5 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
6 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

သြဂုတ် ၃၁၊ ၂၀၁၄
M-Media
MuslimDriver-Saves-Family-from-Fire
– အင်္ဂလန်ရှိ မီးလောင်နေသည့် တိုက်ခန်းတစ်ခုတွင် ပိတ်မိနေသူ မိသားစုအား မွတ်စလင် တက္ကဆီယာဉ်မောင်းတစ်ဦးက ကယ်တင်နိုင်ခဲ့သည်ဟု သိရသည်။

ယမန်နေ့တွင် တော့တင်ဟမ် Wood Green Hhigh လမ်းရှိ တိုက်ခန်းတစ်ခုတွင် မီးလောင်ခဲ့ခြင်းဖြစ်ပြီး ပိတ်မိနေသူများ၏ အော်သံများကို ကြားခဲ့ရသောကြောင့် တက္ကစီထဲတွင် ထိုင်နေသည့် မွတ်စလင် ယာဉ်မောင်း ရဟ်မန်မှ သွားရောက်ကြည့်ရှုခဲ့ကာ ကယ်တင်ခဲ့ခြင်းဖြစ်သည်။

“အော်သံတွေကြားနေရပြီး ရင်ခွင်ပိုက် ကလေးငယ်လေးဟာ သုံးလေးလလောက်ပဲ ရှိပါဦးမယ်။ အချို့လူတွေက ရပ်ပြီး ဓာတ်ပုံရိုက်ယူနေကြပါတယ်။ ကျွန်တော် ဘာပြောရမှန်းတောင် မသိပါဘူး။ ကယ်တင်ရမယ့်အစား လူတိုင်းက ဗီဒီယိုရိုက်နေတာကြောင့် ကျွန်တော် တကယ့်ကို တုန်လှုပ်ခဲ့ရပါတယ်။ ကျွန်တော့်မှာ တူတစ်ယောက်ရှိပြီး ကျွန်တော့်အိမ်သာဖြစ်နေရင် ဘယ်လိုနေမလဲဆိုတဲ့ အတွေးမျိုး ၀င်လာခဲ့ပါတယ်” ဟု အသက် ၂၉ နှစ်အရွယ် ရဟ်မန်က ဒေသတွင်း သတင်းစာသို့ ပြောကြားခဲ့သည်။

ထို့နောက် ရဟ်မန်မှာ လက်တစ်ဖက်မှ ဖုန်းကိုင်၍ ရဲတပ်ဖွဲ့သို့ ဖုန်းခေါ်ကာ ကျန်တစ်ဖက်မှလည်း လှေကားကိုယူ၍ အဆိုပါ မိသားစုအား ကယ်တင်ရန်ကြိုးစားခဲ့သည်။

“ဘာတွေဖြစ်နေလည်းဆိုတာသိဖို့ ကျွန်တော် ရဲတပ်ဖွဲ့ကို ဖုန်းခေါ်ခဲ့ပါတယ်။ ပြီးတော့ အနားမှာရှိတဲ့ ဈေးဆိုင်ကနေပြီးတော့ လှေကားကို ယူခဲ့ပါတယ်။ လူတွေက ပထမထပ်နဲ့ ဒုတိယထပ်မှာဖြစ်ပြီး ပြတင်းပေါက်ကိုဖွင့်ကာ သူတို့အော်နေကြပါတယ်။ ငိုလည်းငိုနေကြပြီး ကလေးတွေရှိတယ်ဆိုတာလည်း ကျွန်တော်တို့ကို ပြနေပါတယ်။ လူတိုင်းက အကူအညီမဲ့နေကြတာပါ” ဟု ရဟ်မန်က ၎င်း၏ အတွေ့အကြုံကို ပြောပြခဲ့သည်။

ရဟ်မန်လှေကားထောင်ပြီးနောက် အခြာလူတစ်ယောက်လည်း ရောက်ရှိလာကာ ကူညီခဲ့ပြီး ၎င်းတို့နှစ်ဦးမှာ ကလေးငယ်များနှင့် ပိတ်မိနေသူအားလုံးအား ပြတင်းပေါက်မှတစ်ဆင့် အပြင်သို့ရောက်အောင် ကယ်တင်နိုင်ခဲ့သည်။

မီးလောင်သည့် တိုက်ခန်းအတွင်း ပိတ်မိနေသူများမှာ ဘယ်လ်ဂျီယံ မိသားစုဖြစ်ပြီး ရဟ်မန်တို့၏ အချိန်မီကယ်တင်နိုင်ခဲ့ခြင်းကြောင့် မည်သည့်ဒဏ်ရာမှ မရရှိဘဲ အချိန်မီ လွတ်မြောက်လာခဲ့သည်။

ဗြိတိန်တွင် အစ္စလာမ်ဘာသာမှာ ခရစ်ယာန်ပြီးနောက် ဒုတိယကိုးကွယ်မှုအများဆုံးဖြစ်ပြီး အစ္စလာမ်ဘာသာဝင်ဦးရေ ၂.၇ သန်းခန့်ရှိနေသည်။

ref_OnIslam & Newspapers

Leave a Reply