6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဒီဇင်ဘာ ၂၄၊ ၂၀၁၃
M-Media

s-AFGHAN-WAR-CHILDREN-large
– အကြမ်းဖက် တိုက်ဖျက်ရေးဟု ခေါင်းစဉ်တပ်ကာ အာဖဂန်နစ္စတန်နိုင်ငံအား အမေရိကန်က ၁၂ နှစ်ကြာ ကျူးကျော် တိုက်ခိုက်ခဲ့သည့် စစ်ပွဲမှာ ထိုက်တန်သော စစ်ပွဲမဟုတ်ဟု အမေရိကန်နိုင်ငံသား ၃ ပုံ ၂ ပုံက ယူဆနေကြောင်း မကြာသေးမီက ပြုလုပ်ခဲ့သည့် စစ်တမ်းကောက်ယူမှုအရ သိရသည်။

Langer Research Associates of New York သုသေသန အဖွဲ့မှ ကမကထပြုကာ အမေရိကန်ရှိ သတင်းအေဂျင်စီများဖြစ်ကြသည့် ABC News နှင့် Washington Post တို့ ပူးပေါင်း၍ စစ်တမ်းကောက်ယူခဲ့ခြင်းဖြစ်ပြီး တွေ့ဆုံးမေးမြန်းသူ ၆၆ ရာခိုင်နှုန်းက အာဖဂန်စစ်ပွဲ အတွက် ပေးဆပ်ခဲ့ ရသည့် ငွေကြေးများနှင့် စစ်သားများ၏ အသက်များမှာ မထိုက်တန်ဟု ပြောကြားခဲ့ပြီး လစ်ဘရယ် သမားများဟု ခံယူထားသူများ၏ ၇၈ ရာခိုင်နှုန်း ကလည်း ထိုကဲ့သို့ပင် ယူဆနေကြသည်။

ထို့ပြင် ဒီမိုကရက်များ၏ ၆၁ ရာခိုင်နှုန်း၊ ရီပက်ဘလစ်ကန်များ၏ ၅၄ ရာခိုင်နှုန်းနှင့် မည်သည့် နိုင်ငံရေးအဖွဲ့တွင်မှ မပါဝင်သူ ၇၁ ရာခိုင်နှုန်းက ထိုစစ်ပွဲအတွက် နောင်တရခဲ့သည်ဟု ဖွင့်ဟပြောဆိုခဲ့သည်။

၂၀၀၁ ခုနှစ်က ဖြစ်ပွားခဲ့သည့် ၉/၁၁ အကြမ်းဖက်တိုက်ခိုက်မှုအား အိုစာမာဘင်လာဒင် ဦးဆောင်သည့် အလ်ကိုင်းဒါးအဖွဲ့ ပြုလုပ်သည်ဟု စွပ်စွဲကာ၊ ကုလသမဂ္ဂ၏ စည်းမျဉ်းစည်းကမ်းနှင့် နိုင်ငံတကာ ဥပဒေများကို ချိုးဖောက်၍ ထိုစဉ်က သမ္မဖြစ်သူ ဂျော့ ဘုရှ်က အိုစာမာဘင်လာဒင်ရှိသည်ဟု ယူဆရသည့် အာဖဂန် နစ္စတန်အား တိုက်ခိုက်ရန် အမိန့်ပေးခဲ့ခြင်းဖြစ်သည်။ ၁၂ နှစ် ကြာမြင့်ခဲ့ပြီဖြစ်သည့် အဆိုပါစစ်ပွဲကြောင့် အာဖဂန်ပြည်သူ သိန်းချီ၍ သေဆုံးခဲ့ရပြီး အများအပြားမှာလည်း ဒုက္ခသည်ဘ၀သို့ ရောက်ရှိခဲ့ကြရသည်။

ဓါတ်ပုံအညွှန်း- စစ်ပွဲဒဏ်ခံရသော အာဖဂန်ကလေးငယ်များ

Ref: The5thestate
Photo AFP

Leave a Reply