5 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
6 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇူလိုင် ၂၂-ရက်၊ ၂၀၁၄
M-Media
ချမ်းငြိမ်းအေး
IMG_20140627_171816
(၂၀၁၃)ခုနှစ်အတွင်း မိတ္ထီလာမြို့မှာ အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ပြီးနောက် ဒုက္ခသည်များအဖြစ် CAMP တွေမှာ နေထိုင်နေရတဲ့ ဒုက္ခသည်များအနေနဲ့ နေအိမ်များသို့ အမြန်ဆုံး ပြန်ရောက်လိုတဲ့ ဆန္ဒများ ရှိနေကြပါတယ်။ အဲ့ဒါနဲ့ပတ်သက်ပြီး ချမ်းအေးရပ်ကွက်မှာ အိမ်ရာများကို ဆောက်လုပ်နေတဲ့ မိတ္ထီလာမြို့မှ တာဝန်ခံ ဟာဂျီ ဦးမြင့်ဆွေကို မေးမြန်းခဲ့ပါတယ်။

Media ။ ချမ်းအေးမှာ ဒီအိမ်တွေကို ဘယ်အချိန်လောက်က စဆောက်ခဲ့တာပါလဲ။

ဖြေ။ ဒီလုပ်ငန်းစဖို့ ဂိုဒေါင်တွေ စစီစဉ်တဲ့အချိန်က (၁၂)လပိုင်း (၂၆)ရက်ပါ။ အဲ့ဒီကနေစပြီး အကွက်စိတ်တွေ ရိုက်တာက – အာဏာပိုင်အဖွဲ့အစည်းနဲ့ meeting လုပ်ရင်းကနေပြီး (၂၀၁၄)ခုနှစ် (၁)လပိုင်း (၁၄) ရက်မှာ စပြီးတော့ ပန္နက် ရိုက်ပါတယ်။

Media ။ ပြီးစီးမှုအခြေအနေက ဘယ်အထိ ရောက်သွားပါပြီလဲ။

ဖြေ။ ပြီးစီးမှုအခြေအနေက လောလောဆယ် အားလုံးတွက်ချက်လိုက်မယ်ဆိုရင် (၇၀)ရာခိုင်နှုန်းနဲ့ (၇၅)ရာခိုင်နှုန်းအကြားမှာ ရှိတယ်။ အဲ့အထဲမှာ (၂၀) ပါတာလဲ ရှိတယ်။ (၁၅) ပါတာလဲ ရှိတယ်။( ၉၈) ပါတာလဲ ရှိတယ်။ (၉၅) ပါတာလဲ ရှိတယ်။ အဲ့လိုလေးတွေ ရှိတယ်။

Media ။ အဲဒါကတော့ ရာခိုင်နှုန်းအရပေါ့နော်။
ဖြေ။ အင်း၊ ဟုတ်ပါတယ်။

Media ။ စုစုပေါင်းက လုံးချင်းအိမ်က ဘယ်လောက်ပါဝင်သလဲ။

ဖြေ။ စုစုပေါင်း လုံးချင်းက (၃၅၄)လုံးပါ။ အစတည်းက ပိုင်ဆိုင်မှုကို စိစစ်လိုက်တာ နှစ်မျိုးရှိတယ်။ ယခင် မီးမလောင်ခင်တုံးက ပေ ၅၀x၃၀ ပိုင်ဆိုင်မှု ရှိတဲ့လူတွေကို ပေ ၄၀x၃၀ ပိုင်ဆိုင်မှု လုံးချင်းပေးမယ်။ ပေ ၅၀x၃၀ ထက်လျော့နည်းတဲ့သူ၊ ခွဲခြမ်းစိတ်ဖြာပြီး ရောင်းချထားတဲ့ သူတွေကိုကျတော့ နှစ်ခန်းတွဲထဲက တစ်ခန်းပေးမယ်။ ၁၅ပေ x ပေ ၄၀ ရမယ်။ အဆောက်အဦး နှစ်ခန်းတွဲရဲ့ဧရိယာက ပေ၃၀ x ပေ၄၀ ရှိတယ်။ အဲ့ဒါကို တစ်ဝက်ဝက်ပြီး ပေးမယ်။ အဲဒါက အလုံးပေါင်း (၁၇၂)လုံး။ အိမ်ထောင်စုအရဆိုရင်တော့ (၃၄၄)ဦး ရလိမ့်မယ်။

