6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

သြဂုတ် (၅)ရက်
M-Media
Thermal-Power plant
. မြန်မာနိုင်ငံ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ရေနွေးငွေ့စွမ်းအင်သုံး ဓါတ်အားထုတ် စက်ရုံတစ်ခုကို အိန္ဒိယအစိုးရ၏ ပံ့ပိုးမှုဖြင့် တည်ဆောက်ရေး ပဏာမဆွေးနွေးမှု တစ်ရပ်ကို ယမန်နေ့က ပြုလုပ်ခဲ့ကြသည်။

အိန္ဒိယ မြန်မာ နှစ်နိုင်ငံကိုယ်စားလှယ်များသည် သြဂုတ်လ (၄)ရက် နံနက် (၁၀း၃၀)နာရီခန့်တွင် တမူးမြို့နယ် စစ်ဌာနချုပ်ရုံးခန်း၌ ဆွေးနွေးကြသည်။

လျှပ်စစ် စွမ်းအားပြည်ထောင်စု ၀န်ကြီး ဦးခင်မောင်စိုး ဦးဆောင်သော မြန်မာကိုယ်စားလှယ်များအနက် စစ်ကိုင်းတိုင်းဒေသကြီး ၀န်ကြီးချုပ်နှင့် တမူးဒေသ နယ်စပ်ကူးသန်းရောင်းဝယ်ရေး ဥက္ကဌ တို့ ပါဝင်ကာ စက်မှုနှင့် ကူးသန်းရောင်းဝယ်ရေ ၀န်ကြီး(မဏိပူရ)ဦးဆောင်သော အိန္ဒိယ ကိုယ်စားလှယ်များ အနက် အိန္ဒိယသံမှူး(မန္တလေး)၊ အထွေထွေစီမံရေး လက်ထောက်မင်းကြီး(မိုရေး)၊ လျှပ်စစ်ဌာန အင်ဂျင်နီယာချုပ်(မဏိပူရ)၊ နယ်စပ် ကူးသန်းရောင်းဝယ်ရေးဥက္ကဌ(မိုရေး)တို့ ပါဝင်သည်။

မြန်မာအစိုးရထိပ်တန်း အာဏာပိုင်များနှင့် တိုင်ပင်ဆွေးနွေးပြီးနောက် အိန္ဒိယအစိုးရ၏ ကမ်းလှမ်းမှုအား ချစ်ကြည်ရင်းနှီးစွာ အကြောင်းပြန်ကြားမည်ဟု ဦးခင်မောင်စိုးမှ ပြောကြားခဲ့သည်။ အဆိုပါဆွေးနွေးမှုတွင် အိန္ဒိယဖက် စစ်ဆေးရေးဂိတ်များ တိုးမြင့် တည်ဆောက်ရေးအပေါ် နားလည်ပေးပါရန် အိန္ဒိယ ကိုယ်စားလှယ်များမှ မေတ္တာရပ်ခံကြသည်။

မြန်မာလုံခြုံရေးတပ်ဖွဲ့များမှ ထိန်းသိမ်းထားသော မဏိပူရနယ်သား အိန္ဒိယလူမျိုး (၆)ဦးနှင့်စပ်လျဉ်း၍ ဦးစားပေး စီမံဆောင်ရွက်၍ တတ်နိုင်သမျှ ဘေးကင်းလုံခြုံစွာဖြင့် အမြန်ဆုံးပြန်လည် ပို့ဆောင်ပေးမည်ဖြစ်ကြောင်း မြန်မာ ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် ဦးခင်မောင်စိုးမှ တုန့်ပြန်ခဲ့သည်။

Ref : e-pao.net

Leave a Reply