6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

အောက်တိုဘာ ၁၄ ၊ ၂၀၁၄
M-Media

Netherlands War Crimes Karadzic

ICC တရားခွင့်မှ Radovan Karadzic

– ရာဒိုဗန် ကာရဒ်ဇစ်မှာ ဦးခေါင်းကို မော့လျက် နိုင်ငံတကာ ရာဇ၀တ်ခုံရုံးရှိ တရားခွင်ထဲမှ ထွက်သွား၏။ ကမ္ဘာ့အထင်ရှားဆုံး စစ်ရာဇ၀တ်မှုအတွက်များ ကြားနာမှုများထဲမှ တစ်ခုတွင် ပါဝင်သည်ဟု စွပ်စွဲခြင်းခံထားရသည့် ၎င်း၏ ပခုံးပေါ်မှ ၀န်ထုတ်ဝန်ပိုးမှာ  လျော့ကျသွားခဲ့ပြီ။ ဆောင်ရွက်စရာ ရှိသည်များကို ဆောင်ရွက်ပြီးခဲ့သည့် ကာရဒ်ဇစ် ၏ ကံကြမ္မာက ယခုအချိန်တွင် ဒိုင်လူကြီး၏ လက်ပေါ်တွင် မူတည်နေပေသည်။

နယ်သာလန်နိုင်ငံ The Hague ရှိ ကုလသမဂ္ဂ စစ်ရာဇ၀တ်ခုံရုံးတွင် ကာရဒ်ဇစ်မှာ လူမျိုးတုန်းသတ်ဖြတ်မှု စွဲချက်နှင့် ပတ်သက်၍ ၅ နှစ်ကြာမျှ တရားရင်ဆိုင်ခဲ့ရသည်။ တရားလိုနှင့် တရားပြိုင် နှစ်ဘက်စလုံးက ၎င်းတို့၏ နောက်ဆုံးကြေညာချက်ကို ပြီးခဲ့သည့် သီတင်းပတ်တွင် တင်သွင်းခဲ့ကြ၏။ ဒုတိယကမ္ဘာစစ်ပြီးကတည်းက ဥရောပတွင် ဖြစ်ပွားခဲ့သော အဆိုးဆုံး ရာဇ၀တ်မှုအချို့အတွက် ကာရဒ်ဇစ်မှာ အဘယ့်ကြောင့် တာဝန်ရှိသည်ဆိုသည်ကို တရားသူကြီးက အကြမ်းဖျင်း ပြောကြးခဲ့သည်။ ကာရဒ်ဇစ် ကိုယ်တိုင်ကတော့ ၎င်းတွင် အပြစ်မရှိကြောင်း ငြင်းဆိုခဲ့လေ၏။

ယူဂိုဆလားဗီးယား ပြည်ထောင်စုတွင်ရှိနေသည့် နိုင်ငံ ၆ နိုင်ငံမှာ လွတ်လပ်သော နိုင်ငံများထူထောင်ရေးအတွက် ၁၉၉၀ ပြည့်နှစ်များတွင် ခွဲထွက်ရန် စိုင်းပြင်းကြနေပြီး ယူဂိုစလားဗီးယား ပြည်ထောင်စုမှာလည်း ပြိုကွဲမည့် အခြေအနေတွင် ရှိနေ၏။ ဘော့စနီးယားတွင်လည်း မွတ်စလင်နှင့် ခရိုအက်များက ခွဲထွက်ချင်ကြသည်။ သို့သော်လည်း ကာရဒ်ဇစ်၏ ခေါင်းဆောင်မှုအောက်တွင် ရှိနေသည့် ဆာ့ဘ်စစ်သားများက ၎င်းတို့အား နှိပ်ကွပ်လေသည်။

၁၉၉၅ ခုနှစ် နေတိုးအဖွဲ့က ဗုံးကြဲမှသာလျှင် တိုက်ခိုက်သတ်ဖြတ်မှုများကို ဆာ့ဘ် စစ်သားများက ရပ်တန့်တော့သည်။ ငြိမ်းချမ်းရေး သဘောတူညီချက်အတွက် ညှိနှိုင်းဆွေးနွေးခဲ့ပြီး ဆာ့ဘ်တို့၏ တိုက်ခိုက်မှုကြောင့် လူတစ်သိန်းကျော် သေဆုံးခဲ့ရသည်။