Media ။ အဲဒါဆိုရင် လုံးချင်းက တစ်ဦးတည်းနေရတဲ့ လုံးချင်းရှိလား။

ဖြေ။ တစ်ဦးတည်း ပိုင်ဆိုင်မှုပါ။ ဟိုဟာလည်း တစ်ဦးတည်း ရမယ်။ နှစ်ခန်းတွဲဆိုရင်လည်း တစ်ဦးချင်းရမယ်။ အဲဒါက အခုန ပြောသလို ၅၀x၃၀ လျော့တဲ့သူကို ပေးမယ်။

Media ။ အဆောက်အဦးကရော ၂ ထပ်လား ၃ ထပ်လား။

ဖြေ။ အဲ့ဒီအဆောက်အဦး အစီအစဉ်က ပျက်ပြယ်သွားပါပြီ။ မဆောက်ဖြစ်တော့ပါဘူး။ ဘာလို့လဲဆိုတော့ ဒီမှာက မြေကလည်း ပျော့တာရယ်၊ သံလမ်းနဲ့လည်း နီးတာရယ်၊ ယခင်တုံးကလည်း ဒါက အင်းကြီး။ အဓိကကတော့ တစ်ချက်ပဲရှိတယ်။ အထပ်မြင့်သုံးထပ် စီမံလိုက်တယ်။ စီမံလိုက်ပြီးတော့ မြေပိုင်ဆိုင်မှုမှာ လာပြီး စကားပြောတယ်။ တစ်နေ့တစ်ချိန် မီးမလောင်ဘူး၊ ယိုယွင်းပျက်စီး မသွားဘူးလို့ မပြောနိုင်ဘူး။ ဖြစ်လာပြီဆိုရင် ဥပမာ- ခြောက်ခန်းတွဲ သုံးထပ်ပေးပြီး အိမ်ထောင်စုပေါင်း (၁၈)ဦးနေတယ်။ မီးလောင်လိုက်လို့ ပြန်ဆောက်မယ် ဆိုရင် အဲ့ဒီ (၁၈)ဦးက ဒီအထဲမှာ လာပတ်သွားမယ်။ အန္တရာယ်ရှိနိုင်တယ်။ မြေလုတော့မယ်။ အဲ့ဒါကြောင့်မို့ အဲ့ဒီအစီအစဉ် ပျက်သွားတယ်။

Media ။ အဲဒါဆိုရင် ခုနက လုံးချင်း (၃၀၀)ကျော်က အိမ်ထောင်စုပေါင်း ၃၀၀ ကျော် နေနိုင်တယ်ပေါ့နော်။ နှစ်ခန်းတွဲကျတော့ ဘယ်နှစ်လုံး ရှိပါလဲ။

ဖြေ။ နှစ်ခန်းတွဲက (၁၇၂)လုံး ဆောက်တယ်။ ဒါပေမယ့် ပစ္စည်းပဲ လောလောဆယ် လုပ်ထားသေးတယ်။ ဆောက်ဖို့အတွက်က အနေအထားက လောလောဆယ် မဆောက်နိုင်သေးဘူး။ ဒီ (၃၅၄)လုံးပြီးမှ ဒီအလုပ်ကို စမယ်။ ပြီးသွားရင် လူအားလုံး ထည့်မယ်။ လူထည့်ပြီးမှ နှစ်ခန်းတွဲ တိုက်ခန်းလေးကို စဆောက်မယ်။

