6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဧပြီ ၂၄၊ ၂၀၁၄
M-Media
– နစ်မြုပ်သွားသည်မှာ ၉ ရက်ရှိသွားပြီဖြစ်သည့် တောင်ကိုရီးယား ခရီးသည်တင်သင်္ဘောမှ သေဆုံးသူများအား ဆက်လက် ဆယ်ယူရရှိနေပြီး ယနေ့ ညနေအထိ ဆယ်ယူရရှိသည့် သေဆုံးသူဦးရေမှာ ၁၇၁ ဦး ရှိလာပြီဖြစ်သည်။

ရေစီးကြောင်းမှာ မထင်မှတ်လောက်အောင် ပြင်းထန်နေသောကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများကို ယနေ့ နေ့လည်ပိုင်းတွင် ၆ နာရီကြာ ရပ်ဆိုင်းခဲ့ရသည်။ အဆိုပါ ၅ ထပ်သင်္ဘော၏ ၃ ထပ်နှင့် ၄ ထပ်တို့တွင် ရှာဖွေရေးလုပ်ငန်းများ လုပ်ကိုင်နေပြီး လက်ယာဘက်အခြမ်း ပြီးစီးသွားပြီဖြစ်ကာ ယခုအခါ ရေငုပ်သမားများမှာ အလယ်ခြမ်းကို ရှာဖွေမှုများ ဆက်လက်ပြုလုပ်နေသည်။

ရေအောက်တွင် အချိန်အတော်အကြာငုပ်ကာ ရှာဖွေရေးလုပ်ငန်းများကို လုပ်ဆောင်နေရသောကြောင့် ရေငုပ်သမားများတွင် မောပမ်းနွမ်းလျမှုများလည်း ရှိလာခဲ့ပြီး ရေတပ်မှ ရေငုပ်သမားတစ်ဦးမှာလည်း ရေဖိအားကြောင့် ဖြစ်ပေါ်သည့် ဝေဒနာကို ခံစားခဲ့ရသည်။

သင်္ဘောပေါ်လိုက်ပါသွားသည့် ခရီးသည်များ၏ မိသားစုဝင် ၄၀ ခန့်မှာ အစိုးရ၏ ကယ်ဆယ်ရေးလုပ်ငန်းများ နှေးကွေးမှုကို ဆန့်ကျင်သောအားဖြင့် ဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရွက်မှု ဌာနချုပ်အရှေ့တွင် သွားရောက်၍ ဆန္ဒပြခဲ့ကြသည်။ အဆိုပါသင်္ဘောတွင် လိုက်ပါသွားသည့် ခရီးသည်များတွင် ၁၃၁ ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်သည်။
ဆင်ဟွာ

Leave a Reply