6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

နိုဝင်ဘာ ၄၊ ၂၀၁၃
M-Media
ဘာသာပြန်- မြင့်မိုရ်မောင်မောင်

20131136475110734_20

ဆယ်စုနှစ်များစွာ မကောင်းမြင်အောင်ပုံဖော်၍ ဖိနှိပ်ခံထားရသော လူနည်းစုမြန်မာမွတ်စ်လင်မ်တို့မှာ နှုတ်ပိတ်တိတ်ဆက်လျက်ရှိသည့်မီဒီယာအကြားဝယ် အကြမ်းဖက်လှိုင်းသစ်တစ်ရပ်ကို ရင်ဆိုင်နေရ၏။

လူ့အခွင့်အရေး၊ အကြမ်းမဖက်ရေး နှင့် ပြန်လည်ရင်ကြားစေ့ရေး၌ ကမ္ဘာ့အထင်ရှားဆုံးရုပ်လုံးတစ်ခုဖြစ်လျက်ရှိသူ ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာပြည်၏ အစ္စလာမ်ကြောက်ဗုဒ္ဓဘာသာလောကသို့ တိုးဝင်ခဲ့ပေပြီ။ Today အမည်ရှိ BBC ၏ အထူးတင်ဆက်မှုအစီအစဉ်၌ ပြည်သူနှင့် ဘုန်းကြီးများ အပါအ၀င် ဗုဒ္ဓဘာသာဝင်တို့၏ စံနစ်တကျ အကြမ်းဖက်မှု လှိုင်းလုံးများ နှင့် နာဇီဆန်ဆန် အမုန်းဝါဒဖြန့်မှုများကို အပြန်အလှန် အကြမ်းဖက်မှု အဖြစ် သူမက ပုံဖော်ကာ ဗုဒ္ဓဘာသာဝင် မြန်မာများသည် ကမ္ဘာအနှံ့ မွတ်စ်လင်မ်သြဇာ ကြီးထွားမြင့်မားနေမှု အပေါ် စိုးရိမ်ကြောက်ရွံ့နေခြင်းကြောင့်ဖြစ်ကြောင်း ဆိုလိုက်သည်။

ထင်ရှားသောအတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ “အကြောက်တရားမှလွတ်မြောက်ရေး” အတွေးအမြင်ကို မြန်မာပြည်သာမက ကမ္ဘာတစ်ဝှန်းကပင် ချီးကျူးလေးစားခဲ့ကြသည်။ သို့သော် ယခုအခါ သူမကိုယ်တိုင်က အခြားအကြောက်တရားတစ်မျိုးဖြစ်သည့် Islamophobia ခေါ် “ အစ္စလာမ်ကို အမြင်မှားကြောက်ရွံ့မှု ” ထဲသို့ မြုပ်ဝင်သွားပုံရလေသည်။

လက်ရှိအကြမ်းဖက်လှိုင်းလုံးများသည် အပြန်အလှန်အကြမ်းဖက်မှု ဖြစ်ရန်နေနေသာသာ နိုင်ငံ့လူဦးရေ သန်း ၆၀ အနက် ၁.၃ သန်းရှိ ရိုဟင်ဂျာမွတ်စ်လင်မ်တို့အား မျိုးသုဉ်းရှင်းလင်းရေးလုပ်နေသည်ကို တစစဖြင့် အမှန်တရား ပေါ်လွင်လာလျက်ရှိနေသည်။ ဤသည်မှာ London-based Equal Rights Trust သုတေသနကောလိပ်မှ သုံးနှစ်တာလေ့လာမှုအပြီး ကျွန်ုပ်၏ ကောက်ချက်ချမှုပင် ဖြစ်ပါသည်။

