6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ကမ္ဘာကျော် TIMEမဂဇင်းကြီးက ကမ္ဘာသြဇာကြီးမားသူ ၁၀၀စာရင်းကို နိုင်ငံခေါင်းဆောင်၊ အတွေးအခေါ်ရှင်၊ အနုပညာရှင်၊ ဆေးပညာရှင်၊စီးအီးအို စတဲ့ ဂဏ္ဍအလိုက်ပြုစုထုတ်ပြန်ခဲ့ပါတယ် ဒီနှစ်မှာတော့ နိုင်ငံခေါင်းဆောင်၊ အနုပညာရှင်၊ အတွေးအခေါ်ပညာ နှင့် သာမန်ပြည်သူ ဆိုပြီး ဂဏ္ဍ၄ခုခွဲရွေးချယ်ခဲ့ရာ ကမ္ဘာတစ်ဝှမ်းမှ မွတ်စလင်တွေလည်း ပါဝင်ခဲ့ပါတယ် ၂၀၁၀နှစ်ရဲ့ သြဇာကြီးမားသူ ၁၀၀စာရင်းဝင် မွတ်စလင်တွေ ကို TIME မဂဇင်းကြီးက ဘယ်လို ဘယ်ပုံ ရွေးချယ်ခဲ့သလဲဆိုတာ ကိုတင်ပြပေးလိုက်ပါတယ်။


ရှိုခ် ခလီဖာဘင်ဇေယာဒ် အလ် နဟ်ယမ်

သူကတော့ အာရဗ်စော်သွားများပြည်ထောင်စူ ရဲ့ အကြီးအကဲ၊ အဘူဒါဘီမြိုတော့်ရဲ့အုပ်ချုပ်သူလည်းဖြစ်ပါတယ်။ ၂၀၀၉ခုနှစ် ဒူဘိုင်းတွင်ဖြစ်ပေါ်ခဲ့တဲ့ ဘဏ္ဍာရေး အကျပ်အတည်းအတွင်း ဒေါ်လာ၁၀ဘီလီယံ ထောက်ပံ့ကူညီမှုပြုပေးခဲ့ပါတယ်။ဒ့ါပြင်သူဟာ ပြန်လည်ပြည်ဖြိုးရေး စွမ်းအင်ကို အားပေးထောက်ခံသူဖြစ်ပြီး ယူအေအီးကို အစိမ်းရောင် စွမ်းအင်သူတေသန လုပ်ငန်း ခေတ်မှီဆန်းသစ်တဲ့ နည်းလမ်များနဲ့ စွမ်းအင်အသုံးပြုရေး ဘက်ဆီခြေလှမ်းစနေသူ ဖြစ်လို့ သြဇာကြီးမားသူ၁၀၀စာရင်းတွင် ရွေးချယ်ခဲ့ပါတယ်


ရီအင်းမ်း အလ် နမရီ

ယီမင်နိုင်ငံက အသက်၁၂ နှစ်သာရှိသေးတဲ့ အလ် နမရီ ကတော့ အသက်၃၀နှစ်ရှိနေတဲ့သူမအစ်ကိုဝမ်းကွဲဖြစ်သူနဲ့ လက်ထပ်ရမယ့်အရေးကို လူသိရှင်ကြားကန့်ကွက် ငြင်းဆန်ခဲ့သူ သူရဲကောင်းမလေးအဖြစ်နဲ့ ထင်ရှားလာခဲ့သူပါ။ အရွယ် မရောက်သေးတဲ့မိန်းကလေးငယ်အများစုကတော့ လက်ထပ်ထိမ်းမြားရေးကို တော်လှန်နိုင်ခြင်းမရှိကြပေမဲ့ သူမကတော့ ကမ္ဘာတစ်ဝှမ်းက အာရုံစိုက်လာတဲ့အထိကို သတ္တိရှိ၇ှိနဲ့ ဆန့်ကျင်နိုင်ခဲ့ပါတယ်။ ဒါကြောင့်TIME မဂဇင်းကရွေးချယ်လိုက်တာပါ။ ရီအင်းမ်း အလ် နမရီ ရဲ့ ခြေရာလိုက်နင်း တဲ့ မိန်ကလေးငယ် NUJOOD ALI လည်းထပ်မံ ပေါ်ထွက်လာခဲ့ပါတယ်။ အခုခါမှာတော့ ရီအင်းမ်း အလ် နမရီ ဟာ အရွယ်မရောက်သေးတဲ့ မိန်းကလေးငယ်တွေရဲ့ အတင်းအဓမ လက်ထပ်ထိမ်းမြား မှု ကနေ လွတ်မြောက်ရေး နဲ့ သာမန် ကလေးဘ၀အတိုင်းနေထိုင်လိုသူ မိန်းကလေးငယ်တွေရဲ့ အောင်မြင်မှု အမှတ်အသား တစ်ခုလို ဖြစ်လာခဲ့ပါပြီး။


