6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇန်နဝါရီ ၂၊ ၂၀၁၅
M-Media

၁၄၃၂-ကြိမ်မြောက် တမန်တော်နေ့တွင် တိုင်းရင်းသား၊ နိုင်ငံသား အစ္စလာမ်သာသနာဝင်များထံ ပေးပို့သော နိုင်ငံတော် သမ္မတကြီး အဂ္ဂမဟာသရေ စည်သူ အဂ္ဂမဟာသီရိသုဓမ္မ ဦးဝင်းမောင် (မန်းဝင်းမောင်)၏ ‘တမန်တော်နေ့မြတ်သဝဏ်လွှာ’

 

၁၄၃၂-ကြိမ်မြောက် တမန်တော် ကိုယ်တော်မြတ် ဖွားမြင်တော်မူသည့် အထိမ်းအမှတ်နေ့တွင် မြန်မာနိုင်ငံတော် သမ္မတကြီး ဦးဝင်းမောင်က အောက်ပါ သ၀ဏ်လွှာ ပါးလိုက်ကြောင်း။

ပြည်ထောင်စု မြန်မာနိုင်ငံတော်အတွင်းရှိ မှီတင်းနေထိုင်ကြကုန်သော အစ္စလာမ်ဘာသာဝင် အပေါင်းတို့။

အစ္စလာမ်ဘာသာဝင်အပေါင်းတို့၏ ကရုဏာရှင်ဖြစ်သော တမန်တော်ကြီး၏ မွေးနေ့အထိမ်းအမှတ် အစည်းအဝေးပွဲကြီးသို့ ဤသ၀ဏ်လွှာ ပေးပို့ ရသည့်အတွက် များစွာ နှစ်ထောင်းအားရ ၀မ်းမြောက်လှပါသည်။

အစ္စလာမ်ဘာသာသည် ကမ္ဘာ့ဘာသာကြီးလေးမျိုးတွင် တမျိုးအပါအ၀င်ဖြစ်၍ မြောက်များလှစွာသော ကမ္ဘာသားတို့၏ ကြည်ညိုလေးစားမှုကို ခံယူရသော ဘာသာကြီးဖြစ်သည့် အလျောက် ကမ္ဘာ့အလည်တွင် တင့်တယ်ထင်ရှားလျက် မားမားမတ်မတ် တည်ရှိနေသော ဘာသာရပ်ကြီးပင် ဖြစ်ပါသည်။

ပြည်ထောင်စုမြန်မာနိုင်ငံတော်အတွင်း၌ မှီတင်းနေထိုင်ကြသော အစ္စလာမ်ဘာသာဝင် အပေါင်းတို့သည် ပြည်ထောင်စုမြန်မာနိုင်ငံတော် အစိုးရအား ကျေးဇူးသစ္စာကို စောင့်သိ ရိုသေစွာဖြင့် ကောင်းမွန်စွာ ကျင့်သုံးကိုးကွယ်ကြသည့် အလျောက် ပြည်ထောင်စုမြန်မာနိုင်ငံတော် အစိုးရကလည်း ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ စည်းမျဉ်း ဥပဒေတွင် လွတ်လပ်စွာ ကိုးကွယ်ခွင့်နှင့် အခြားတတ်နိုင်သမျှ လိုအပ်သော အကူအညီများကိုလည်း အားပေးချီးမြှောက် လျက် ရှိပါသည်။

ဘာသာတရားဟူသည်ကား မည်သည့် ဘာသာတရားမဆို ကမ္ဘာသူ ကမ္ဘာသား လူများတို့၏ တိုးတက်ကြီးပွားမှုတို့အတွက် အစောင့်အရှောက် အကွပ် အထိန်းပင် ဖြစ်ပေသည်။ ကြမ်းများသည် အကွပ်အထိန်းရှိမှ တောင့်တင်းခိုင်မာမှုရ၍ အကွပ်မရှိသည့်အခါတွင် ဗရမ်းဗတာကျိုးပဲ့ပြီး ပျက်စီးခြင်းသို့သာ ကျရောက်နိုင်သည်ဖြစ်သည့်အလျောက် ကမ္ဘာသူကမ္ဘာသား တို့သည်လည်း ဘာသာတည်းဟူသော အကွပ်အထိန်းက ထိန်းသိမ်းမှသာလျှင် ယဉ်ကျေးမှု၊ ညီညွတ်မှု၊ ကြင်နာမှု၊ ကိုယ်ချင်းစာမှုတို့ကို ကျင့်ကြံလိမ့်မည် ဖြစ်ပေသည်။

သို့အတွက် မည်သည့်လူမျိုး မည်သည့်ဘာသာဝင်မဆို မိမိတို့၏ ကိုးကွယ်ရာ ဘာသာတရားကို ထိန်းသိမ်းစောင့်ရှောက်လျက် ဘာသာတရားက လမ်းပြညွှန်ကြားထားသည့်အတိုင်း ကျင့်ကြံအားထုတ်စေရန် တိုက်တွန်းကြောင်းနှင့် အစ္စလာမ်ဘာသာဝင် အပေါင်းတို့သည် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာစွာရှိကြ၍ မိမိတို့၏ ဘာသာဝါဒကို လိုက်နာကျင့်သုံးခြင်းအားဖြင့် အစ္စလာမ်သာသနာတော်ကြီး ကြီးပွားရာ ကြီးပွားကြောင်း တိုးတက်ရာ တိုးတက်ကြောင်းတို့ကို ဆောင်ရွက်နိုင်ကြပါစေရန် ဆုတောင်းပတ္တနာ ပြုအပ်ပါသည်။

(ဦးဝင်းမောင်)
နိုင်ငံတော် သမ္မတ
ပြည်ထောင်စုမြန်မာနိုင်ငံတော်

(၁၉၅၉)ခုနှစ်၊ အောက်တိုဘာလထုတ် ကမ္ဘာ့အလင်းမဂ္ဂဇင်းမှ ကူးယူဖော်ပြပါသည်။

Image via-Haji Zaw Tun FB

Leave a Reply