6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဒီဇင်ဘာ ၁၉၊ ၂၀၁၃
M-Media
သီရိ

image-a1fee396594e1884b659ef7f3beeed889fa909841e58444183025b6790127693-V

မန္တလေး ။          ။       မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပသော ၂၇-ကြိမ်မြောက် အရှေ့တောင်အာရှ SEA GAME ပြိုင်ပွဲတွင် ခြင်းလုံးအလှခတ် ဒိုင်အဖြစ် ဆောင်ရွက်နေသော ဒေါ်ခင်အေးမူကို ဆက်သွယ် မေးမြန်းဖြစ်ခဲ့ပါတယ်။

M-Media  –  အန်တီရဲ့ မိဘများနဲ့ ညီအစ်ကို မောင်နှမများအကြောင်းကို နည်းနည်းလောက် ပြောပြပေးလို့ရမလား။
ဖြေ  –  အန်တီကို အဖ ဦးဘသိန်း ၊ (ပီကင်းပြန် ခြင်းဦးဘသိန်း) အမိ ဒေါ်သက်တင်တို့မှ ၁၀-ရက် မေလ ၁၉၆၄-ခုနှစ်မှာ မွေးဖွားခဲ့ပြီး မောင်နှမ ၃-ယောက်အနက် အငယ်ဆုံးပါ။ မန္တလေးမြို့မှာပဲ နေပါတယ်။

M-Media  –  အန်တီငယ်စဉ်က ဘယ်ကျောင်းမှာပညာသင်ကြားခဲ့ပါသလဲ။
ဖြေ  –  သူငယ်တန်းကနေ ဆယ်တန်းအောင်တဲ့အထိပေါ့ မန္တလေး အ.ထ.က (၈) မှာ သင်ကြားခဲ့ပါတယ်။ ဆယ်တန်းအောင်တော့ မန္တလေးတက္ကသိုလ်မှာ ပထ၀ီ နဲ့ ဘွဲ့ရခဲ့ပါတယ်။

M-Media  –  ခြင်းလုံးကိုရော အန်တီ ဘယ်အရွယ်ကတည်းကစပြီး ကစားဖြစ်တာပါလဲ။
ဖြေ  –  အဖေကခြင်းခတ်တာဆိုတော့ ၁၁-နှစ်အရွယ်ကတည်းက ၀ါသနာလဲပါသွားတော့ လိုက်ခတ်ရင်းနဲ့ အဲဒီအရွယ်ကတည်းကခတ်ဖြစ်တာပါ။

M-Mediaဖြေ  –  အန်တီရဲ့လက်ဦးဆရာက ဘယ်သူပါလဲ။
ဖြေ  –  အန်တီရဲ့ အဖေပါပဲ၊ အဖေကပဲသေချာပြုစုပျိုးထောင်သင်ပေးခဲ့တာပါ။

M-Media  –  အန်တီအဖေက ခြင်းခတ်တယ်ဆိုတော့ ဘယ်လိုမျိုး ခတ်ခဲ့တာပါလဲ။  အန်တီအဖေက နိုင်ငံဂုဏ်ကို ဆောင်ခဲ့သူတစ်ယောက် ဖြစ်ခဲ့တာပါလား။
ဖြေ  –  အဖေက ခြင်းလုံးအားကစားမှာ မြန်မာ့လက်ရွေးစင်တစ်ယောက်ဖြစ်ခဲ့ပြီး ပီကင်းမှာ ဆုရခဲ့တယ်။ ဒါကြောင့် ပီကင်းပြန် (ခြင်း)ဦးဘသိန်းလို့ နာမည်တွင်ခဲ့တယ်။ အဖေက ခြင်းလုံးနဲ့ပတ်သက်တဲ့ဆောင်းပါးတွေ ရေးခဲ့တယ်။ ၁၉၈၂-ခုနှစ်မှာ စာပေဗိမာန်ဆုရခဲ့တယ်။ အိမ်မှာဆိုလည်း အဖေ့ရဲ့ ခြင်းနဲ့ပတ်သက်နဲ့ ရှားပါးပစ္စည်းတွေ အများကြီးရှိပါတယ်။ နိုင်ငံတော်က ခြင်းလုံးနဲ့ပတ်သက်တဲ့ ပြပွဲတွေမှာဆိုလည်း အဖေ့ပစ္စည်းတွေနဲ့
ပြသရလေ့ ရှိတယ်။

