6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

မေ ၁၇၊ ၂၀၁၄
M-Media
လမင်း
DSC01868

ရန်ကုန် ။ ။ ၂၀၀၈ ဖွဲ့စည်းပုံသည် သာမန်ပြည်သူများနှင့် တပ်မတော်အကြားတွင် ခွဲခြားထားပြီး တန်းတူမှုမရှိတဲ့ ဖွဲ့စည်းပုံဖြစ်သည်ဟု ယနေ့ ဗိုလ်စိန်မှန်ကွင်းတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၈၈မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)တို့မှ ပူးပေါင်းပြုလုပ်သည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဟောပြောပွဲနှင့် လူထုလက်မှတ်ရေးထိုး ဆန္ဒရယူပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ယခုကဲ့သို့ပြောဆိုလိုက်ခြင်းဖြစ်သည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးတွင် တပ်မတော်သည် အဓိကျနေပြီး ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် တပ်မတော်သားများ အနေဖြင့် နိုင်ငံ့အနာဂတ်အတွက် ဂုဏ်သိက္ခာရှိရှိ ရွေးချယ်ဆုံးဖြတ်ရမည့် အချိန်ဖြစ်ကြောင်း၊ ပြည်သူတွေထက်အခွင့်ထူးရနေတဲ့သူများဖြစ်နေပြီး တပ်မတော်သား များ အနေဖြင့် နိုင်ငံရေးလုပ်လို ပါက တပ်မတော်မှ ထွက်ပါဟု ၎င်းကဆက်လက်ဆိုသည်။

“၂၀၀၈ ဖွဲ့စည်းပုံဟာနိုင်ငံတော်ကိုအကျိုးမပြုသလို တိုင်းပြည်ကိုလည်းအကျိုးမပြုပါဘူး။ ၂၀၀၈ ဖွဲ့စည်းပုံကို အတည်ပြုဖို့ လူထုဆန္ဒကောက်ခံပွဲမှာ ပြည်သူလူထု ၉၁ ရာခိုင်နှုန်းကသဘောတူလိုက်တယ်လို့ ပြောတဲ့လူ တွေကို ပြောရက်လိုက်တာလို့ ကျွန်မထင်ပါတယ်။ မဟုတ်တာကို ဟုတ်တယ်လို့ပြောဆိုနေတာဟာ နိုင်ငံအတွက်ကောင်းမွန်တဲ့အနာဂတ်မဟုတ်ပါဘူး။ မိမိကိုယ်ကိုယုံကြည်မှုမရှိလို့ အကာအကွယ်တစ်ခုအနေနဲ့ ဖွဲ့စည်းပုံကိုမပြင်တာလို့ကျွန်မထင်မိပါတယ်၊ အထူးအခွင့်ရေးတွေကိုမလိုချင်ကြပါနဲ့မာနလေးရှိကြပါ” ဟု ဖွဲ့စည်းပုံနှင့်ပတ်သက်ပြီး ပြောခဲ့သည်။

၈၈ မျိုးဆက်ကျောင်းသား ကိုမင်းကိုနိုင်ကလည်း အခြေခံဖွဲ့စည်းပုံပြင်ဆင်ဖို့ကို ပြည်သူအားလုံးက ပြင်ချင် နေတာတောင် သေနတ်ကိုင်နေတဲ့တစ်ယောက်က မရဘူးဆိုရင် အင်မတန်အနိုင်ကျင့်ရာလွန်းပါတယ် ဟုဆိုခဲ့သည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ယနေ့ကျင်းပသော လူထုဟောပြောပွဲသည် လူထုအင်အား ပြသ၍ ခြိမ်းခြောက်သည့် ပွဲမဟုတ်ကြောင်း၊ ပြည်သူလူထုရဲ့ အရည်အချင်းကို ပြသမှုသာဖြစ်ကြောင်း လူထုအင်အားကိုသာ ပြသရမည်ဆိုလျှင် ရန်ကုန်မြို့တစ်မြို့လုံးလမ်းများပေါ်တွင် လူပင်လယ်ကြီးဖြစ်သွားသည်အထိ ပြသ၍ရကြောင်း ပြောဆိုသည်။

ဗိုလ်စိန်မှန်ကွင်းအားကစားကွင်းတွင်ကျင်းပသော လူထုဟောပြောပွဲကြီးသို့ ပြည်သူလူထု သိန်းနှင့်ချီ၍ တက်ရောက်ခဲ့ကြပြီး မေလ ၁၈ ရက်နေ့တွင်လည်း မန္တလေးမြို့တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် ကိုမင်းကိုနိုင်တို့မှ ဆက်လက်ဟောပြောသွားမည် ဖြစ်သည်။

Leave a Reply