6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

နိုဝင်ဘာ ၂၀- ၂၀၁၃
M-Media
ဘာသာပြန်ဆိုသူ- မြင့်မိုရ်မောင်မောင်
1980072842

ရိုဟင်ဂျာ အရေးသည် အိုအိုင်စီ အဖွဲ့ဝင်နိုင်ငံများ အတူတကွဖော်ဆောင်မည့် ဘုံကိစ္စတစ်ရပ် ဖြစ်လာပြီ။

အစ္စလာမ့်မစ် ပူးပေါင်းဆောင်ရွက်မှု အဖွဲ့အစည်း Organization of Islamic Cooperation (OIC) ၏ အထွေထွေအတွင်းရေးမှူး Ekmeleddin Ihsanoglu ဦးဆောင်၍ အဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီး ၇ ဦးပါဝင်သော ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံသို့ ဗုဒ္ဓဟူးနေ့က ရောက်လာပြီး ရခိုင်ပြည်နယ်သို့ နောက်တစ်နေ့တွင် ထွက်ခွာသည်။ ကြာသပတေးနေ့မှ စတင်သည့် ခရီးစဉ်အတွင်း၌ ရိုဟင်ဂျာမွတ်စ်လင်မ်များနေထိုင်ရာ ဒုက္ခသည် စခန်းများသို့သွားရောက်ရန်၊ လူသားချင်း စာနာမှုအကူအညီပေး အဖွဲ့အစည်းများ၊ ဘာသာဝင် အုပ်စုနှစ်ဖက်လုံးမှ ဘာသာရေးခေါင်းဆောင်များနှင့် တွေ့ဆုံရန်၊ ဒုတိယသမ္မတ ဦးဥာဏ်ထွန်း (*မူရင်းဆောင်းပါးပါ အချက်အလက်အတိုင်းဖြစ်ပါသည်။) ၊ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် အပါအ၀င် ဒေသခံနှင့်နိုင်ငံတော်အဆင့် အာဏာပိုင်တို့နှင့်ဆွေးနွေးရန် ရည်ရွယ်ထားကြသည်။ ခရီးစဉ်၏ အဓိကရည်ရွယ်ရင်းမှာ ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာ မွတ်စ်လင်မ်တို့မှ ရင်ဆိုင်ကြုံတွေ့နေရသည့် ဖိနှိပ်ညှင်းဆဲမှုအပေါ် ဆွေးနွေးအဖြေရှာဆာင်ရွက်ကြရန်ဖြစ်သည်။

ရိုဟင်ဂျာ မွတ်စ်လင်မ်တို့၏ အဖြစ်ဆိုး
————————————–
ရိုဟင်ဂျာ မွတ်စ်လင်မ်တို့မှာ မြန်မာနိုင်ငံ၌ နှိပ်စက်ခြင်း၊ လျစ်လျူရှုခြင်း၊ ဖိနှိပ်ခြင်းများကို နှစ်ပေါင်းများစွာ ခံစားခဲ့ရသည်။ အစွန်းရောက် ဗုဒ္ဓဘာသာဝင် အုပ်စုတစ်စု၏ လတ်တစ်လော တိုက်ခိုက်မှုများကြောင့် ရိုဟင်ဂျာဦးရေ တစ်ရာကျော် သေဆုံးပြီး ထောင်နှင့်ချီ၍ အိုးအိမ်စွန့်ခဲ့ရသည်ဟု ဆိုကြသည်။ ထောင်ပေါင်းများစွာသော ရိုဟင်ဂျာတို့သည် ဗုဒ္ဓဘာသာဝင်များနှင့်မွတ်စ်လင်မ်တို့အကြားဖြစ်ပွားသည့် အကြမ်းဖက်ဖြစ်ရပ်များမှ အလွတ်ရုန်းပြီးနောက်ပိုင်း ဒုက္ခသည်စခန်းများအတွင်း နေထိုင်နေရသည်မှာ တစ်နှစ်ကျော်ကြာမြင့်ပြီဖြစ်၏။ ဒေသတွင်း၌ တင်းမာမှုမှာ မြင့်မားနေဆဲ ဖြစ်ပြီး၊ နိုင်ငံမဲ့ရိုဟင်ဂျာများသည် စော်ကားမှုနှင့် ကန့်သတ်ချုပ်ခြယ်မှုများကို ဆက်လက်ခံစားနေရဆဲဖြစ်သည်ဟု လူ့အခွင့်အရေး အုပ်စုများက ဆိုသည်။ ၂၀၁၂ ခုနှစ် ဇွန်လနှင့်အောက်တိုဘာလတွင် ပွင့်အံခဲ့သည့် အကြမ်းဖက်မှုများကြောင့် ၁၉၂ ဦးအသက်ဆုံးရှုံးခဲ့ကာ တစ်သိန်းလေးသောင်းဝန်းကျင် အိုးအိမ်စွန့်ခဲ့ကြရသည်။