Genocide in Bosnia

ဘော့စနီးယား မွတ်စလင်တို့အား အစုလိုက် သတ်ဖြတ်ထားပြီး မြှုပ်နှံထားမှုကို ဘောလ်ကန် စစ်ပွဲပြီးဆုံးချိန် ရှာဖွေတွေ့ရှိခဲ့ကြသည်။

“ကာရဒ်ဇစ် အဓိကနေရာက ပါဝင်ခဲ့တဲ့ လူမျိုးတုန်း ရှင်းလင်းရေး ပေါ်လစီအတွက် မျက်မြင်သက်သေတွေနဲ့ အထောက်အထား ရာပေါင်းများစွာတို့က အတည်ပြုနေပါတယ်” ဟု ထိုအမှုအား ကိုင်တွင်နေသည့် တရားသူကြီး အလန် တိုင်းဂါးက ပြောကြားခဲ့သည်။ သူ၏ ကြေညာချက် အဆုံးတွင် ကာရဒ်ဇစ်အတွက် အမြင့်ဆုံး ပြစ်ဒဏ်အဖြစ် တစ်သက် တစ်ကျွန်း ပြစ်ဒဏ်ကို ချမှတ်ပေးရန် တိုင်းဂါးက တောင်းဆိုခဲ့လေသည်။

၅ နှစ်ကြာ ပြုလုပ်ခဲ့သည့် ကြားနာမှုများထဲမှ ထင်ရှားသည့် အချက်အလက် အနည်းငယ်ကို တရားသူကြီး တိုင်းဂါးက အကျဉ်းချုံး ဖော်ပြမှုများ ပြုလုပ်ချိန်တွင် ကာရဒ်ဇစ်မှာ ၎င်း၏ ကိုယ်ပိုင် ရှေ့နေကဲ့သို့ ရပ်ကြည့်ကာ မှတ်စုများရေးနေခဲ့သည်။ တရားသူကြီး၏ ပြောစကားကို အာရုံစူးစိုက်ကာ နားထောင်၏။ နိုင်ငံတကာခုံရုံးများ၏ ရှေ့မှောက် အမှုများနှင့် လုပ်ထုံးလုပ်နည်းများ၏ ရှုပ်ထွေးမှုကိုဖော်ပြကာ ခုခံကာကွယ်သူများက များသောအားဖြင့် ရှေ့နေအဖွဲ့တစ်ခုလုံးကို ခန့်အပ်ကြသည်။

Radovan Karadzic

“သူဟာ ထက်မြတ်တယ်၊ စေ့စပ်တယ်၊ သြဇာရှိတယ် ပြီးတော့ အလုပ်ကိုလည်း ကြိုးစားလုပ်ပါတယ်” ဟု ကာရဒ်ဇစ်၏ ဥပဒေရေးရာ အကြံပေး ပီတာရော်ဘင်ဆန်က ပြောကြားခဲ့သည်။ နိုင်ငံရေးလောကထဲသို့ ခြေမချခင်က ကာရဒ်ဇစ်မှာ ဆေးပညာကို လေ့လာခဲ့ပြီး၊ စိတ်ရောဂါဆရာဝန် အဖြစ်လည်း လုပ်ဆောင်ခဲ့သည်။ ကာရဒ်ဇစ်မှာ ကဗျာလည်း ရေးသူဖြစ်သည်။ တရားခွင်တွင်တော့ ရော်ဘင်ဆန်က ကာရဒ်ဇစ်အား ဒေါက်တာ ကာရဒ်ဇစ် ဟု ခေါ်ဝေါ်လေသည်။

အဆိုပါ တရားခွင်က ကာရဒ်ဇစ်၏ အယူအဆ၊ အဖြစ်အပျက်များတွက် ၎င်း၏ အမြင်များကိုထောက်ခံပေးသည့်နေရာဖြစ်နေသည်ဟု အချို့က စွပ်စွဲကြသည်။

တရားရုံးတွင် ဖြေရှင်းရန် ကာရဒ်ဇစ်ကို အချိန် ၁၀ နာရီ ပေးထားသည်။ ကာရဒ်ဇစ်က တရားခွင်သို့ စာရွက်အထပ်လိုက်ယူလာပြီး ၎င်း၏ရှေ့တွင် ရှိသည့် စားပွဲတွင် မှတ်စုများ ရေးလေ၏။

