6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဒီဇင်ဘာ ၅၊ ၂၀၁၃
M-Media

၂၀၁၃ ခုနှစ်တွင် ဘိန်းခင်း ဟက်တာ ၆၀၀၀ ကျော် ဖျက်ဆီးခဲ့ဟုဆို

– ၂၀၁၃-၂၀၁၄ ခုနှစ် ဘိန်းစိုက်ပျိုးရေး ရာသီအတွင်း ယခုအချိန်အထိ နိုင်ငံတစ်ဝှမ်း ဘိန်းစိုက်ခင်း ၆၀၂၇ ဟက်တာ ကို မြန်မာအစိုးရက ဖျက်ဆီးခဲ့သည်ဟု မြန်မာနိုင်ငံမူးယစ်ဆန်ကျင့်ရေး တာဝန်ရှိသူများက ယနေ့တွင်ပြောကြားလိုက်သည်။ အောက်တိုဘာလ တစ်လတည်းတွင် ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်ရှိ ဘိန်းစိုက်ခင်း ၅၀၁၉ ဟက်တာ ကို ဖျက်ဆီးခဲ့သည်။

မြန်မာအစိုးရမှာ ၂၀၁၂ ခုနှစ်တွင် ဘိန်းစိုက်ခင်း စုစုပေါင်း ၂၃၇၇၀ ဟက်တာ ကိုဖျက်ဆီးပစ်ခဲ့ပြီး မူးယစ်ဆေးဝါးနှင့် ဆက်စပ်သည့် အမှုပေါင်း ၄၀၀၆ ခုမှ တရာခံပေါင်း ၅၇၄၀ ယောက်ကိုလည်း အရေးယူခဲ့သည်ဟု သိရသည်။
________________________

လူနည်းစုဘာသာဝင်များ၏ အခွင့်အရေး ကာကွယ်ပေးမည့် ဥပဒေပြဋ္ဌာန်းရန် ချင်းအမျိုးသား ညီလာခံမှ ပြောကြား

– လူနည်းစု ကိုးကွယ်တဲ့ ဘာသာဝင်များအား ဖိနှိပ်ချုပ်ခြယ် ခွဲခြားဆက်ဆံမှုများအား လူနည်းစုဘာသာဝင်များ၏ အခွင့်အရေးကို အကာအကွယ်ပေးမည့် ဥပဒေတစ်ရပ်ပြဌာန်းပေးရန် တောင်းဆိုထားပြီး၊ လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းနဲ့တွေ့ဆုံဆွေနွေးထားကြောင်း၊ နှုတ်မှ ပြောနေခြင်းမဟုတ်ပဲ တကယ့်ဥပဒေနှင့်အညီ ပြဌာန်းပေးရန် အလွန်အရေးကြီးကြောင်း ကို ရန်ကုန်မြို့ Summit Park View တွင် ပြုလုပ်သည့် ဒုတိယအကြိမ်မြောက် ချင်းအမျိုးသား ညီလာခံတွင် ဆလိုင်းဘွေ့လျန်မန်းမှ ပြောကြားခဲ့ပါသည်။
________________________

ငြိမ်းချမ်းရေးအတွက် လိုင်ဇာထိ လမ်းလျှောက်ခဲ့ကြသူများအား ထောင်ဒဏ်ချမှတ်ခံရ

– ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် ရန်ကုန်မြို့မှ လိုင်ဇာအထိ လမ်းလျှောက်ခဲ့ကြသူများ အနက် ကိုရန်နိုင်ထွန်းနှင့် ကိုအောင်မင်းတို့အား ၎င်းတို့ ဖြတ်လျှောက်သွားသည့် မြို့နယ် ၇-ခု အတွက် ထောင်ဒဏ် ၇-လ သို့မဟုတ် ငွေဒဏ် ၇-သောင်း ကျခံရန် ရွေးချယ်ခွင့် ပေးခဲ့ပြီး ငွေဒဏ်မဆောင်နိုင်ကြောင်း ငြင်းပယ်သည့်အတွက် ထောင်ဒဏ် ၇-လ ချမှတ်လိုက်ကြောင်း သိရသည်။
________________________

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်အရေးကိစ္စ ဆွေးနွေး

– မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ် လုံခြုံရေးနှင့် မှုခင်းအရေးကိစ္စများ ပူးပေါင်းဆောင်ရွက်ရန် နှစ်နိုင်ငံတာဝန်ရှိသူများ ဆွေးနွေးခဲ့ကြပြီး ဘူးသီးတောင် အကျဉ်းထောင်တွင် ထိန်းသိမ်းထားသည့် ပြစ်ဒဏ်လွတ် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၈၀-ကျော်ကို ဘင်္ဂလားဒေ့ရှ်ဘက်သို့ လွှဲပြောင်းနိုင်ရေးအတွက်လည်း မနေ့က ပြုလုပ်တဲ့ ဆွေးနွေးပွဲမှာ သဘောတူခဲ့ကြကြောင်း သိရသည်။
________________________

မြန်မာနိုင်ငံ နှစ်ခြင်းခရစ်ယာန်အသင်းချုပ် သာသနာ နှစ်(၂၀၀)ပြည့် ကျေးဇူးတော်ချီးမွမ်းခြင်း ဓမ္မသဘင်ပြုလုပ်

– မြန်မာနိုင်ငံ နှစ်ခြင်းခရစ်ယာန်အသင်းချုပ် သာသနာ နှစ်(၂၀၀)ပြည့် ကျေးဇူးတော်ချီးမွမ်းခြင်းဓမ္မသဘင်ကို ရန်ကုန်မြို့ အလုံမြို့နယ်ရှိ ကရင်ခြံရပ်ကွက်တွင် ယနေ့ ညနေပိုင်းက ကျင်းပခဲ့ပြီး မြန်မာနိုင်ငံနှင့် နိုင်ငံတကာမှ လူမျိုးပေါင်းစုံ ခရစ်ယာန် ၃၀၀၀၀ ၀န်းကျင်တက်ရောက်ခဲ့ကြပါသည်။
________________________

ရခိုင်အမျိုးသား ညီလာခံကို လာမည့် ၂၀၁၄ နှစ်လယ်တွင် ပြုလုပ်မည်

– ရခိုင်အမျိုးသားညီလာခံတစ်ရပ်ကို လာမည့် ၂၀၁၄-ခု နှစ်လယ်တွင် ပြုလုပ်မည် ဖြစ်ကြောင်း ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP)၊ ရခိုင်ကျောင်းသား လူငယ်များ အစည်းအရုံး၊ ရခိုင့်တပ်မတော် (AA)၊ ရခိုင်လွတ်မြောက်ရေးပါတီ (ALP)၊ ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ် (ALD) စသည့် ရခိုင် နိုင်ငံရေးပါတီများ၊ လက်နက်ကိုင်အဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများ ပါဝင်တက်ရောက်နေသည့် ထိုင်းနိုင်ငံ ချင်းမိုင်မြို့ ဆွေးနွေးမှ သိရသည်။

 

Tags:

Leave a Reply