M-Medai  –  အန်တီဘယ်လိုပြိုင်ပွဲတွေပြိုင်ခဲ့ဖူးလဲ၊ ဘယ်လိုအောင်မြင်မှုတွေရော ရခဲ့ပါသလဲ။
ဖြေ  –  အန်တီတို့ပြိုင်တဲ့အချိန်တုန်းကတော့ အမျိုးသမီးခြင်းလုံးသင်းဆိုပြီး သက်သက်လုပ်ပေးတာမျိုးမရှိခဲ့ပါဘူး၊ အန်တီလည်း တစ်ပွဲတော့ပြိုင်ခဲ့ ဖူးတယ်။ အဲဒါတောင်မှ အမျိုးသားနဲ့အမျိုးသမီးရောပြီး ပြိုင်ခဲ့ရတဲ့ပွဲပဲရှိသေးတာ အမျိုးသမီးသက်သက်ဆိုပြီးတော့ မရှိခဲ့သေးဘူး ၊ ၁၉၉၀ မှာ တိုင်းနဲ့ ပြည်နယ်ပွဲကျင်းပတော့ မန္တလေးတိုင်းကိုယ်စား ၀င်ပြိုင်ခဲ့တာ ဒုတိယဆုရခဲ့ပါတယ်။ အဲဒီနောက်တော့ အန်တီလဲ အလုပ်ထဲ ၀င်ခဲ့တယ်။

M-Media  –  အန်တီ အခုလက်ရှိမှာ ဘာတာဝန်များထမ်းဆောင်နေပါသလဲ။
ဖြေ  –  ကျောင်းပြီးကတည်းက ယခုချိန်ထိ အားကစားဝန်ကြီးဌာန အားကစားနှင့်ကာယ၀န်ကြီးဌာနမှာ ဦးစီးအရာရှိအဖြစ် တာဝန်ထမ်းဆောင်နေ ပါတယ်။ အန်တီဘွဲ့ရပြီးတော့ အစိုးရ၀န်ထမ်းလေ့ကျင့်ရေးအဖွဲ့ကနေ ၀န်ထမ်းခေါ်တယ်။ သူတို့သတ်မှတ်ထားတာက ဘွဲ့ရ ရမယ်၊ တိုင်းနဲ့ ပြည်နယ်ယှဉ်ပြိုင်ဖူးတဲ့သူပဲ လျှောက်ရမယ်ဆိုတော့ အန်တီနဲ့လည်းကိုက်ညီတော့ဝင်လျှောက်လိုက်တာ ပါသွားတယ်။

M-Media  –  ယခု SEA GAME မှာရော အန်တီ ဘယ်လိုကြောင့် ခြင်းလုံးအလှခတ် ဒိုင်အဖြစ်ဆောင်ရွက်ခွင့်ရခဲ့တာ ပါလဲ။
ဖြေ  –  ပထမဆုံးမြန်မာနိုင်ငံခြင်းလုံးအဖွဲ့ချုပ်က အပြည်ပြည်ဆိုင်ရာနည်းပြနဲ့ ဒိုင်လူကြီးသင်တန်းဆိုပြီးစဖွင့်တယ် အဲဒီမှာတက်ခဲ့ပြီးတော့ အန်တီပြည်တွင်းပွဲတွေမှာ ဒိုင်စလုပ်ခဲ့ပါတယ်၊ နောက်တော့ ပြည်တွင်းပြည်ပ ဒိုင်သင်တန်းထပ်ဖွင့်တော့ အန်တီ အဲဒီမှာဆက်တက်ခဲ့တယ်။ အဲဒီသင်တန်းတက်ပြီးသွားတော့ အပြည်ပြည်ဆိုင်ရာဒိုင်ဖြစ်သွားတော့ ယခု SEA GAME မှာ ဒိုင်အဖြစ်တာဝန်ထမ်းဆောင်ခွင့်ရခဲ့တာပါ။