၎င်းမှတ်ထုတ်ပြန်သော ကြေညာချက်အတို တစ်စောင်တွင် တရားသူကြီးများမှာ လိမ်နေသည်ဟု ကာရဒ်ဇစ်က ရေးသားခဲ့သည်။ သို့သော်လည်း ၎င်း၏ ဝေဖန်ချက်အများစုက သမိုင်းဆိုင်ရာ သင်ကြားခြင်းနှင့် တူညီနေ၏။ မည်သူက၊ မည်သူ့ကို အမိန့်ပေးသည်။ မည်သူက မည်သည့်အချိန်တွင် အကြောင်းကြားသည် စသည်တို့နှင့်ပတ်သက်၍ ကာရဒ်ဇစ်က ဆွေးနွေးသည်။

ထိုသို့ဆောင်ရွက်ခြင်းမှာ ဆရီဘရီနီကာတွင် မွတ်စလင် လူငယ်များနှင့် အမျိုးသား ၈၀၀၀ အသတ်ခံရမှုအား မိမိမသိပါဆိုသည်ကို ပြရန်အတွက် ကာရဒ်ဇစ် မဟာဗျူဟာပင် ဖြစ်လေသည်။

နိုင်ငံတကာ ဥပဒေအရ လူမျိုးတုန်း သတ်ဖြတ်မှု စွဲချက်အတင်ခံရသူမှာ နိုင်ငံသားများ၊ လူမျိုး သို့မဟုတ် ဘာသားရေးဆိုင်ရာ လူအုပ်စုအား ဖျက်ဆီးရန် ရည်ရွယ်ချက်ရှိသည် ဆိုသည်ကို တရားရုံးမှ သက်သေပြရမည်။

သို့သော်လည်း လက်တွေ့ဆောင်ရွက်ရာတွင် ထိုလုပ်ငန်းစဉ် ပြည့်မီရန်အတွက် အခက်အခဲဖြစ်ခဲ့လေသည်။ တရားပြိုင်ဘက်ကမူ အဆိုပါသတ်ဖြတ်မှု၏ သိရုံမျှဖြင့် ကာရဒ်ဇစ်မှာ လူမျိုးတုန်းသတ်ဖြတ်ခဲ့သည်ဟု ပြောရန် မလုံလောက်ဟု ငြင်းချက်ထုတ်ခဲ့သည်။

“သက်သေ ၂၈ ယောက်က ဆရီဘရီနီကာသတ်ဖြတ်မှုအတွက် ဒေါက်တာ ကာရဒ်ဇစ်ကို အကြောင်းမကြားခဲ့ဘူးလို့ သက်သေထွက်ဆိုခဲ့ပါတယ်” ဟု ရှေ့နေ ရော်ဘင်ဆန်က ဆိုသည်။

သို့သော်လည်း ကာရဒ်ဇစ်အနေဖြင့် ထိုအကြောင်းကို သိရှိခဲ့လျှင်လည်း ထိုကိစ္စတွင် ၎င်းအနေဖြင့် လူမျိုးတုန်းသက်ဖြတ်လိုသော ရည်ရွယ်ချက်ရှိမည်ဟု သေချာပေါက် ပြော၍မရ။

“သူလုပ်ခဲ့တာတွေ၊ သူရည်ရွယ်ခဲ့တာတွေကို သိတယ်လို့ သူက ယုံကြည်နေပါတယ်” ဟု ရော်ဘင်ဆန်က တရားခွင် အပြင်ဘက်တွင် အလ်ဂျာဇီးရား သတင်းဌာနသို့ ပြောကြားခဲ့သည်။

ထို့ပြင် ၎င်း၏ အမှုသည်အား တရားသေလွှတ်ပေးရန် အတွက်လည်း တောင်းဆိုခဲ့သည်။ ကာရဒ်ဇစ် ကိုယ်တိုင်ကလည်း မျှတသော တရားရုံးဖြစ်ပါက ၎င်းအား တရားသေလွှတ်ပေးသင့်သည်ဟု ယူဆနေကြောင်း ရော်ဘင်ဆန်က ထပ်လောင်းပြောကြား ခဲ့လေသည်။

ထို့ပြင် ကာရဒ်ဇစ်မှာ အပြစ်မရှိဟု ခံစားနေရသည်ဟုဆို၏။ ၎င်းမှာ ဘော့စနီးယား ပြည်တွင်း စစ်အတွင်း ခံစားခဲ့ရသည့် တိုင်းရင်းသားအုပ်စုများမှ လူအားလုံးအတွက် စာနာနားလည်ပေးသည်ဟုလည်း ဆိုသည်။