IMG_20140627_171830

Media ။ အဲဒါဆိုရင် အခု CAMP တွေမှာ နေနေရတဲ့ လူဦးရေနဲ့ လုံးချင်းတွေ ပြန်ပေးမယ့် လူဦးရေက မျှတမှု ရှိလား။

ဖြေ။ မျှတမှု ရှိပါတယ်။ အစကတည်းကလည်း ပိုင်ဆိုင်မှုနဲ့ စစ်တာပါ။ ပိုင်ဆိုင်မှု ရှိတဲ့လူ ရမယ်။ (မှတ်ချက် အစတည်းက မှီခို၊ အိမ်ငှား၊ ကျူးကျော်တွေကို လောလောဆယ် နေရာချထားမှုထဲမှာ မပါဘူး။)

Media ။ အဲဒါဆိုရင် လောလောဆယ် အခြေအနေအရ သူတို့က CAMP ထဲ နေရဦးမယ့်အုပ်စုမှာ ပါတာပေါ့။

ဖြေ။ CAMP ထဲမှာပဲ ဆက်နေရမယ့်သဘောဆိုတာလည်း မဖြစ်နိုင်ဘူး။ လောလောဆယ်၊ မီးမလောင်ခင်က တည်းက ပိုင်ဆိုင်မှု ပေ ၅၀x၃၀ ရှိတယ်။ ဥပမာ – အဲတုန်းက အန်ကယ်လ်ရဲ့ သားကလည်း အိမ်ထောင်ကျပြီး အိမ်မှာနေတယ်။ အန်ကယ်လ်ရဲ့သမီးကလည်း အိမ်ထောင်ကျပြီး အိမ်မှာနေနေတယ်။ နောက် မီးလောင်လိုက်တယ်။ မီးလောင်လိုက်တော့ ဒုက္ခသည်စခန်းထဲ ရောက်သွားတယ်။ ဒုက္ခသည်စခန်းမှာ အိမ်ထောင်စုလိုက် ပေးတဲ့အပေါ်မှာ သားကလည်း တစ်စု၊ သမီးကလည်း တစ်စု၊ အန်ကယ်လ်က တစ်စုဆိုတော့ သုံးစု ဖြစ်သွားတယ်။ အဲဒီ အပေါ်မှာ အခက်အခဲလေး ဖြစ်သွားတယ်။ ဒါလေးတွေကို စီစစ်ပြီး ထည့်မယ်ဆိုရင်တော့ ဒီကလေးတွေသည် မိဘရဲ့ ပုံစံ(၁၀)ထဲမှာ ရှိတဲ့လူတွေ။ ဟိုမှာက အိမ်ထောင်စုတွေ အများကြီး ဖြစ်နေတာက ခုနပြောသလိုပေါ့၊ ဒီအထဲမှာ ပစ္စည်းရတဲ့အတွက် အိမ်ထောင်စုတွေက ကွဲသွားတယ်။ လင်မယားနှစ်ယောက်ကို တစ်တွဲ၊ အဲ့လို ထုတ်ပေးလိုက်တယ်။ ခံစားခွင့်လေး ရစေချင်လို့၊ ဒါလည်း သူတို့လုပ်တာ မဟုတ်ပါဘူး။ အန်ကယ်လ်တို့ကိုယ်တိုင် ကနဦးအစတည်းက ဒီအလုပ်လေးကို စီစဉ်ပေးထားတာ။ ပြေပြေလည်လည်လေး ဖြစ်သွားစေချင်လို့။

Media ။ ဒီတော့ ခုလိုဆောက်တဲ့အပေါ်မှာရော ကုန်ကျမှုအပိုင်းက ခန့်မှန်း ဘယ်လောက်တွက်ချက် ထားလဲ။ လောလောဆယ် ဘယ်လောက် ကုန်ကျမှု ရှိသွားပြီလဲ။ ကျန်တဲ့ လိုအပ်တဲ့ ငွေပမာဏကို ဘယ်လို ရှာဖွေဖို့ ရှိပါသလဲ။

