5 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
6 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

စက်တင်ဘာ ၁၉ ၊ ၂၀၁၄
M-Media

1411088384234_Image_galleryImage_BELL_Gilchrist_County_She

စပီးရစ်

– အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါရှိ မြို့ငယ်တစ်ခုတွင် မိမိကိုယ်ကို သတ်သေမှုဟု ယူဆရသည့် သေနတ်ဖြင့် ပတ်ခတ်မှုကြောင့် မိသားစုတစ်ခုအတွင်းမှ ကလေးငယ် ၆ ဦးအပါအ၀င် လူ ၈ ဦး သေဆုံးခဲ့သည်ဟု သိရသည်။

ပြည်နယ်မြောက်ဘက် လူ ၃၅၀ ခန့်သာ နေထိုင်သည့် ဘဲလ်မြို့တွင်ယမန်နေ့က ညနေပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အသက် ၅၁ နှစ်အရွယ်ရှိ ဒွန် စပီးရစ်ဆိုသူက အသက် ၂၈ နှစ်အရွယ် သမီးဖြစ်သူ ဆာရာ စပီးရစ်နှင့်အတူ မြေး ၆ ယောက်အား ပစ်သတ်ခဲ့ခြင်းဖြစ်သည်။

ဒွန် စပီးရစ်ကိုယ်တိုင်က မိမိမှာ ကိုယ်တိုင်နှင့် အခြားသူများကို ထိခိုက်အောင် ဆောင်ရွက်တော့မည်ဟု ရဲတပ်ဖွဲ့သို့ အကြောင်းကြားခဲ့သောကြောင့် တာဝန်ရှိသူများက စပီးရစ်၏ အိမ်သို့ လာရောက်ကြည့်ရှုခဲ့ရာမှာ စပီးရစ် အပါဝင် လူ ၈ ဦးသေဆုံးနေကြောင်း တွေ့ရှိခဲ့ရခြင်းဖြစ်သည်။

မြေးများမှာ အသက် ၃ လမှ ၁၀ နှစ်အရွယ်အထိရှိကြပြီး ထိုသတ်ဖြတ်မှုမှာ မိမိကိုယ်ကို အဆုံးစီရင်သည့် လူသတ်မှုဖြစ်နိုင်ကြောင်း၊ စုံစမ်းစစ်ဆေးမှုများကို ဆက်လက်ဆောင်ရွက်နေကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

စပီးရစ်မှာ၂၀၀၁ ခုနှစ်ကလည်း အမဲလိုက်ရင်း ထိုစဉ်က အသက် ၈ နှစ်အရွယ် သားဖြစ်သူကို မတော်တဆ သေနတ်ဖြင့် ပစ်ခတ်မိခဲ့ပြီး လူသတ်မှုဖြင့် ထောင်ဒဏ် ၃ နှစ်ကျခံခဲ့ရသူဖြစ်သည်။

ref_ Daily Mail

Tags: ,

Leave a Reply