သမိုင်းနှင့်ချီသော မျိုးသုဉ်းရှင်းလင်းမှု
————————————–
စစ်တပ်ချုပ်ကိုင်ထားသည့် မြန်မာနိုင်ငံအနောက်ပိုင်း အာရကန်ပြည်နယ်(ယခုအခေါ် ရခိုင်ပြည်နယ်)၌ ၁၉၇၈ ခုနှစ်၊ ဖေဖော်ဝါရီလတွင် စစ်ဆင်ရေးကြီးတစ်ရပ်ကို ပထမဆုံး ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်ခဲ့သည်။ လူပေါင်း နှစ်သိန်းလေးသောင်းခန့်မှာ အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းသို့ နယ်နှင်မောင်းထုတ်ခံရသည်။ ဤသည်ကား အနောက်တိုင်းမှ အစွန်းရောက်အစ္စလာမ်တို့ကိုပြုလုပ်သည့် “War on Terror” မတိုင်မှီကတည်းက ဖြစ်စဉ်တည်း။ မွတ်စ်လင်မ်များအပါအ၀င် လူများစုဗမာလူမျိုးတို့က “အမေစု” ဟုခေါ်တွင်နေသော အောက်စ်ဖို့ဒ် တက္ကသိုလ်ထွက် ငြိမ်းချမ်းရေးနိုဗယ်လ်ဆုရှင်သည် “မွတ်စ်လင်မ်တို့၏သြဇာမြင့်တက်ကြီးထွားလာခြင်း” ဟူသည့်စကားလုံးကို အလျောက်ပတ်ဆုံးဆင်ခြေအဖြစ် အသုံးပြုလိုက်လေသည်။

မတူညီသောနောက်ခံအနေအထားရှိကြသည့် ဗုဒ္ဓဘာသာမြန်မာများ နှင့် မွတ်စ်လင်မ်များသည် အချင်းချင်း ကြောက်ရွံ့စိုးရိမ်နေကြသည်ဟု ဒေါ်အောင်ဆန်းစုကြည်က လွဲမှားစွာ ယှဉ်တွဲသုံးသပ်ခဲ့သည်။ မွတ်စ်လင်မ်တို့မှာ မီးရှို့သတ်ဖြတ်ခံရခြင်း၊ ပျက်လိုပျက်ဆီးပြုခံရခြင်း၊ အဓမ္မဌာနီစွန့်ခွာစေခြင်း စသော လက်တွေ့မျက်တွေ့အချက်များကို သူမမှ လုံးလုံးလျားလျား လျစ်လျူရှုလိုက်ကြောင်း ပေါ်လွင်နေပေသည်။ ရခိုင်ပြည်နယ်အတွင်း အိုးမဲ့အိမ်မဲ့ဖြစ်သွားသော လူတစ်သိန်းလေးသောင်းကျော်အပါအ၀င် အကြမ်းဖက်ခံသားကောင်များ၏ ၉၀ ရာခိုင်နှုန်းမှာ ရိုဟင်ဂျာ နှင့် အခြားမွတ်စ်လင်မ်တို့ ဖြစ်ကြ၏။ ပြည်တွင်းရှိ မြို့၁၁ မြို့အသီးသီးသို့ မွတ်စ်လင်မ်ဆန့်ကျင်ရေးအကြမ်းဖက်မှုများ ပြန့်နှံ့ခဲ့ရာ သေဆုံးသူမွတ်စ်လင်မ်ဦးရေ ၁၀၀၊ ဌာနေပျောက်သူမွတ်စ်လင်မ်ဦးရေ ၁၂၀၀၀၊ ဖျက်ဆီးခံမွတ်စ်လင်မ်အိမ်ခြေ ၁၃၀၀ နှင့် ဖျက်ဆီးခံဗလီဝတ်ကျောင်း ၃၇ လုံး ရှိနေပြီဖြစ်သည်။

၁၉၉၀ ခုနှစ်ကတည်းက ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ရိုဟင်ဂျာမွတ်စ်လင်မ်တို့မှာ လုံခြုံရေးတင်းကြပ်ထားသည့် နယ်မြေများအတွင်း ပိတ်လှောင်ခံထားရသည်။ ခရီးသွားလာခွင့်ဆိုင်ရာ ပြင်းထန်သောကန့်သတ်ချက်များ၊ ကျန်းမာရေးစောင့်ရှောက်မှုပြည့်ဝစွာမရအောင် ကာဆီးမှုများ၊ ပညာရေးနှင့်အလုပ်အကိုင် မရရှိစေမှုများ ကြုံခဲ့ရသည်။ နိုင်ငံလုံခြုံရေးတပ်ဖွဲ့တို့၏လက်အောက်ဝယ် လိင်စော်ကားမှုများ၊ အပြစ်ရှာစွပ်စွဲမတရားစီရင်ခြင်းများ၊ အဓမ္မစေခိုင်းမှုများ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ စသည့် ညှင်းပန်းရက်စက်မှုများမှာ အထိန်းအကွပ်မဲ့ တိုးပွားလျက် ရှိသည်။