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်ရှိ မွတ်စ်လင်မ်ရွာများသို့ ဗုဒ္ဓဘာသာဝင်များ လာရောက်တိုက်ခိုက်ခဲ့သော ၂၀၁၃ ခုနှစ် စက်တင်ဘာနှင့်အောက်တိုဘာလအတွင်း နောက်ဆုံးဖြစ်စဉ်များ၌ လူ ၇ ဦး သေဆုံး၍ အိမ်ခြေများစွာ မီးရှို့ဖျက်ဆီးခံရ၏။ မြန်မာအနိုင်ငံအာဏာပိုင်များသည် တအုံတကျင်းသတ်ပွဲများအပေါ် ထိထိရောက်ရောက်မကိုင်တွယ်ဘဲ လျစ်လျူရှုထားသည်သာမက မွတ်စ်လင်မ်လူနည်းစုအားကာကွယ်ရန် ပျက်ကွက်ခဲ့ခြင်းအပေါ် အရပ်ဖက်လူ့အဖွဲ့အစည်းတို့၏ ပြစ်တင်ရှုံ့ချမှုကို ခံခဲ့ရသည်။ နိုင်ငံတကာအဖွဲ့အစည်းအသီးသီးမှ ရိုဟင်ဂျာတို့ထံ ပေးပို့သည့် အကူအညီများမှာလည်း ရခိုင်ပြည်နယ်၏တားဆီးမှုကို ကြုံနေရ၏။

လူမျိုးရေးဘာသာရေးဆိုင်ရာ အကြမ်းဖက်မှုဟု အပြင်းအထန်ခေါင်းစဉ်တပ်ထားကြသော်လည်း အဖြစ်မှန်စင်စစ်မှာကား နိုင်ငံတော်မှ ကျားကန်ပေးထားသည့် လူမျိုးသုဉ်းရှင်းလင်းရေးသာ ဖြစ်နေသည်။ မြန်မာနိုင်ငံအတွင်း မွတ်စ်လင်မ်တို့အား စုပြုသတ်ဖြတ်မှုအပေါ် ကမ္ဘာ့နိုင်ငံအများအပြားက မမြင်သလိုလုပ်နေကြ၏။ လူ့အခွင့်အရေးချိုးဖောက်မှုမျက်နှာစာ၌ ကမ္ဘာ့အင်အားကြီးနိုင်ငံများနှင့်နိုင်ငံတကာ အသိုင်းအ၀ိုင်းတို့က အဘယ်ကြောင့် နှုတ်ပိတ်တိတ်ဆိတ်နေကြပါသနည်း ?

ဖြစ်နိုင်ချေအဖြေတစ်ရပ်က ဒေသတွင်းနှင့်ကမ္ဘာ့အဓိကအင်အားစုများ၏ မဟာဗျူဟာနှင့် စီးပွားရေးအကျိုးအမြတ် တွက်ချက်မှုများ၌ တည်မှီနေပါသည်။ မြန်မာအစိုးရ၏ ဒီမိုကရေစီအသွင်ပြောင်းရေးစကားကို အမေရိကန်၊ ဥရောပသမဂ္ဂ နှင့် ကနေဒါတို့က လက်ခံလိုက်သဖြင့် မြန်မာနိုင်ငံသည် အမှန်ပင် ရင်းနှီးမြှုပ်နှံရေး ပန်းတိုင်ကြီး ဖြစ်လာခဲ့သည်။ လက်တွေ့အားဖြင့်လည်း ၁၉၈၈ ခုနှစ်နောက်ပိုင်း စတင်ချမှတ်ခဲ့သော ပိတ်ဆို့မှုများကို ၄င်းတို့မှ အကျယ်တ၀င့် ရုပ်သိမ်းပေးခဲ့ကြသည်။ သို့ဖြစ်ရာ တရုတ်၊ အိန္ဒိယ၊ တောင်ကိုးရီးယား၊ ထိုင်း၊ စင်္ကာပူ နှင့် မြန်မာများနှင့်လုပ်ငန်းဆောင်ရွက်မည့် နိုင်ငံတကာရေနံကုမ္ပဏီတို့အတွက် တံခါးမရှိ ဓားမရှိ လမ်းပွင့်သွားခဲ့၏။