ဖြေ။ အဲဒါကျတော့ အန်ကယ်လ်တို့ (၃၅၄)လုံး၊ လုံးချင်းခေါ်တာပေါ့။ အဲ့လုံးချင်း အတိုင်းအတာကို အန်ကယ်လ်တို့ အကြမ်းတွက်ချက်မှုမှာ ထုတ်ထားတာက (၇၆)သိန်း (၈)သောင်း။ အဲဒီအတိုင်းအတာပေါ်မှာ လောလောဆယ် (၇၅)ရာခိုင်နှုန်းလောက် ပြီးစီးမှု ရှိထားတယ်ဆိုတော့ လောလောဆယ် လိုအပ်ချက် (၃၅၄)လုံးနဲ့ ပတ်သက်လို့ သိန်း (၈)ထောင်လောက် လိုတယ်။

Media ။ နောက်ထပ် သိန်း (၈)ထောင်လောက်အထိ လိုနေတာလား။

ဖြေ။ ဟုတ်ပါတယ်။ (၃၅၄)လုံးနဲ့ ပတ်သက်လို့က သိန်း(၈)ထောင်လောက် လိုသေးတယ်။ နှစ်ခန်းတွဲနဲ့ပတ်သက်ရင် အပြီးအစီးကုန်ကျမှုက သိန်းပေါင်း (၂)သောင်းနဲ့ (၄)ထောင်ကျော် လိုတယ်။ အဲဒါက လုံးဝ ဘာမှ မစရသေးဘူး။

Media ။ ဟုတ်ကဲ့။ ဒီအိမ်ရာတွေကို MM ရောင်နက်ဗလီမိသားစု အလှူရှင်တွေကနေ စပြီးလုပ်တာလား။

ဖြေ။ MM ရောင်နက်က စပြီးလုပ်တာပါ။ လုပ်တယ်ဆိုတာကလည်း ဒီလိုပါ။ နိုင်ငံတော် စီမံခန့်ခွဲမှုအောက်မှာ MM မိသားစုက တာဝန်ယူကောက်ခံပြီးတော့ သူတို့ကိုယ်တိုင်လည်း ထည့်တယ်။ လိုအပ်တာလည်း သူတို့ ကောက်ခံပေးတယ်။ အန်ကယ်လ်တို့ မိတ္ထီလာကနေ တာဝန်ခံ (၅-၆)ဦး ပေးထားပြီးတော့ ဒီဖက်ဆောက်လုပ်ရေးနဲ့ ပတ်သက်လို့ အန်ကယ်လ်တို့က တာဝန်ယူရတယ်။ သူတို့က ငွေရှာဖွေရေး အာဏာပိုင် အဖွဲ့အစည်းအပိုင်းကို တာဝန်ယူတယ်။ လိုအပ်ချက်တွေကို သူတို့ကို တင်ပြတယ်။ သူတို့က ငွေချ ပေးတယ်။ ကျလာတဲ့အခါလည်း ရှိတယ်။ မကျတဲ့အခါလည်း ရှိတယ်။ ဘာကြောင့် မကျတာလဲဆိုတော့ အန်ကယ်လ်တို့ ဘတ်ဂျတ်နဲ့လဲမဟုတ်ဘူး။ ဒီဟာတွေကို ကြိုတင်ပြီး စုထားတာလဲ မဟုတ်ဘူး။ ကောက်ပြီးမှ အလုပ်လုပ်ရတာ။ တစ်ခါတစ်ခါ သူတို့လည်း စိုက်တယ်။ အန်ကယ်လ်တို့ မိတ္ထီလာကလည်း အနည်းငယ် စိုက်ပါတယ်။ မိတ္ထီလာကော်မတီထဲကလည်း အဲလို စိုက်ပြီး အလုပ်လုပ်နေကြပါတယ်။