ရီဆဘ်တွိုင်ယဘ်အာဒိုဂန်

သူက တူရကိနိုင်ငံဝန်ကြီးချုပ်ပါ။ကမ္ဘာတစ်ဝှမ်းဖြစ်ပေါ်နေတဲ့ မွတ်စလင်တွေအပေါ် မတရားဆက်ဆံခံနေရမှုတွေကို ဆန်ကျင်ရဲတဲ့ သူရဲ့ခေါင်းဆောင်မှုအရည်အသွေး ရှိသူတစ်ယောက်အဖြစ် အသိအမှတ်ပြုခံရပါတယ် ။ သူက ပါလက်စတိုင်းသားတို့အပေါ် အစ္စရေးရဲ့ ပြုမူဆက်ဆံပုံ။ စင်ကျင်းရှိ ၀ီဂါမွတ်စလင်တွေအပေါ်တရုတ် အစိုးရ ဖိနှိပ်မှုတွေကို ပွင်ပွင့်လင်းလင်း ဝေဖန်ခဲ့ပါတယ်။သူဟာမွတ်စလင် ကမ္ဘာမှာ လောကီယီမ်း နိုင်ငံရဲ့ခေါင်ေးဆာင် အဖြစ်ထင်ရှားမဲ့ လည်း ကမ္ဘာမျက်နှာစာမှာတေ့ မွတ်စလင်တွေ နဲ့ပတ်သက်ရင် ဆက်ဆက်ထိ မခံတုန့်ပြန်တက်သူရယ်လို့ TIME မဂဇင်းက ဆိုပါတယ်။ အာဒိုဂန်ရဲ့ အကြောက်တရားကင်းကင်း နဲ့ထောက်ပြဝေဖန်တက်မှု ၊နေတိုး စစ်အုပ်စုဝင်တစ်ခုတည်းသော မွတ်စလင်နိုင်ငံ ဖြစ်နေခြင်းတို့က ကမ္ဘာအလယ်မှာ သူ့ကို အထင်ကရဖြစ်လာ စေခဲ့ ပါတယ်။ တူရကီနိုင်ငံကို ပြုပြင်ပြောင်လဲရေး လုပ်နေသူအဖြစ်နဲ့လည်းကျော်ကြားပါတယ်။

ဆဲလ်မန်ဖာရက်

ပါလက်စတိုင်းဝန်ကြီးချုပ်ဖြစ်ပါတယ်။သူရဲ့တိကျပြတ်သားတဲ့ အကြမ်းမဖတ်ရေးမူ အစ္စရေးနဲ့ အတူယှဉ်တွဲနေထိုင်တဲ့ ပါလက်စတိုင်း နိုင်ငံစတဲ့ ပါလက်စတိုင်းအရေးနဲ့ပတ်သက်ပြီး စိတ်ဓါတ်ပြင်းထန်သူဖြစ်သူလို့ ဗြိတိန်ဝန်ကြီးချုပ် ဟောင်းတိုနီဘလဲက ဆိုထားပါတယ်။့ အကြမ်းမဖတ် လှုပ်ရှားမှု အစ္စရေးတို့နဲ့ တွေဆုံဆွေးနွေးရေး တို့ကနေ အနာဂတ်ပါလက်စတိုင်း ရဲ့ အခြေခံအဆောက်အအုံ တည်ဆောက်ရေးဆိုင်ရာ၊ ပါလက်စတိုင်းတွင်ကျင့်သုံးမဲ့ လွတ်လပ်တဲ့ဈေးကွက်စီးပွါးရေးစနစ် တွေကို၂၀၀၉ခုနှစ် သြဂုတ်လ မှာ ထုတ်ပြန်ခဲ့ပါတယ်။ မျှော်လင့်ချက်မှုံဝါးနေတဲ့ အနာဂတ်ပါလက်စတိုင်း အတွက် ဂုဏ်ပြုထိုက်တဲ့ စီးပွါးရေးပညာရှင်၊ ခေါင်းဆောင်ကောင်း တစ်ဦးဖြစ်တယ်လို့ TIME မဂဇင်းကဖေါ်ပြ ထားပါတယ်။


