6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇွန် ၈၊ ၂၀၁၄
M-media
လမင်း
2
ရန်ကုန်။      ။ ရန်ကုန်တိုင်းဒေသကြီးတွင် ကားလမ်းများပိတ်ဆို့မှုကို ဖြေလျော့ရန်အတွက် ယာဉ် မရပ်ရလမ်းများကို ၅ လမ်း ထပ်မံ တိုးမြှင့်မည်ဖြစ်ကြောင်းကို ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီး လင်းထွဋ်က ဆိုသည်။

“မရပ်ရလမ်းတွေသတ်မှတ်ပြီး ဖမ်းဆီးနေပေမဲ့လည်း ယာဉ်အစီးရေတွေဟာ လျော့ကြသွားတယ်မရှိပါဘူး။ ဒါကြောင့် တိုးမြှင့်ရခြင်းဖြစ်တယ်။ မရပ်ရတဲ့လမ်းမှာ ရပ်ထားတဲ့ကားတွေ့ရက်လည်း ခဏစောင့်ကြည့်နေပါသေးတယ်။ အကြာကြီးနေလို့ မလာမှ ဖမ်းဆီးတာဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။

ယာဉ်ကြောလမ်းရှင်းစေရန်အတွက် ယခင်က ၆၇ လမ်း မကြာသေးမှီ အချိန်ကာလက ၎င်း ၆၇ လမ်းနှင့်ဆက်စပ်လျှက်ရှိသော ၁၀ လမ်း တိုးမြှင့်ခဲ့ပြီး ယခု ၅ လမ်းထပ်မံတိုးမြှင့်ခဲ့ရာ စုစုပေါင်း ရန်ကုန်မြို့တွင် ယာဉ်မရပ်ရလမ်းပေါင်း စုစုပေါင်း ၈၂ လမ်းထိ ရှိလာပြီဖြစ်သည်။

ထပ်မံတိုးမြှင့်မည့် လမ်း ၅ လမ်းမှာ အနောက်မြင်းပြိုင်ကွင်းလမ်းဆုံမှ  အနောက်မြင်းပြိုင်ကွင်းလမ်းအတိုင်း ဦးချစ်မောင်လမ်းလမ်းဆုံထိ၊ လေးထောင့်ကန်လမ်းမှအရှေ့မြင်းပြိုင်ကွင်းလမ်းအတိုင်း  မြောက်မြင်းပြိုင်ကွင်းလမ်းဆုံအထိ၊ ရန်ကင်းလမ်းနှင့် ရန်ရှင်းလမ်းဆုံ မှ ရန်ကင်းလမ်းအတိုင်း စက်မှု(၁) လမ်းဆုံအထိ၊ ကြားတောရလမ်းနှင့် ဗဟန်းလမ်းဆုံမှ ကြားတောရလမ်းအတိုင်း ရေတာရှည်လမ်းဟောင်းအထိဖြစ်ပြီး အာဇာနည်လမ်းနှင့် ဦးထောင်ဗိုလ်လမ်းဆုံမှ အာဇာနည်လမ်းအတိုင်း အနောက်ရွှေဂုံတိုင်လမ်းအထိဖြစ်သည်။

၂၀၁၃ စက်တင်ဘာလမှ စတင်ကာ ယာဉ် မရပ်ရလမ်းများအဖြစ်စတင်သတ်မှတ်ပေးခဲ့ပြီး ယာဉ်ထိန်းရဲဌာနမှ တာဝန်ရှိသူများက ဖမ်းဆီးခဲ့ရာ ၂၀၁၄ မတ်လ ကုန်သည်အထိ စည်းကမ်းမဲ့ယာဉ် ၈၀၀၀ ကျော်ကို ဖမ်းဆီးနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

Leave a Reply