Media ။ ဒီမှာ လုံးချင်းတစ်ခုချင်းစီ လှူဒါန်းတဲ့လူရော ရှိလား။

ဖြေ။ ရှိပါတယ်။ ဒီအထဲမှာ ဘယ်နှစ်ဦးရှိလဲဆိုတော့ (၂) ဦးရှိတယ်။ ကိုကျော်စွာက (၈)လုံးခန်း တစ်ခု လှူတယ်။ ဟာဂျီ ယာကွတ်မနီး ဆိုသူ နောက်တစ်ဦးက ပထမ (၈)လုံး လှူတယ်။ နောက်တစ်ခါ (၁၀)လုံး ထပ်လှူတယ်။ နောက်တစ်ကြိမ် ထပ်ပြီး (၁၀)လုံးလှူတော့ ၂၈ လုံး။ ဒီ (၃၅၄)လုံးမှာ အကျုံးဝင်တယ်။

IMG_20140627_172438
Media ။ အဲဒါဆိုရင် ခုနက သိန်း (၂)သောင်း (၄)ထောင်ကျော် ကုန်ကျတဲ့ထဲမှာ ခုနက (၂၈)လုံးဆိုတာ မပါဘူးပေါ့နော်။

ဖြေ။ (၂၈)လုံးက ဒီ သိန်း (၂)သောင်းကျော်ကုန်မယ့် အဲဒီ (၁၇၂)လုံးက စဆောက်ဖို့အတွက် ဖောင်ဒေးရှင်း မပြောနဲ့၊ ပန္နက်ကို မရိုက်သေးတာ။ ဒီထဲမှာလည်း အလ္လာဟ့်အလိုတော်နဲ့ ဘာတွေ ဖြစ်လာလဲဆိုတော့ ဥပမာ-တချို့တချို့ တတ်နိုင်သလောက် အုတ်သမားထဲကနေ အုတ် (၃)သောင်းလှူတာ၊ (၂)သောင်းခွဲလှူတာတို့ရှိတယ်။ ဆောက်သမျှအားလုံးရဲ့ အမိုးကို တစ်ဦးတည်း လှူတယ်။ အဲလိုလေးတွေ အလှူရှင်တွေ ရှိတယ်။ ထပ်ပြီးတော့ ဒီအထဲမှာ ရေသံတိုင်ကီတွေကို ရန်ကုန်က တိုင်ကီလုပ်ငန်းပိုင်ရှင်က တိုင်ကီ အလုံး(၃၀၀)လှူတယ်။ အန်ကယ်လ်တို့က (၃၅၄)လုံး မှာတာ။ အန်ကယ်လ် လိုအပ်တယ်ဆိုရင် – သံနည်းနည်းလိုတယ်ဆိုရင် တချို့တချို့ မန္တလေးကနေ လှူလိုက်တာရှိတယ်။ ပိုက်ဆံနည်းနည်းလိုတယ်ဆိုရင် သိန်းလေးငါးဆယ် လှူလိုက်တာ ရှိတယ်။ အဲ့လိုတိုက်ရိုက်အလှူရှင်တွေ ရှိတယ်။ တစ်ပိုင်တစ်နိုင်လေး လှူတာတွေ အများကြီး ရှိပါတယ်။ တောင်ကြီး (ရှမ်းကယား)အဖွဲ့ကဆိုရင် (၈)လုံး လှူသွားပါတယ်။ လှူတယ်ဆိုတာ ဒီလိုပါ။ သူတို့ကတော့ လာမဆောက်နိုင်ဘူး။ တစ်လုံးရဲ့ ကုန်ကျငွေ ဘယ်လောက်ရှိလဲ။ (၇၅)သိန်း သတ်မှတ်ပေးလိုက်တယ်။ အဲဒီအပေါ်မှာ (၈)လုံးနဲ့ ပတ်သက်တဲ့ ပိုက်ဆံကို လာဖြည့်ပေးတယ်။ ကျွန်တော်တို့ ဆောက်ပြီးသားကို ကမည်းထိုးမယ်။ အဲလိုလေးတွေလည်း ရှိကြပါတယ်။