ထိမ်းမြားခြင်းနှင့်မီးဖွားခြင်းဆိုင်ရာ တင်းကြပ်ကန့်သတ်မှုများကြောင့် ရိုဟင်ဂျာကလေးငယ် ခြောက်သောင်းကျော်မှာ မြန်မာအစိုးရ၏အသိအမှတ်ပြုခြင်းကို မရရှိကြ (၀ါ) နိုင်ငံသားစာရင်း အသွင်းမခံကြရ။ ကလေးသူငယ်များဆိုင်ရာအခွင့်အရေးကို ချိုးဖောက်လျက် အခြေခံပညာသင်ယူခွင့်ကိုလည်း မပေးခဲ့ကြချေ။ မြန်မာသည် အာရှတိုက်အတွင်း စာတတ်မြောက်မှုနှုန်း အမြင့်ဆုံးနိုင်ငံစာရင်း၌ ပါဝင်နေသော်လည်း အရွယ်ရောက်ပြီး ရိုဟင်ဂျာ ၈၀ ရာခိုင်နှုန်းမှာ စာပေမတတ်မြောက်ကြသည်မှာ အံ့အားသင့်စရာပင်။ ဆေးဝါးကုသခွင့်ရရှိမှုနှင့်စပ်လျဉ်း၍ လူနာ ၃၇၅ ဦးလျှင် ဆရာဝန်တစ်ဦးနှုန်းဆိုသည့် နိုင်ငံတော်ပျမ်းမျှအချိုးနှင့်နှိုင်းယှဉ်ကြည့်သောအခါ ရိုဟင်ဂျာမွတ်စ်လင်မ်တို့အကြား လူနာ ၇၅၀၀၀ လျှင် ဆရာဝန်တစ်ဦး၊ ရိုဟင်ဂျာအများစုရှိရာဒေသများတွင် လူနာ ၈၃၀၀၀ လျှင် ဆရာဝန်တစ်ဦးနှုန်း ဖြစ်နေသည်ကိုတွေ့ရ၏။

လူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့ HRW မှဆိုထားသော မျိုးသုဉ်းရှင်းလင်းခြင်း နှင့် လူ့အခွင့်အရေးချိုးဖောက်ရာဇ၀တ်မှုများမှာ မြန်မာနိုင်ငံ၌ မရှိကြောင်း ဒေါ်စုကြည်မှ ငြင်းဆိုလိုက်သဖြင့် အပြည်ပြည်ဆိုင်ရာ၏စောင့်ကြည့်အကဲခတ်မှု ပိုမို ကြီးမားသွားစေသည်။ မြန်မာပြည်လူဦးရေစုစုပေါင်း၏ ၄ ရာခိုင်နှုန်းမျှသာရှိနေသော လူနည်းစုမွတ်စ်လင်မ်တို့အား လူမျိုးရေးအကြမ်းဖက်မှုများအပေါ် တမင်ရေငုံနှုတ်ပိတ်နေနေခြင်းကြောင့် သူမအား နိုင်ငံတကာဝေဖန်မှု မြင့်မားနေဆဲဖြစ်သည်။

၁၉၇၈ ခုနှစ်ကတည်းက နိုင်ငံတော်မူဝါဒဖြင့် ရိုဟင်ဂျာတို့အပေါ် စံနစ်တကျကြိုတင်စီမံပြီး တငွေ့ငွေ့လောင်ကျွမ်းနေသော မျိုးသုဉ်းရှင်းလင်းရေး၊ နိုင်ငံတော်မှ ထိထိရောက်ရောက်အရေးမယူဘဲ ထပ်မံမျက်နှာလွှဲထားခဲ့သော မကြာသေးမီဖြစ်ပွားခဲ့သည့် မွတ်စ်လင်မ်ဆန့်ကျင်ရေး တအုံတကျင်းအကြမ်းဖက်မှု၊ မီဒီယာအား ဒုတိယလက်နက်လိုအသုံးချမှုတို့အား ရှုတ်ချဝေဖန်ရန် ဒေါ်စုကြည်မှ ပျက်ကွက်ခဲ့သည်။