M-Media  –  အန်တီဒိုင်အဖြစ်တာဝန်ထမ်းဆောင်နေစဉ်မှာရော အန်တီ့အနေနဲ့ အခက်အခဲတွေများရှိခဲ့ပါသလား။
ဖြေ – အခက်အခဲတော့မရှိပါဘူး အန်တီကဒီပြိုင်ပွဲဝင်မယ့် ကလေးတွေနဲ့တူတူ အားကစားလေ့ကျင့်ရေးစခန်းမှာ တူတူ CAMP သွင်းနေထိုင်ပြီး
သူတို့ကစားနေတဲ့အချိန်တိုင်းမှာလဲ အန်တီက အမှတ်ခေါ်ပေးတယ်။ သူတို့နဲ့တူတူ ၉-လလောက် တွဲပြီးလေ့ကျင့်လာတော့ ပွဲမှာအခက်အခဲမရှိတော့ပါဘူး အဆင်ပြေပါတယ်။

M-Media  –  အခု SEA GAME မှာရောခြင်းလုံးကစားနည်းက ဘယ်လိုအောင်မြင်မှုတွေ ရခဲ့ပါသလဲ။
ဖြေ  –  အခု အမျိုးသား ၃-ပွဲ အမျိုးသမီး ၃-ပွဲ ယှဉ်ပြိုင်ကစားခဲ့တာ ခြောက်ပွဲစလုံး ရွှေတံဆိပ်ဆုကို ဆွတ်ခူးရယူခဲ့ပါတယ်။

M-Media  –  အခုလို ရွှေတံဆိပ်ဆုတွေရရှိခဲ့တဲ့အတွက် အန်တီအနေနဲ့ရော ဘယ်လိုပီတိတွေဖြစ်ခဲ့ ပါသလဲ။
ဖြေ  –  ဒီရိုးရာခြင်းကို အခုလိုမျိုးပွဲကြီးတွေဖြစ်လာလိမ့်မယ်လို့လဲ မမျှော်လင့်ခဲ့ပါဘူး အခုလိုနိုင်ငံတကာပွဲအဖြစ်ယှဉ်ပြိုင်ရတော့ ကိုယ့်ရိုးရာခြင်းမှာ ဒိုင်အဖြစ် တာဝန်ထမ်းဆောင်ရတာရော အခုလိုဆုတွေရတဲ့အတွက်ရော ၀မ်းသာပီတိဖြစ်ပြီး ဂုဏ်ယူမိပါတယ်။

M-Media  –  အန်တီ အနာဂတ်ရဲ့ခြင်းလုံးအားကစားသမားတွေကို ဘယ်လိုစကားလက်ဆောင်များပြောကြားချင်ပါသလဲ။
ဖြေ  –  အခုလိုနိုင်ငံတကာပွဲတွေမှာ မြန်မာ့ရိုးရာခြင်းလုံးကို အရင်ကပိုပြီး အားစိုက်ထုတ်ပြီး ကြိုးစားသွားကြပါလို့ပြောချင်ပါတယ်။

M-Media  –  အခုလို ဖြေကြားပေးတဲ့ အန်တီ့ကို ကျေးဇူးအများကြီးတင်ပါတယ်။
ဖြေ  –  အန်တီကလည်း ကျေးဇူးတင်ပါတယ်။

Leave a Reply