OIC နှင့် လူနည်းစုဝင်မွတ်စ်လင်မ်များ
—————————————–
အိုအိုင်စီကိုယ်စားလှယ်အဖွဲ့၏ ခရီးစဉ်မှာ မြန်မာနိုင်ငံ၌ ကျယ်ပြန့်စွာ ကန့်ကွက်ဆန္ဒပြမှု ဖြစ်လာစေခဲ့သည်။ ဗုဒ္ဓဘာသာဝင် လူမျိုးရေးဝါဒီများက အိုအိုင်စီသည် မြန်မာပြည်တွင်းရေးကို ၀င်ရောက်စွက်ဖက်သည်ဟု စွပ်စွဲကြသည်။ ဤအဆိုများမှာ နည်လမ်းမကျပေ။ အကြောင်းမှာ ရိုဟင်ဂျာမွတ်စ်လင်မ်များ အပေါ်ထားရှိသော အိုအိုင်စီ၏ သဘောထားသည် အလားတူ အနေအထားမျိုးအပေါ် အခြား အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းကြီးများအတိုင်း ထပ်တူထပ်မျှဖြစ်နေသောကြောင့်ပင်။ အိုအိုင်စီသည် ကမ္ဘာ့ကုလသမဂ္ဂပြီးလျှင် တိုင်းနိုင်ငံ အစိုးရများပါဝင်သည့် ဒုတိယမြောက် အကြီးမားဆုံးအသင်းအဖွဲ့ကြီး ဖြစ်၍ ကမ္ဘာ့တိုက်ကြီးလေးခုမှ နိုင်ငံပေါင်း ၅၇ နိုင်ငံသည် အဖွဲ့ဝင်အဖြစ် ရှိနေသည်။ ဖွဲ့စည်းတည်ဆောက်ထားပုံမှာလည်း ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့နှင့် ထပ်တူထပ်မျှနီးပါးဖြစ်သည်။ မွတ်စ်လင်မ်လူနည်းစုဝင်များ၏ အကျိုးကို ကာကွယ်စောင့်ရှောက်ပေးရေးသည် ဤအဖွဲ့ကြီး၏ ကမ္ဘာသိရပ်တည်ချက်ဖြစ်သည်။ မြန်မာနိုင်ငံ၌ စစ်အုပ်ချုပ်ရေး အဆုံးသတ်ပြီး သုံးနှစ်အကြာတွင် ဘာသာရေးနှင့် လူမျိုးရေးတင်းမာမှုများ အရှိန်အဟုန်ကြီးမားမြင့်တက်လာသည်။ မွတ်စ်လင်မ် လူနည်းစုဝင်များအပေါ် တရားဝင် အစီအစဉ်ရှိပြီးဖြစ်သော အိုအိုင်စီသည် အကြမ်းဖက်မှု စတင်ကတည်းက သာသနာရေးအရ ပါဝင်လာရခြင်းဖြစ်သည်။

အိုအိုင်စီအဖွဲ့ဝင် မဟုတ်သည့်နိုင်ငံများမှ မွတ်စ်လင်မ် လူနည်းစုတို့အပေါ် ယခင် ၅-၆ နှစ်မှစ၍ အိုအိုင်စီက ပထမဦးစားပေးအဆင့်ဖြင့် စဉ်းစားပေးခဲ့ကြသည်။ ဤသည်မှာ အိုအိုင်စီ ရည်ရွယ်ချက်များအနက် အဓိကမဏ္ဍိုင်တစ်ခု ဖြစ်၏။ မွတ်စ်လင်မ်လူထုအားလုံး၏ ဂုဏ်သိက္ခာ၊ လွတ်လပ်မှု နှင့် လူ့အခွင့်အရေးဆိုင်ရာ ဒုက္ခများ၌ အိုအိုင်စီမှ ဖြေရှင်းပေးသည်။ ၄င်းအပြင် အိုအိုင်စီ၏ စည်းမျဉ်းတစ်ရပ်၌ ငြိမ်းချမ်းရေးကိုထိခိုက်စေမည့် ပဋိပက္ခမှန်သမျှကို ညှိနှိုင်းခြင်း၊ ရင်ကြားစေ့ဖျန်ဖြေပေးခြင်း၊ သင့်မြတ်အောင်ဆောင်ရွက်ပေးခြင်း၊ အကူအညီတောင်းခံမှုတွင်ကြားဝင် စီရင်ပေးခြင်း စသည့် ပြဿနာဖြေရှင်းရေးလည်း အပါအ၀င်ဖြစ်သည်။