Media ။ အဲတော့ အခုဒီလုံးချင်းလေးတွေကိုဆိုရင် ဘယ်တော့လောက်ကို လက်စ,သတ်နိုင်မလဲ။

ဖြေ။ လုံးချင်း (၃၅၄)လုံးနဲ့ ပတ်သက်ပြီး (၈)လပိုင်းအကုန်ဆိုရင် အားလုံးပြီးစီးနိုင်တယ်။ (၉)လပိုင်း ပထမ အပတ်ထဲမှာ လူထည့်နိုင်လိမ့်မယ်လို့ မျှော်မှန်းထားတယ်။

Media ။ အဲဒါဆိုရင် (၉)လပိုင်း ပထမအပတ်ဆိုရင် Camp တွေကရော သူတို့တွေကို သွားဖို့ ခွင့်ပြုလိုက်ပြီလား။

ဖြေ။ အန်ကယ်လ်တို့ဘက်က အခုပြီးရင် အခုထည့်လို့ရတယ်။

Media ။ ဒီမှာကြတော့ ဘယ် CAMP က အဓိက ကျန်ခဲ့မလဲ။

ဖြေ။ အဲ့လို မဟုတ်ဘူး။ ဒီမှာ ဒီဟာတွေနဲ့ပတ်သက်တဲ့ CAMP က ၃ ခုပဲရှိတယ်။ မြို့ပေါ်က (၂)ခုရယ်၊ ယင်းတော်ရယ်က ချမ်းအေးနဲ့ပတ်သက်တဲ့ဟာပေါ့နော်။ ဒုက္ခသည်စခန်းထဲမှာရှိနေတာ ရေအရင်းအမြစ်ရယ်၊ ပို့ဆက်ရယ်၊ ယင်းတော်စခန်းရယ်။ ထိုနည်းတူစွာ ကိုယ့်ခင်ရာမင်ရာ ဆွေမျိုးသားချင်းအိမ်မှာ နေနေတာလည်း အိမ်ထောင်စုပေါင်း (၁၀၀)နီးပါးလောက်ရှိတယ်။ အပြင်မှာ နေနေတာနော်။ နောက် ဗုဒ္ဒဘာသာ ကျတော့ သာသနာ့ရက္ခိတ ဆိုတဲ့ကျောင်းမှာ ရှိတယ်။ နောက် မန်းကျီးကုန်း ဘုန်းကြီးကျောင်း ရှိတယ်။ နောက် အုတ်ဖို ကျောင်း တစ်ကျောင်းရှိတယ်။ အဲဒါတွေက ဗုဒ္ဒဘာသာ ဒုက္ခသည်စခန်း (၃)ခုပေါ့။ အဲဒါတွေထဲကလည်း ဒီဟာနဲ့ ဆိုင်တယ်။

Media ။ အဲဒါဆိုရင် အဲဒီ CAMP (၃)ခုက လူတွေရော ဒီကို ပြန်ဝင်ရမှာလား။

ဖြေ။ ပြန်ဝင်ရမယ်။ ခု (၃၅၄)လုံးမှာ အစ္စလာမ်က (၂၅၉)ဦး၊ ဗုဒ္ဒဘာသာက (၉၅)ဦး၊ ဒီအထဲမှာ ယခင် မီးမလောင်ခင်တုန်းက အစ္စလာမ်လည်း ရှိတယ်၊ ဗုဒ္ဓဘာသာလည်း ရှိတယ်။ တရုတ်လည်း နှစ်ဦးရှိတယ်။ ဟိန္ဒူ လည်း (၃)ဦးရှိတယ်။ အိမ်ထောင်စုတွေပေါ့။ ဒါတွေအားလုံးကို သူတို့ပိုင်ဆိုင်မှု မှန်တဲ့သူအားလုံးကို အာဏာပိုင်အဖွဲ့အစည်းက နေရာစိစစ်ပြီးတော့ အကုန်ပြန်ထည့်ပေးမယ်။ အဲလို ထည့်ပေးမှာ။

