားဖို့ ကျွန်တော် အကြံ မပြုလိုပါဘူး” ဟု ဆော်ဒီ လူငယ်များ ဆီးရီးယားသို့ သွားရောက် တိုက်ခိုက်ခြင်းနှင့် ပတ်သက်ပြီး ဆော်ဒီမွဖ်သီချုပ် ရှိုင်းခ် အဗ်ဒုလ် အဇီးဇ် အလ် အရှ်ရှိုင်းခ်  က ပြောကြားခဲ့သည်ဟု al-Hayat နေ့စဉ် သတင်းစာတွင် ဖော်ပြခဲ့သည်။

ထို့ပြင် မိမိမကျွမ်းကျင်သည့်၊ အတွေ့အကြုံမရှိသည့် ဒေသတစ်ခုသို့ သွားရောက်ခြင်းမှာ ထိုဒေသတွင် ရှိနေသူများအား ၀န်ထုပ်ဝန်ပိုးဖြစ်စေကြောင်း၊ ထိုဒေသရှိ လူများလိုချင်သည့်အရာမှာ ဒိုအာ တောင်းဆုသာဖြစ်ကြောင်း မွဖ်သီချုပ်က ထည့်သွင်းပြောကြားခဲ့သည်။

အာဆတ်ဦးဆောင်သည့် အစိုးရတပ်များနှင့် အတိုက်အခံများအကြား ဖြစ်ပွား နေသည့် အဆိုပါစစ်ပွဲမှာ ၂ နှစ်နီးပါး ကြာမြင့်နေပြီဖြစ်ပြီး ထိုစစ်ပွဲကြောင့် လူပေါင်း တစ်သိန်းနီးပါး သေဆုံးခဲ့ပြီဖြစ်သည်။ ထို့ပြင် စစ်ပွဲကြောင့် ဆီးရီးယားနိုင်ငံသား ၁ သန်းကျော် ထွက်ပြေးခဲ့ရပြီး အိမ်နီးချင်းနိုင်ငံများ၌ ခိုလှုံနေရကာ၊ နောက်ထပ် ၂ သန်းကျော်မှာလည်း ဆီးရီးယားနိုင်ငံ အတွင်းတွင် အိုးအိမ်များကို စွန့်ခွာကာ ထွက်ပြေးတိမ်းရှောင် နေရသည်။

ပြီးခဲ့သည့် ဇွန်လက အာရပ်ကမ္ဘာတစ်ဝှမ်းရှိ မွတ်စလင်ပညာရှင်များက အလ်အာဆတ်ပေါ် ဂျီဟတ်စစ်ပွဲစစ်ပွဲရန် တိုက်တွန်းခဲ့ကြပြီး၊ အာဏာရှင် ဆန့်ကျင်ရေး စစ်ပွဲမှာ အစ္စလာမ့်စစ်ပွဲအဖြစ် ကြေညာခဲ့သည်။ ထိုကြေညာချက်အပြီးတွင် မွတ်စလင်နိုင်ငံများမှ လူငယ်များမှာ အာဆတ်၏ အစိုးရတပ်များအား တိုက်ခိုက်ရန်အတွက် ဆီးရီးယားသို့ သွားရောက်ခဲ့ကြသည်။

သို့သော်လည်း ဆော်ဒီမွဖ်သီချုပ်က လူငယ်များအား ဆီးရီးယားတွင်း သွားရောက် တိုက်ခိုက်ရန် တိုက်တွန်းဟောကြားနေသည့် မွတ်စလင် တရားဟောဆရာများအား သတိပေးပြောဆိုခဲ့သည်။

“မွတ်စ်လင်တွေဟာ အလ္လာဟ်အရှင်မြတ်ကို အကြောက်တရားထားရှိရပါမယ်။ ပြီးတော့ မွတ်စ်လင်မ်လူငယ်တွေရဲ့ အသိအမြင်နည်းမှုနဲ့အားနည်းချက်တွေအပေါ် လှည့်ဖြားအမြတ်ထုတ်ပြီး ချောက်ထဲတွန်းချတာမျိုး မလုပ်အပ်ပါဘူး။ တရားဟောပြောသူတွေက လူငယ်တွေကို မိမိတို့ရဲ့ရင်သွေးငယ်တွေလိုသဘောထားပြီး လမ်းညွှန်ပေးကြဖို့ ကျွန်တော် အကြံပြုလိုပါတယ်” ဟု ဆော်ဒီမုဖ်သီချုပ်၏မိန့်ကြားချက်ကို တနင်္လာနေ့သတင်းစာတွင် ဖော်ပြခဲ့သည်

Ref: OnIslam

—————————————-
** M-Media ၏ မူပိုင် သတင်း/ဆောင်းပါးများကို အွန်လိုင်းမီဒီယာများတွင် မည်သူမဆို လွတ်လပ်စွာကူးယူဖော်ပြနိုင်ပါသည်။ ကူးယူဖော်ပြသူများအနေဖြင့် M-Media မူရင်းလင့်ခ်ကို ထည့်ပေးဖို့ မေတ္တာရပ်ခံအပ်ပါသည်။
စီးပွားဖြစ် ထုတ်ဝေသော Print Media များတွင် အသုံးပြုလိုသူများ M-Media သို့ ခွင့်ပြုချက်တောင်းရန် လိုအပ်ပါမည်။
ဆက်သွယ်ရန် [email protected]

Leave a Reply