6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

မတ်လ ၉ ရက်၊ ၂၀၁၄
M-Media
1902068_499074543536583_2055487554_n

ပျောက်ဆုံးနေသည့် မလေးလေကြောင်းလိုင်းပိုင် လေယာဉ် MH 370 ၊ မလေး-ဘေဂျင်း သွားလေယာဉ်ပေါ်ရှိ ခရီးသည်များအထဲ၌ ပတ်စ်ပို့ အတုဖြင့် တရားမ၀င် စီးနင်းလိုက်ပါလာသူ နှစ်ဦး ပါဝင်နေကြောင်း သိရ သည်။ MH 370 တွင် စီးနင်းလိုက်ပါသွားသူဟု အစောပိုင်း က ဖော်ပြခြင်း ခံရသူ အီတလီလူမျိုး လူဂျီမာရယ်ဒီမှာ တကယ်တမ်းတွင် မူ လေယာဉ် ခရီးစဉ်အတွင်း လိုက်ပါသွားခြင်းမရှိဘဲ ထိုင်းနိုင်ငံတွင် အသက်ရှင်လျက် ရှိနေသေးကြောင်း စင်ကာပူအခြေဆိုက် straitstimes သတင်း က ဖော်ပြသည်။

သတင်းအချက်အလက်များအရ လူဂျီမာရယ်ဒီ၏ ပတ်စ်ပို့အတုဖြင့် အခြားသူတစ်ယောက်က စီးနင်းလိုက်ပါသွားခြင်းသာဖြစ်ကြောင်း၊ မာရယ်ဒီမှာ လွန်ခဲ့သည့်နှစ် သြဂုတ်လကတည်းက အီတလီတွင် ပတ်စ်ပို့အခိုးခံရသည့်ကိစ္စအား အမှုဖွင့်ထားခဲ့ကြောင်း၊ လန်ဒန်အခြေဆိုက် daily mirror သတင်းစာကမူ မာရယ်ဒီအပြင် အခြားတစ်ဦးကလည်း ပတ်စ်ပို့အတုဖြင့် စီးနင်းလိုက်ပါသွားသည်ဟု ဖော်ပြထားကြောင်း၊ ထိုသူကိုင်ဆောင်သွားသည့် ပတ်စ်ပို့မှာ သြစတြေးလျလူမျိုး ခရစ်တီယန် ကိုဇဲဆိုသူ၏ ပတ်စ်ပို့ဖြစ်ပြီး ကိုဇဲမှာ အသက်ရှင်လျက် ရှိနေသေးကြောင်း စသဖြင့် သိရှိရသည်။ မလေးအာဏာပိုင်များကမူ ထိုသူနှစ်ဦးအကြောင်းကို အသေအချာစုံစမ်းစစ်ဆေးသွားမည်ဟု ဆိုသည်။ စီစီတီဗွီကင်မရာမှတ်တမ်းများအရ ခရီးသည်များ၏ ခရီးဆောင်အိတ်များ စစ်ဆေးသည့်အခါ မသင်္ကာဖွယ်တစ်စုံတစ်ရာမျှ တွေ့ရှိခြင်း မရှိခဲ့ကြောင်း သိရသည်။

တရုတ်လူမျိုး ကလေးငယ်တစ်ဦးအပါအ၀င် စုစုပေါင်း ကလေး ငယ်နှစ်ဦးပါဝင်သည့် ပျောက်ဆုံးနေသော အဆိုပါ မလေးလေယာဉ်ကို ရှာဖွေရန်အတွက် အမေရိကန်ရေတပ်က စစ်သင်္ဘောကိုလည်းကောင်း၊ စင်ကာပူ ကာကွယ်ရေးဝန်ကြီး အန်အန်းဟန်မှ ရေငုပ်သင်္ဘော ကိုလည်းကောင်း ကူညီမည်ဟု ကြေညာထားကြသည်။

နောက်ဆုံးရရှိသည့် သတင်းများအရ အမေရိကန်စစ်သင်္ဘော၊ ဗီယက်နမ် ရေပိုင်နက်သို့ စတင်ထွက်ခွာလာပြီဖြစ်ကြောင်း သိရသည်။

Leave a Reply