Media ။ အရင် ကြားဖူးခဲ့တာက ဒီရပ်ကွက်ကိုက မြို့အင်္ဂါရပ်တစ်ခုနဲ့အညီ ကစားကွင်းတွေ၊ ပန်းခြံတွေနဲ့ လုပ်ထားတယ်ဆိုတာ ကြားဖူးတယ်။ အဲလိုမျိုး လုပ်ဖို့ရော အစီအစဉ်ရှိလား။

ဖြေ။ အဲလိုမျိုးလုပ်ဖို့ဆိုပြီး အားကစားကွင်းနဲ့ ပတ်သက်တဲ့ မြေနေရာလေး ချန်ထားတယ်။ စိမ်းလန်းနဲ့ ပတ်သတ် ပြီး ပန်းခြံလိုဟာမျိုး၊ နောက် ဆေးခန်း၊ ဆေးရုံနဲ့ ပတ်သက်ပြီးတော့ – နောက် ကျောင်းနဲ့ပတ်သက်ပြီး မူလတန်း ကျောင်းတို့၊ အလယ်တန်းကျောင်းတို့၊ အဲဒါလေးတွေ နေရာလေးတွေ ချန်ထားတယ်။ မီးသတ်ပါတယ်၊ ကျန်းမာရေး ပါတယ်၊ ရဲကင်းပါမယ်။ နောက် စည်ပင်နဲ့ ပတ်သက်တဲ့ ရေရရှိရေး နေရာလေးတွေ ပါလိမ့်မယ်။ သူတို့က တစ်ချိန်တုန်းကတော့ ပြောခဲ့တာပေါ့နော်။ ဘယ်လိုပြောခဲ့လဲဆိုတော့ သူတို့ဘက်က ကူညီပံ့ပိုး မယ်ပေါ့နော်။ ကျွန်တော်တို့က ဆောက်လုပ်ပြီးတာနဲ့ သူတို့က ကွန်ကရစ်လမ်း ခင်းပေးမယ်။ လမ်းတိုင်းမှာ မီးပေးမယ်။ အင်တာနယ်နဲ့ အိတ်စတာနယ် ခွဲထားတယ်။ အန်ကယ်လ်တို့က အတွင်းပိုင်းကို ထည့်မယ်။ လူတွေ ရောက်လာတာနဲ့ အဲဒီမိသားစုတွေရဲ့ ပုံစံ(၁၀)နဲ့ မီတာဆောက်မယ်။ ဆောက်ပြီးတာနဲ့ တိုင်တွေဆွဲမယ်။ အဲဒီ မီးလိုင်းတွေ အခုလောလောဆယ် သိပ်မသေချာခင်မှာ၊ ထိုနည်းတူစွာ အိမ်တိုင်းကို ရေပေးရေးစနစ်ဆိုပြီးတော့ တိုင်ကီတွေ တင်ခိုင်းလိုက်တယ်။

