6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇူလိုင် ၉ ၊ ၂၀၁၄
M-Media
တွေ့ဆုံမေးမြန်းသူ-ဆူးထက်

နိုင်ငံခြား တက္ကသိုလ်တွင် ဆေးကျောင်းတက်ရန် ရည်ရွယ်ထားပြီး ကျန်းမာရေး ဗဟုသုတ မရှိသော အရပ်ဒေသများဆီ သွားရောက်၍ ပြည်သူတွေကို အခမဲ့ ဆေးခန်းတွေ ဖွင့်ပေးမယ်ဆိုသည့် ၅ ဘာသာ ဂုဏ်ထူးရှင် မနှင်းဧကရီမျိုး နှင့် M-Media မှ ဆက်သွယ်မေးမြန်းခဲ့ပါသည်။

Hin akari Myo copy

M-Media – ညီမလေးရဲ့ နာမည်၊ မွေးသက္ကရာဇ်၊ အဖေ၊ အမေ နာမည်လေး အရင်ဆုံး မိတ်ဆက်ပေးပါ။
ဖြေ – ညီမ နာမည်က နှင်းဧကရီမျိုး၊ ၂၀.၄.၁၉၉၈ ခုနှစ် မှာ မွေးတာပါ။ ဖေဖေက ဦးမျိုးအောင်၊ အမေက ဒေါ်ကြူကြူမာပါရှင်။

M-Media- ညီမလေး တက္ကသိုလ်ဝင်တန်းကို ဘယ်ကျောင်းက အောင်မြင်ခဲ့ပါသလဲ။
ဖြေ – အ.ထ.က (၅) ဗိုလ်တစ်ထောင်ပါရှင်။

M-Media – ညီမလေး ၅ ဘာသာ ဂုဏ်ထူးနဲ့ အောင်မြင်ခဲ့တယ်လို့ သိရတယ်။ ဘယ်ဘာသာတွေ ဂုဏ်ထူးပါပြီးတော့ အမှတ်ပေါင်း ဘယ်လောက်ရပါသလဲ။
ဖြေ – ဟုတ်ကဲ့။ ညီမ ဂုဏ်ထူး ပါခဲ့တဲ့ ဘာသာရပ်တွေက မြန်မာစာ၊ သချာင်္၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒ၊ အမှတ်ပေါင်း (၄၈၅) မှတ်ဖြင့် အောင်မြင်ခဲ့တာပါရှင်။

M-Media – ညီမလေး အနေနဲ့ ဂုဏ်ထူးထွက်နည်းတဲ့ မြန်မာစာကို ဂုဏ်ထူးပါအောင် ဘယ်လို ကြိုးစားခဲ့လဲ။
ဖြေ – တစ်နေ့စာ တစ်နေ့အပြီး ကျက်တယ်။ အမှတ်ပြည့်ရနိုင်တဲ့ ခက်ဆစ်တွေ၊ ကဗျာတွေ အပေါ်အပိုင်း တွေကို အလွတ်ကျက်တယ်။ တစ်ပတ်ကို တစ်ပုဒ် စာစီစာကုံး လေ့ကျင့်တယ်။ ဆရာ ဂုဏ်ထူး ဦးသိန်းနိုင် ဆီမှာလည်း ၇ တန်းနှစ်ကတည်းက တက်ခဲ့တယ်။

M-Media-  ညီမလေး ဘယ်နှစ်တန်းမှာစပြီး 1 to 10 ၀င်ခဲ့တာလဲ။
ဖြေ – ညီမ ငယ်ငယ်လေးကတည်းက ပထမ၊ ဒုတိယ ကို ရခဲ့တာပါ။ ထူချွန် စာမေးပွဲတွေလည်း ဖြေခဲ့တယ်။

M-Media – ညီမလေးရဲ့ အနာဂတ် ရည်မှန်းချက်က ဘာလဲ။
ဖြေ – ညီမလေးရဲ့ ၆ တန်းကတည်းက ဆရာဝန် လုပ်မယ်လို့ ရည်မှန်းချက် ထားခဲ့တာပါ။ နိုင်ငံခြား တက္ကသိုလ် တစ်ခုမှာ ဆေးကျောင်း တက်မှာပါ။ နှလုံးအထူးကု ဆရာဝန်လုပ်မယ်လို့ ရည်ရွယ်ချက် ထားထားပါ တယ်။ အမေနဲ့ အစ်မကလည်း ညီမလေးအပေါ် အများကြီး မျှော်လင့်ချက်တွေထားပြီး ဖြစ်စေချင်ကြတယ်။ အဲဒီ့အတွက် ကြိုးစားခဲ့တာပါ။

