6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

စက်တင်ဘာ ၈ ၊ ၂၀၁၄
M-Media
416048_heroa
– ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာဥက္ကဌ ဆပ်ဘလတ္တာ၏ လက်ထက်တွင် ဘောလုံးလောကမှာ ဒုက္ခရောက်နေပြီး၊ ၂၀၁၉ ခုနှစ် ဖီဖာရွေးကောက်ပွဲတွင် ဘလတ္တာ ပါဝင်ယှဉ်ပြိုင်ပါကလည်း မိမိမှာ အံ့အားသင့်မည်မဟုတ်ကြောင်း  ယူအီးအက်ဖ်အေ ဥက္ကဌ ပလာတီနီက ပြောကြားလိုက်သည်။

ဘလတ္တာ ဥက္ကဌတာဝန်ယူစဉ်တစ်လျှောက်လုံးတွင် ဖီဖာမှာ ဖိအားများ၊ ဝေဖန်မှုများနှင့် ကြုံတွေ့ခဲ့ရပြီး၊ ၂၀၁၈ နှင့် ၂၀၂၂ ကမ္ဘာ့ဖလားအိမ်ရှင်ရွေးချယ်မှုတွင် ချစားမှုများရှိခဲ့သည် ဆိုသည့်သတင်းကလည်း ဖီဖာ၏ ဂုဏ်သိက္ခာအား ကျဆင်းစေခဲ့သည်။  ပလာတီနီကမူ ဘလတ္တာအနေဖြင့် ဥက္ကဌရာထူးတွင် ဆက်၍ ရှိမနေသင့်တော့ဟု ဆိုသည်။

“ကျွန်တော်ဟာ သရဲဘောမကြောင်သလို ဆပ်ဘလတ္တာကိုလည်း မကြောက်ပါဘူး။ ဖီဖာကို ဆန့်ကျင်ဖို့လည်း မဆုံးဖြတ်ထားပါဘူး။ ဒါပေမယ့် ဘလတ္တာဟာ ဖီဖာဥက္ကဌရာထူးအတွက် နောက်ထပ် မပြိုင်သင့်တော့ပါဘူး။ ဘလတ္တာကြောင့် ဖီဖာရဲ့ ဂုဏ်သိက္ခာလည်း ကျဆင်းနေပါတယ်။ ဘောလုံးလောကလည်း ဒုက္ခရောက်နေပါတယ်” ဟု ပလာတီနီက Blid သတင်းစာသို့ ပြောကြားခဲ့သည်။

ုထို့ပြင် ၂၀၁၈ နှင့် ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလားအိမ်ရှင်ရွေးချယ်ပွဲတွင် ရုရှားနှင့် ကာတာတို့အား မဲပေးခဲ့ခြင်းနှင့်ပတ်သက်၍ နောင်တမရကြောင်း၊ ထိုကိစ္စနှင့်ပတ်သက်၍ ချစားမှုများရှိပါက သက်သေပြရန်လိုအပ်ကြောင်း ပလာတီနီက ထပ်လောင်းပြောကြားခဲ့သည်။

ပလာတီနီမှာ ဖီဖာဥက္ကဌ ဆပ်ဘလတ္တာနှင့်ပတ်သက်၍ ယခင်ကလည်း ဝေဖန်မှုများ ပြုလုပ်ခဲ့ဖူးသည်။

Tags:

Leave a Reply