6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇူလိုင် ၂ ၊ ၂၀၁၄
M-Media
Alexander Wolff

10475462_796947263682761_3981716124066055640_n

မန္တလေးတိုင်း ရဲတပ်ဖွဲ့ သတင်းစာ ရှင်းလင်းပွဲပြုလုပ် တဲ့အကြောင်းကို ဖတ်ရပါတယ်။ သူတို့ပြောနေတာတွေကိုလည်း လုံးဝ ယုံလို့မရပါဘူး။ ရှေ့မှာ ဖြစ်ပျက်ခဲ့တဲ့ သာဓကတွေမှာ သူတို့ရဲ့ တာဝန်မဲ့မှု၊ စွမ်းဆောင်ရည်၊ မုသားစကားတွေကို သင်ခန်းစာယူပြီး အခုသူတို့ပြောနေတာတွေကို အကုန်မယုံပါ။

အင်တာနက်မှာပါတဲ့ သတင်းကြောင့် ဆိုင်ပိုင်ရှင်ကို မေးမြန်းတာ၊ အမှုတည်ဆောက်တာ၊ မှန်ကန်မှု ရှိ/မရှိ၊ ကျူးလွန်မှု ရှိ/မရှိ ရဲ လုပ်ငန်းပိုင်းဆိုင်ရာ အနေနဲ့ စစ်ဆေးရတာဆိုရင် လက်တွေ့ အိမ်တွေ၊ဆိုင်တွေ၊ကားတွေကို ဖျက်ဆီးတာ မီးရှို့တာ၊ အော်ဟစ်ဆူပူတာ၊ ထိခိုက်ဒဏ်ရာရအောင်လုပ်တာတွေအတွက်ကျတော့ ထိထိရောက်ရောက် တားဆီးတာမျိုးတွေ ရဲတပ်ဖွဲ့က မပြုလုပ်ခဲ့ပါဘူး။

ကောလဟာသတင်း တစ်ခုကိုကျတော့ မယောင်ရာဆီလူး၊ အလုပ်မရှိကြောင်ရေးချိုးပြီး လူအများ ထင်ယောင်ထင်မှား ဖြစ်အောင်လုပ်ခဲ့တဲ့ ရဲတပ်ဖွဲ့ဟာ တစ်ကယ့်လက်တွေ့ ပြစ်မှုကျူးလွန်နေတဲ့သူတွေကိုတော့ ထိထိရောက်ရောက်တားဆီး အရေးယူတာမျိုး မလုပ်ခဲ့တဲ့အပြင် ရပ်ပဲကြည့်နေခဲ့ကြပါတယ်။

ရဲတွေကိုဝန်ထမ်း အဖြစ်ခန့်ထားတာက ပြည်သူတွေရဲ့ အသက်၊ အိုးအိမ်၊ စည်းစိမ်တွေကိုကာကွယ်ဖို့ ပြစ်မှု ကျူးလွန်သူတွေကို ဖမ်းဆီးဖို့၊ အရေးယူဖို့ဖြစ်ပြီး အခုလို ရပ်ကြည့်နေဖို့ မဟုတ်ပါဘူး။

ပထမတစ်ခါအလိမ်ခံရရင် လိမ်တဲ့သူရဲ့အပြစ်
ဒုတိယတစ်ခါအလိမ်ခံရရင် လိမ်တဲ့သူရဲ့အပြစ်
တတိယတစ်ခါအလိမ်ခံရရင်တော့ အလိမ်ခံရတဲ့သူရဲ့အပြစ်ပါ။

သူတို့ဘာပြောပြော တစ်ကယ်တမ်းဖြစ်လာပြီဆိုရင် ရဲလည်းမယုံပါနဲ့၊ စစ်တပ်လည်းမယုံပါနဲ့၊ သမ္မတလည်းမယုံပါနဲ့ သူတို့တွေကို ဘယ်သူ့ကိုမှအားကိုးလို့မရပါဘူး ကိုယ့်ကို ရန်ပြုတိုက်ခိုက်လာရင် ကိုယ့်အားကိုယ်ကိုးပြီး ခုခံ၊ ကာကွယ်ဖို့ကလွဲလို့ အခြား နည်းလမ်းမရှိပါ။

ဓါတ်ပုံ အညွှန်း -ဇူလိုင်လ ၁ ရက်နေ့ညတွင် အဓိကရုဏ်းနှိမ်နင်းရေး တပ်ဖွဲ့ ဝင်များကို မန္တလေးမြို့ ၂၆ ဘီလမ်းပေါ်တွင်တွေ့ ရစဉ်(ဓာတ်ပုံ-တေဇလှိုင်/ဧရာဝတီ)

Leave a Reply