အန်ကယ်လ်တို့ကို ရေလောင်းအိမ်သာတွေ လုပ်ခိုင်းတယ်။ ဒါတွေလဲ ရေသွင်းရေးစနစ်ကနေ စည်ပင်ကလည်း ဟိုလိုလို ဒီလိုလို ဖြစ်နေတယ်။ ပြောရမယ်ဆိုရင်တော့ ရေဆိုးမြောင်း နောက်တစ်ခုပေါ့။ သူတို့က (၄) ချက်။ လမ်းဖောက်ပေးမယ်။ မီးပေးမယ်။ ရေပေးမယ်။ ဒီဟာနဲ့ ပတ်သတ်တဲ့ ရေဆိုးမြောင်း ဖောက်ပေးမယ်။ ဒီအချက် (၄)ချက်စလုံးသည် ပြောရမယ်ဆိုရင် သူတို့ဘက်က ဘာအခက်အခဲ ရှိလဲတော့မသိဘူး။ တစ်ချိန်တုန်းကတော့ တာဝန်ယူထားတယ်။ ခုကျမှ သူတို့က ဒီအိမ်တွေနဲ့ ပတ်သတ်ပြီး ဆိုလာပြား ကပ်ပေးမယ်ပြောတယ်။ အန်ကယ်လ်တို့နဲ့ ခရိုင်အစည်းအဝေးမှာ တွေ့ပါတယ်။ အခုနောက်တက်လာတဲ့ ခ.ရ.က အသစ်။ ဒီနေရာဒေသကို ခုမှ ဘာမှန်းမသိ၊ မြို့သစ်ထူထောင်မယ်လို့ သူထင်တယ်။ ရှင်းပြလိုက်တယ်။ အိမ်ခြောက်ရာကျော် မီတာဘောက်တွေရှိတယ်။ စလစ်တွေ ရှိတယ်။ ခုမှ မြို့သစ်တည်ထောင်တာ မဟုတ်ပါဘူးလို့ ရှင်းပြလိုက်တယ်။ အဲဒီအပေါ်မှာ သူတစ်ခုခုတော့ စဉ်းစားပေးမယ်လို့တော့ ပြောတယ်။ ဘယ်လို စဉ်းစားလာမလဲတော့ မသိဘူး။

အန်ကယ်လ်တို့ ဒီအဖွဲ့ကပဲ ရေတွင်းလေးတွေ တူးဖို့ သီးခြားအလှူရှင်လေးတွေ ရှာတယ်။ လက်ရှိလည်း တူးနေပါပြီ။ (၃)တွင်းပေါင်းကို ရေငုတ်တစ်ခုပေါ့။ တိုင်ကီတစ်ခု တည်မယ်။ အဲလိုလေးတွေ လုပ်နေပါပြီ။

Media ။ ဒီရေမီးတွေ၊ တူးမြောင်းတွေအတွက် သူတို့ဖက်က လုပ်ပေးမယ်ဆိုတာကို ဘယ်အချိန် လောက်က ပြောဆိုခဲ့တာလဲ။

ဖြေ။ စဆွေးနွေးကတည်းက အဲ့အတိုင်း ဆွေးနွေးတာ။ မြို့အင်္ဂါရပ်နဲ့ ညီအောင်လုပ်ပါ။ ပီပီပြင်ပြင် လုပ်ပါ။ အဆောက်အဦးကို စတောင်းတဲ့အချိန်တည်းက ထန်းကုန်းကို အန်ကယ်လ်တို့ ဆောက်ခဲ့တယ်။ အဲဒီပုံစံလေး ဆောက်ပါမယ်ဆိုတော့ မလုပ်ပါနဲ့ဗျာတဲ့။ ထူးထူးခြားခြားလေးဖြစ်အောင် နှစ်ထပ်တိုက်လေးတွေပဲ ဆောက်ပေးပါဆိုလို့ ဒီဘက်ကအလှူရှင်ကလည်း RC အဆင့်အထိ လုပ်ပေးလိုက်တယ်။ လောလောဆယ် အန်ကယ်လ်တို့ အဓိကလိုအပ်တာက ဘက်ပေါင်းစုံကနေပြီး အလှူရှင်လေးတွေ နည်းနည်းချင်း ဒီမှာဝင်လှူပါ။ တစ်ခြားဖက်ကလည်း တတ်နိုင်သလောက် ကူညီပေးကြပါ။

Leave a Reply