M-Media – ညီမလေး စာမေးပွဲအတွက် ပြင်ဆင်နည်းလေးကို နောင်လူတွေအတွက် မျှဝေပေးပါအုံး။
ဖြေ – အဓိက တစ်နေ့စာ တစ်နေ့ကျက်ဖို့၊ အချိန်ဇယားနဲ့ ကျက်တက်ရင် ပိုကောင်းပါတယ်။ ပြီးတော့ အရေး ကြီးတာက ဆရာ၊ ဆရာမ စာသင်ချိန်တွေမှာ ဂရုစိုက်ပြီး နားထောင်ဖို့ မေးခွန်းဟောင်တွေကြီးကိုပဲ ၂ လ လောက် လေ့ကျင့်ဖို့ပါ။ ဒီဇင်ဘာလလောက်မှာ ပြန်လည် လေ့ကျင့်ခန်းတွေကို စာမေးပွဲ မတိုင်ခင်အထိ လုပ်သင့်ပါတယ်။ ကိုယ် နားမလည်တဲ့ စာတွေကိုလည်း ရှက်ကြောက်မနေပဲ မေးဖို့ လိုပါတယ်ရှင်။

M-Media- ညီမလေးရဲ့ ရည်မှန်းချက် ပန်းတိုင်ဖြစ်တဲ့ နှလုံးအထူးကု ဆရာဝန် တစ်ယောက် ဖြစ်လာပြီဆိုရင် ပြည်သူတွေကို ဘယ်လို အလုပ်အကျွေးပြုမယ်လို့ စိတ်ကူးထားပါလဲ။
ဖြေ – ကျန်းမာရေး ဗဟုသုတ မရှိတဲ့ အရပ်ဒေသဆီ သွားပြီး ပြည်သူတွေကို အခမဲ့ ဆေးခန်းတွေ ဖွင့်ပြီး အကျိုးပြုချင်ပါတယ်။

M-Media – ညီမလေး ဒီအခြေအနေ ဒီနေရာကို ရောက်ရှိဖို့ ဘယ်လိုစိတ်ဓာတ်တွေက လှုံ့ဆော်ခဲ့တာပါလဲ။
ဖြေ – ဘ၀မှာ အမြင့်ဆုံး ပန်းတိုင်ကို ရောက်ဖို့ ရည်ရွယ်ပြီး ကြိုးစားခဲ့တာပါ။

M-Media – လက်ရှိ မြန်မာ့ပညာရေး စနစ်ကို ဘယ်လို အကြံပြု ပြောချင်ပါသလဲ။
ဖြေ – အလွတ်ကျက် ပညာရေး စနစ်လို့ လူအများက ဝေဖန် ပြောဆိုနေကြတဲ့ အဲဒီစနစ် ပပျောက်ဖို့ သင့်ပါ ပြီ။ နိုင်ငံတကာနှင့်လည်း ရင်ဘောင်တန်းနိုင်အောင် ပညာရေး စနစ်ကို မြှင့်တင်သင့်ပါတယ်။

M-Media  – ညီမလေးရဲ့ ဘ၀မှာ စွဲကိုင်လျှောက်လှမ်းတဲ့ ဆောင်ပုဒ်လေးက
ဖြေ – မဖြစ်နိုင်တာ မရှိဘူး။ မဖြစ်သေးတာပဲ ရှိတယ်။ ရိုးရိုးကျင့် မြင့်မြင့်ကြံ။

M-Media – အစ္စလာမ် အမျိုးသမီး တစ်ယောက်အနေနဲ့ နောက်တက်လာမယ့် အမျိုးသမီးငယ်လေးတွေကို ဘာများ ပြောချင်ပါသလဲ။
ဖြေ – ကိုယ်က အစ္စလာမ် တစ်ယောက်ဖြစ်တဲ့အတွက် အခြားသူတွေထက် အများကြီး ကြိုးစားဖို့ လိုအပ် တယ်။ အစ္စလာမ်ဟာ ကိုယ့်ကြောင် ဂုဏ်တက်ဖို့ လိုအပ်တယ်။ ဂုဏ်ထူးတွေ အများကြီးပါအောင် ကြိုးစား သင့်တယ်။ စာလုပ်ရတာ ငြီးငွေ့သွားရင် ကိုယ်ဝါသနာ ပါရာလေးကို ခဏလုပ်ပြီး စိတ်ဖြေလျှော့သင့်တယ်။ ဘာသာရေး ကိုလည်း လုပ်သင့်တယ်။

M-Media – ကျေးဇူး အများကြီး တင်ပါတယ် ညီမလေး။

Leave a Reply