နှုတ်ပိတ်တိတ်ဆိတ် မီဒီယာများ
———————————-
ရိုဟင်ဂျာတို့အား စံနစ်တကျကြံစည်ရှင်းလင်းရေးပုံဟန်တို့ကို မီဒီယာများမှ ဆယ်စုနှစ်များစွာ မသိကျိုးကျွံ ပြုခဲ့ကြသည်။ ယခုချိန်တိုင်အောင် မီဒီယာခေါင်းကြီးပိုင်း၌ ထိုက်ထိုက်တန်တန်နေရာရထားသူ ဒေါ်စုကြည်ပင်လျှင် မျိုးသုဉ်းရှင်းလင်းရေး မဟုတ်ပါ၊ မရှိပါဟု ဆိုနေချေပြီ။ တရုတ်၏လက်ဝါးကြီး အုပ်ပုံဟန်နှင့် အတူ မြန်မာစစ်ခေါင်းဆောင်များ တံခါးဖွင့်ဝါဒ ကျင့်သုံးကတည်းက မြန်မာနိုင်ငံသည် နောက်ဆုံးလက်ကျန် အပျိုစင်စီးပွားရေးဈေးကွက်များ အနက်တစ်ခု အပါအ၀င်ဖြစ်နေကြောင်း မီဒီယာများနှင့်အပြည်ပြည်ဆိုင်ရာ မူဝါဒ စာမျက်နှာများပေါ်တွင် ဘွားဘွားကြီး ပေါ်လွင်လာတော့သည်။ မြန်မာပြည်ရှိ ၄င်းရွှေအခွင့်အလမ်းနှင့် ယှဉ်လာပါက အရာရာအားလုံးမှာ ၄င်းတို့အတွက် ဒုတိယအဆင့်သို့ ရောက်ရှိသွားပါသည်။

ရိုဟင်ဂျာနှင့် အခြားမြန်မာမွတ်စ်လင်မ်တို့သည် မိမိတို့ရပ်တည်မှုနှင့်စပ်လျဉ်း၍ခြိမ်းခြောက်မှုများကို ရင်ဆိုင်နေရ၏။ ၄င်းတို့သည် လူနည်းစုလေးသာဖြစ်နေသည် သာမက မြန်မာ့ စီးပွားရေး၊ နိုင်ငံရေး၊ လူ့ အဖွဲ့အစည်းအရေးတို့၌ တန်းတူ အခွင့်အရေး မရရှိခြင်းကြောင့် နိမ့်ကျသည့်အခြေအနေတွင် ရှိနေခဲ့ပြီးဖြစ်သည်။ ၄င်းတို့သည် ဗုဒ္ဓ လမ်းစဉ်ကိုသော်လည်းကောင်း၊ နိုင်ငံတော် လုံခြုံရေးနှင့် အချုပ်အခြာအာဏာကိုသော်လည်းကောင်း အန္တရာယ်ပေးသူများ မဟုတ်ကြ။ လူမှု ကဏ္ဍတိုင်း၌ ဖိနှိပ်ရန် စံနစ်တကျ ဖွဲ့စည်းစုရုံးထားသည့် မွတ်စ်လင်မ်ဆန့်ကျင်မှု အမျိုးသားရေး ၀ါဒီများဖက်သို့ အမေစုသည် သိသိသာသာ တိမ်းညွှတ်ရပ်တည်သွားသည့်အပြင် –  ဗြိတိန်၊ အမေရိကန်စသည့် အစိုးရများက ကိုယ်ပိုင်ဗျူဟာမူဝါဒနှင့် စီးပွားရေးအခွင့်အလမ်းအမိဖမ်းရေးလိုအပ်ချက်အရ Islamophobia ရောဂါရှင် ၀ါဒဖြန့်လှုံ့ဆော်သူနှင့် အမုန်းတရား သွတ်သွင်းဟောပြောသူတို့ကို ထင်ရှားစွာ ကျားကန်ပေးနေသည့် စစ်ခေါင်းဆောင်တို့နှင့် သင့်မြတ်ရေးကို ရွေးချယ်လိုက်သောအခါ ……. မြန်မာ မွတ်စ်လင်မ်တို့ အဖို့ ဒုက္ခတွင်း နက်သထက်နက်ရပေသည်။

aljazeera တွင် ဖော်ပြပါရှိသော ဒေါက်တာမောင်ဇာနည်၏ Aung San Suu Kyi and the world of Buddhist Islamophobia ဆောင်းပါးကို “ မြင့်မိုရ်မောင်မောင် ” မှ ဆီလျော်အောင်ပြန်ဆိုရေးသားသည်။

ဆောင်းပါးရှင် မောင်ဇာနည်သည် London School of Economics မှ Civil Society and Human Security Unit ၏ ဧည့်သည်တော်အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး၊ မိမိဇာတိမြန်မာပြည်မှ လူမျိုးရေးအကြမ်းဖက်မှု နှင့် နာဇီလက်သစ်ဗုဒ္ဓ အမျိုးသားရေးဝါဒတို့အပေါ် ဝေဖန်သုံးသပ် တင်ပြနေသူလည်း ဖြစ်သည်။

Leave a Reply