ဇဟားဟာဒီးဒ်

သူကကမ္ဘာကျော် ဗိသူကာပညာရှင် အမျိုးသမီးဖြစ်ပါတယ်။ သူမရဲ့ အနုလက်ရာ မြောက် ဗိသူကာဒီဇိုင်းများက သဘာဝဟန် အပြည့်အ၀ပေါင်းစပ်ထားပြီး မုန်တိုင်းခံ ဗိသူကာဒိဇိုင်းတွေဖြစ်တယ်လေို့ DONNA KARANက ချီးကျုးထားပါတယ်။ထူးခြားပြောင်မြောက်တဲ့ ဒီဇိုင်းပုံစံ၊ စိတ်ဝင်စား ဖွယ် ဗိသုကာလက်ယာတွေ ကိုဖန်တီးနိုင်သူလို ဆိုနိုင်ပါတယ်.သူမရဲအားကောင်းတဲ့ ကိုယ်ရည်ကိုယ်သွေး၊ ထက်မြတ်တဲ့ ဥာဏ်ရည်တို့ကြောင့် ယနေ့လူငယ်အမျိုးသမီတွေအကြားမှာ စံပြတစ်ဦင်္းဖြစ်လာခဲ့ပါတယ်။


မလာလိုင် ဂျိုယာ

တာလီဘန်တွေကို ပြင်းပြင်းထန်ထန်ဆန့်ကျင်ခဲ့လို့ အာဖဂန်နစ္စတန် ပါလီမန် ကနေ ထုတ်ပယ်ခံလိုက်ရသူပါ။ သူမကို မတရားထုတ်ပယ်ခဲ့ကြောင်းကို ကမ္ဘာသိအောင်ထုတ်ဖေါ်နိုင်ခဲ့ပါတယ်။ အာဇဂန်မှာကြီးပြင်းလာတဲ့သူမဟာ အစွန်းရောက်တာလီဘန်အတွေအခေါ်တွေကို ပုန်းရှိုကွယ်ရှိုး နဲ့တွန်းလှန်ခဲ့သူလို့ TIME မဂဇင်းက ဆိုပါတယ်။ တာလီဘန်တို့လက်ထက် အမျိုးသမီးပညာရေးကို ပိတ်ပင်ထားတဲ့ ကာလမှာတောင် သူမက အာဖဂန်အမျိုးသမီးတွေ အတွက် မြေအောက်မှာစာသင်ခန်းဖွင့်သင်ကြားပေးနိုင်ခဲ့ပါတယ်။ အာဖဂန်အစိုးရအဖွဲ့ထဲမှာ အမျိုးသမီးတွေ ပါဝင်လာမယ်အရေးကို ပြင်းပြင်ထန်ထန်ဆန့်ကျင်နေတဲ့အချိန်မှာ သူမက ပါလီမန်မှာ ပါဝင်နိုင်ခဲ့ပါတယ်။ သူမရဲ ယုံကြည်ရာ ခံယူချက်အတိုင်း ယနေ့တိုင် မားမားမတ်မတ်ရပ်တည် လျက်ရှိပြီး အမျိုးသမီများအရေးကို ရှေ့တန်းက ဆောင်ရွက်နေသူဖြစ်တယ်လို့ TIME မဂဇင်းက ဖေါ်ပြထားပါတယ်။

အင်ရှာအလ္လဟ် မကြာခင်မှာလည်း ဂျော်ဒန်အခြေစိုက် အစ္စလာမ် မဟာဗျူဟာလေ့လာရေး ဌာမှ ထုတ်ပြန် လိုက်တဲ့
၂၀၁၀ ခုနှစ်ရဲ သြဇာကြီးမား မွတ်စလင် ၅၀၀ ကို တင်ဆက်ပေးနိုင်ဖို့ ကြိုးစားနေပါတယ်

http://www.elanthemag.com/index.php/site/blog_detail/time_100_the_m…

Leave a Reply