တစ်ချိန်က ဖိလစ်ပိုင်၊ ထိုင်း စသည့် နိုင်ငံများစွာ၌ ငြိမ်းချမ်းရေး တည်ဆောက်မှုလုပ်ငန်းစဉ်များကို အိုအိုင်စီမှ ပါဝင်ဆောင်ရွက်ကူညီခဲ့သည်။ မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်ရှိ ဇာတိဒေသများမှ မောင်းထုတ်ခံခဲ့ရသော ရိုဟင်ဂျာဒုက္ခသည်များပြဿနာ အဖြေရှာရေးအတွက်လည်း ငြိမ်းချမ်းစွာကြိုးပမ်းကူညီလျက်ရှိ၏။ ဤရင်ကြားစေ့ပေးရေး၌ မွတ်စ်လင်မ်နှင့် မွတ်စ်လင်မ်မဟုတ်သော အရပ်ဖက်ဆိုင်ရာလူ့အဖွဲ့အစည်းများမှ ပညာရှင်များ၊ ကျွမ်းကျင်သူများ၊ ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးပွဲများ စီစဉ်၍ မွတ်စ်လင်မ်အသိုင်းအ၀ိုင်းများ ရင်ဆိုင်နေရသော အခက်အခဲများကို သုံးသပ်ဆွေးနွေးခြင်း၊ လိုက်လျောညီထွေအဖြစ်ဆုံး နည်းလမ်းကို ရှာကြံခြင်းတို့မှာ ၄င်းတို့အသုံးပြုသော နည်းလမ်းများအနက် တစ်ရပ်မျှသာဖြစ်သည်။

ရိုဟင်ဂျာ မွတ်စ်လင်မ်များအရေးနှင့်ပတ်သက်ပြီး ဤတစ်ကြိမ်မှာ အိုအိုင်စီအတွက် ပထမဦးဆုံး မဟုတ်။ ၂၀၁၁ ခုနှစ် မေလကလည်း နိုင်ငံအသီးသီးရှိ ရိုဟင်ဂျာဒုက္ခသည်များ၏ ထင်ရှားသူများ၊ ကနဦးခေါင်းဆောင်များကို ခေါ်ယူကာ အစည်းအဝေးတစ်ရပ်ဆောင်ရွက်ပေးခဲ့သည်။ Arakan Rohingya Union (ARU) ၏ လိုလားချက်ဖြစ်သည့် ဌာနီမဲ့ရိုဟင်ဂျာများကို မွေးရပ်မြေမြန်မာနိုင်ငံရခိုင်ပြည်သို့ ပြည်တော်ပြန်နိုင်ရေး လိုအပ်ချက်များ နှင့် ဒုက္ခသည်တို့၏ပြဿနာများအပေါ် ဆွေးနွေးအဖြေရှာခဲ့ကြသည်။

အိုအိုင်စီ၏ ၂၀၀၅ ခုနှစ်စည်းမျဉ်းပြန်လည်ချမှတ်မှု၌ မွတ်စ်လင်မ် လူနည်းစုဝင်များ အရေးကြားဝင်ကူညီပေးခြင်းက အစိတ်အပိုင်းတစ်ရပ်အဖြစ်ပါဝင်လာသည်။ ၄င်း၏အလျင်က အိုအိုင်စီသည် ၄င်း၏ အားနည်းချက်များ၊ ရှေ့ထွက်ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ ဝေဖန်ခံခဲ့ရ၏။ အတိတ်ကာလတွင် ရှေ့ထွက်ဆောင်ရွက်ချက်များ မရှိသလောက်ဖြစ်ခဲ့ခြင်းမှာ အဖွဲ့ဝင် ၅၇ နိုင်ငံ၏သဘောထားပေါ်မူတည်ခဲ့သောကြောင့်ဖြစ်သည်။ အိုအိုင်စီအဖွဲ့ဝင်နိုင်ငံများသည် ကမ္ဘာ့ရေနံနှင့်စွမ်းအင် ဈေးကွက်အများစု၏အခန်းကဏ္ဍ၌ ထင်ထင်ရှားရှား အဓိကဖြည့်ဆည်းပေးလျက်ရှိနေသည်။ သို့ရာတွင် အဖွဲ့ဝင်နိုင်ငံများအကြား အငြင်းပွားမှုများက အပြည်ပြည်ဆိုင်ရာအရေးတွင်ပါဝင်ခြင်း နှင့် ရှေ့ထွက်ဆောင်ရွက်ခြင်းတို့အတွက် အတားအဆီးဖြစ်သွားစေခဲ့သည်။ ဘုံအယူအဆ၊ အတွေးအမြင်နှင့်အကျိုးစီးပွား မရှိခဲ့သဖြင့် ၄င်း၏စီးပွားရေးနှင့်နိုင်ငံရေးမျှော်မှန်းချက်နှင့် အလှမ်းဝေးကာ ရှေ့ထွက်ဆောင်ရွက်ခြင်းတွင် အကန့်အသတ်ပြဿနာများကြုံဆုံ သွားစေလေသည်။

