6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇူလိုင် ၃၊ ၂၀၁၄
M-Media
သုတ

မန္တလေးမြို့တွင် မနေ့ ဇူလိုင်လ ၁-ရက်နေ့ညက စတင်ဖြစ်ပွားခဲ့သော ဘာသာရေးအကြမ်းဖက်မှု အသွင်ဆောင်သည့် အကြမ်းဖက်မှုလုပ်ရပ် လုပ်ဆောင်လာပြီး မွတ်စလင်မ်ပိုင်ပစ္စည်းဥစ္စာများ ဖျက်စီးမှုများရှိခဲ့ပြီးနောက် ဇူလိုင်လ ၂-ရက်နေ့ညနှင့် ယနေ့ ဇူလိုင်လ ၃-ရက် မနက်အစောပိုင်းတို့တွင် မန္တလေးမြို့ရှိ အစ္စလာမ်သာသနာဝင်လူထုအကြား စိုးရိမ်ဖွယ်အခြေအနေများ ခံစားနေရကြောင်းသိရပါတယ်။

ဇူလိုင်လ ၂-ရက် နေ့ည ၁၁-နာရီခန့်ကစတင်၍ မန္တလေးမြို့ ၃၅x၇၅ လမ်းကြား အမြောက်တန်း၊ အရှေ့ကုန်းရိုးနှင့် ၈၄-လမ်း၊ ၃၅x၃၆လမ်းကြားရှိ ဦးကြားကြီးဝင်းတို့တွင် ရန်စမှုများဖြစ်ပေါ်ခဲ့သော်လည်း ပြဿနာကြီးမားစွာ ဖြစ်ပွားခြင်းမရှိခဲ့ကြောင်း သိရပါတယ်။

“အခင်းဖြစ်ပွားတဲ့နေရာတွေကို ကျွန်တော်တို့ ရောက်ခဲ့တယ်။ အမြောက်တန်းကြီးလည်းရောက်တယ်၊ အရှေ့ကုန်းရိုးလည်းရောက်တယ်၊ ၈၄-၃၅ လမ်းထောင့်လည်း ရောက်ခဲ့တယ်။ ရန်စမှုနည်းနည်းရှိခဲ့ပြီး ပြဿနာအကြီးအကျယ် ဖြစ်သွားတာ မရှိသေးပါဘူး။ အခုက ဖေ့ဘွတ်ပေါ်မှာ တင်နေကြတာတွေက ပြည်သူလူထုကို ပိုပြီး စိုးရိမ်သောကတွေ ဖြစ်စေတယ်။ ဒါကြောင့် ဖေ့ဘွတ်မှာတင်နေကြတာတွေကို နည်းနည်းလေး ထိန်းထိန်းသိမ်းသိမ်း တင်စေချင်ပါတယ်။ ကျွန်တော်တို့ အခု မန္တလေးမြို့ထဲမှာ ပတ်နေကြပါတယ်။”လို့ ပဋိပက္ခတားဆီးရေးအဖွဲ့ဝင် တစ်ယောက်က ဆိုပါတယ်။

မန္တလေးမြို့ တည်ငြိမ်အေးချမ်းရေးအတွက် ဂဠုန်နီဆရာတော်၊ ခလီဖွှာဟ်ဦးသိန်းဝင်းအောင်နှင့် အခြားသော ဘာသာရေးခေါင်းဆောင်များ ဦးဆောင်ပြီး ပဋိပက္ခတားဆီးရေးအဖွဲ့မှ မန္တလေးမြို့အတွင်း လှည့်လည်စောင့်ကြည့်နေကြောင်းလည်း သိရပါတယ်။

Leave a Reply