6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

စက်တင်ဘာ ၆ ၊ ၂၀၁၄
M-Media
Rhys_Culley_BIT_girlfriend_Chanttelle_Ward_s_lip_in_bid_to_disfigure_her_Mail_Online_-_2014-09-06_12.26.35
– မိမိ၏ချစ်သူ သူများနောက်ပါသွားမည်ကို စိုးရိမ်သောကြောင့် ချစ်သူ၏ နှုတ်ခမ်းအား ကိုက်ဖြတ်ကာ အကျည်းတန်အောင် ပြုလုပ်မှုတစ်ခု အင်္ဂလန်နိုင်ငံ နယူးကာဆယ်တွင် ဖြစ်ပွားခဲ့သည်ဟု သိရသည်။

အသက် ၁၈ နှစ်အရွယ် ချန်တယ်လီ ၀ဒ် အား ချစ်သူဖြစ်သူ အသက် ၂၃ နှစ်အရွယ် ရွိုင်စ် ကူလေးက နမ်းစဉ် ထိုကဲ့သို့ ကိုက်ဖြတ်ခဲ့ခြင်းဖြစ်ပြီး၊ သွေးများကိုလည်း ၀ဒ်၏ မျက်နှာ၌ ပေကျံအောင် ပြုလုပ်ခဲ့သည်။

ကူလေးနှင့် ၀ဒ်တို့ ချစ်သူသက်တမ်းမှာ ၂ နှစ်ကျော်ရှိနေပြီး၊ ၀ဒ်မှာ Facebook ပေါ်တွင် အခြားအမျိုးသားတစ်ဦးနှင့် ဆက်ဆံရေးရှိနေသောကြောင့် ၎င်းတို့နှစ်ဦးကြား မကြေလည်မှုများလည်း ရှိနေခဲ့သည်။

ပြီးခဲ့သည့် အင်္ဂါနေ့တွင် ၀ဒ်၏ မိခင်ဖြစ်သူမွေးနေ့ပွဲအား ၎င်းတို့နှစ်ဦး သွားရောက်ခဲ့ပြီး ပြန်လာခဲ့ရာ ၀ဒ်၏ အိမ်အရောက်တွင် ကူလေးက Facebook မှ ဆက်ဆံရေးအကြောင်း ပြောရာမှ စကားများခဲ့ကြသည်။ ထို့နောက် မိမိအား ချစ်လားဟု မေးမြန်းပြီး ကူလေးက နမ်းစဉ် ထိုကဲ့သို့ နှုတ်ခမ်းအား ကိုက်ဖြတ်ခဲ့ခြင်းဖြစ်သည်။

ဝဒ်အား ရည်ရွယ်ကာ ထိခိုက်နာကျင်စေမှုဖြင့် ကူလေးကို နယူးကာဆယ်တရားရုံက တရားစွဲဆိုထားပြီး စီရင်ချက်ကိုလာမည့်လတွင် ချမှတ်ဖြစ်သည်။ တရားသူကြီးကမူ ကူလေးမှာ ချစ်သူဖြစ်သူအား သ၀န်တိုပြီး သူများနောက်ပါသွားမည်ကို စိုးရိမ်သောကြောင့် အကျည်းတန်သွားစေရန် လုပ်ဆောင်ခဲ့ခြင်းဟု ပြောကြားခဲ့ပြီး ကူလေးကမူ ရည်ရွယ်၍ လုပ်ဆောင်ခြင်းမဟုတ်ကြောင်း ပြန်လည်ချေပခဲ့သည်။

ref_Daily Mail

Tags:

Leave a Reply