သို့တစေ ပါလက်စတိုင်းပြဿနာ၊ အစ္စလာမ်ပေါ် အမြင်မှားရွံကြောက်မှု နှင့် လူနည်းစုဝင်မွတ်စ်လင်မ်များအရေးတို့သည် အိုအိုင်စီအစည်းအဝေးတိုင်းတွင် ထိပ်ဆုံးမှ ပါဝင်လျက်သာ ရှိနေခဲ့၏။ ဤအချက်များက အဖွဲ့ဝင် ၅၇ နိုင်ငံစလုံး၏ တစ်ခုတည်းသော အခြေခံရည်မှန်းချက်အောက်သို့ မသိမသာ တစ်ပြေးညီဖြစ်အောင် စုစည်းသွားစေခဲ့ကြောင်း သိနိုင်ပေပြီ။

သို့ဖြစ်ရာ ရိုဟင်ဂျာမွတ်စ်လင်မ်ပြဿနာသည် အိုအိုင်စီမှ အတူတစ်ကွ ဖော်ဆောင်ဖြေရှင်းရာ အခြေခံအရေးကိစ္စတစ်ရပ် ဖြစ်လာရပေသည်။ ၄င်းအပြင် ဤအရေးသည် အပြည်ပြည်ဆိုင်ရာပံ့ပိုးကူညီမှု နှင့် မီဒီယာပွင့်လင်းမှန်ကန်မှု လုံလောက်ပြည့်ဝစွာ မခံစားကြရ။ သို့သာမက ရိုဟင်ဂျာမွတ်စ်လင်မ်တို့သည် အိုအိုင်စီနှင့်တိုက်ရိုက် ဆက်သွယ်ခွင့်ရရှိရန်၊ မြန်မာပြည်တွင် ထောက်ပံ့ရေး ဌာနတစ်ရပ်ရှိရန် လိုအပ်နေကြောင်း အိုအိုင်စီမှ နားလည်သိမြင်လာခဲ့သည်။ ထို့ကြောင့် လူနည်းစုဝင်ရိုဟင်ဂျာမွတ်စ်လင်မ်တို့အား လူသားချင်းစာနာမှု အကူအညီပေးရေး တံတားတစ်စင်းခင်းနိုင်ဖို့ အခြေစိုက်ရုံးတစ်ခု ဖွင့်လှစ်ပေးရေးအတွက် အိုအိုင်စီမှ မြန်မာအာဏာပိုင်တို့ထံ တစိုက်မတ်မတ် ဆိုနေခြင်းဖြစ်ပေသည်။

အိုအိုင်စီသည် မွတ်စ်လင်မ်ကမ္ဘာကြီးတစ်ခုလုံးနှင့်သက်ဆိုင်သည့် သေရေးရှင်ရေးပြဿနာများကို အခြေခံကျကျဖြေရှင်းပေးရန်၊ မွတ်စ်လင်မ်ထုတစ်ရပ်လုံးနှင့် သက်ဆိုင်သည့်စိန်ခေါ်မှုများအပေါ် စွက်ဖက်ရန် စွမ်းသာထိရောက်သော အဖွဲ့အစည်းကြီးတစ်ခု မဟုတ်ချေ။ သို့သော်လည်း ရိုဟင်ဂျာမွတ်စ်လင်မ်တို့အပေါ် ဖိနှိပ်ခြင်း ကဲ့သို့သော အရေးအရာများနှင့်စပ်လျဉ်း၍ကား ကောင်းစွာ ဆောင်ရွက်နိုင်သည့်အနေအထားတွင်ရှိသည်။ ထို့ပြင် ၄င်းသည် ကျွန်ုပ်တို့နေထိုင်ရှင်သန်နေသောကမ္ဘာ၏ အဆင့်အတန်းရှိ အဖွဲ့အစည်းကြီးတစ်ရပ်ဖြစ်နေကြောင်း ပြသနိုင်သည့် အခွင့်အရေးလည်း ရှိနေပေသည်။

World Bulletin တွင် Aysenur Goksen ရေးသားသော The Rohingya and the OIC: A voice against the ethnic cleansing? ဆောင်းပါးကို မြင့်မိုရ်မောင်မောင် ဆီလျော်အောင် မြန်မာပြန်ဆိုပါသည်။

Leave a Reply