“ဆရာဝန် ဒါမှုမဟုတ် စာရေးစရာအဖြစ် ရှေ့ဆက်မသွားဘဲ နိုင်ငံရေးနယ်ပယ်ထဲကို ၀င်လိုက်တာနဲ့ ပတ်သက်ပြီး သူက နောင်တရနေပါတယ်။ ဒါပေမယ့် အဲဒီအချိန်တုန်းက ဒါဟာ သူ့ရဲ့ တာဝန်ပဲလို့ သူက ခံစားခဲ့ရပါတယ်” ဟု ရော်ဘင်ဆန်ကဆိုသည်။

ကာရဒ်ဇစ်မှာ ဘော့စနီယား ဆာ့ဘ်များ ထူထောင်ခဲ့သည့် ဆာပ်ဆကာ ပြည်သူ့သမ္မတနိုင်ငံ၏ သမ္မတအဖြစ် မိမိကိုယ်ကို ကြေညာခဲ့ဖူးသည်။ ထို့ပြင် ထိုနိုင်ငံ၏ စစ်တပ်တွင်လည်း အဓိပတိ ဖြစ်ခဲ့လေသည်။ ယခင် ယူဂိုဆလားဗီးယားနိုင်ငံအတွက် နိုင်ငံတကာ ရာဇ၀တ်ခုံရုံးမှ တရားသူကြီးအဖွဲ့ကတော့ ကာရဒ်ဇစ်မှာ ဆာ့ဘ်မဟုတ်သော လူမျိုးများအပေါ် ကျူးလွန်ခဲ့သည့် ရာဇ၀တ်မှုများ၏ နောက်ကွယ်တွင်ရှိသည့် အယူအဆကို ဖော်ထုတ်ပေးသူအဖြစ် ရှုမြင်ကြလေသည်။

ဆာ့ဘ်စစ်တပ်၏ အကြီးအကဲဟောင်း ရာက်တို မလာဒစ်မှာ ဆာ့ဘ်စစ်သားများ ကျူးလွန်ခဲ့သော စစ်ရာဇ၀တ်များအတွက် The Hauge တွင် တရားစွဲခံနေရသော အဓိက တာဝန်ရှိသူတစ်ဦးဖြစ်၏။

ကာရဒ်ဇစ်အား တရားစွဲဆိုထားမှုများတွင် ဆရီဘရီနီကာတွင်ဖြစ်ပွားခဲ့သည့် သတ်ဖြတ်မှုနှင့် ဆက်စပ်သည့် စွဲချက်လည်း အပါအ၀င်ဖြစ်သည်။ အခြားသော စွဲချက်များတွင် သုံးနှစ်ကျော် ကြာခဲ့သော ဆာရာယေဗိုအား စီးနင်းသိမ်းပိုက်မှုလည်း ပါဝင်သည်။

ထိုကာလအတွင် ဆာ့ဘ် စစ်တပ်မှ စနိုက်ပါတပ်သားများမှာ လမ်းပေါ်တွင်ရှိနေသည့် အရာမှန်သမျှ၊ လူမှန်သမျှကို ပစ်သတ်ခဲ့သည်။ ထို့ပြင် အမြှောက်တပ်ကလည်း ဆရာယေဗို၏ အနီးပတ်ဝန်းကျင်တွင် ရှိရှိသမျှကို ဖျက်ဆီးခဲ့လေသည်။

“ကာရဒ်ဇစ်အာ အကြမ်းဖက်လှုပ်ရှားမှုကို ဦးဆောင်ခဲ့သူပါ” ဟု တရားသူကြီး တိုင်းဂါးက ပြောကြားသည်။

ကြားနာမှုများ ပြုလုပ်နေစဉ် အချိန် ၅ နှစ်အတွင်း မှတ်တမ်းပေါင်း ၈ သောင်းခန့်နှင့် သက်သေခံပစ္စည်း ၁ သောင်းကျော် ထွက်လာခဲ့သည်။ ထိုအမှုမှာ ကာရဒ်ဇစ် အပြစ်ရှိသည်၊ မရှိသည်ကို စစ်ဆေးခြင်း တစ်ခုတည်းသာ မဟုတ်တော့ချေ။

“ဒီကြားနာမှုဟာ စနစ်တကျ ကျူးလွန်ခဲ့တဲ့ ရာဇ၀တ်မှုနဲ့ ပတ်သက်ပြီး ရှိနေတဲ့အထောက်အထားတွေအတွက် သမိုင်းဆိုင်ရာအရေးအကြီးတဲ့ ကြားနာမှုဖြစ်ပါတယ်” ဟု နယူယောက်အခြေစိုက် တရားရေးဆိုင်ရာ NGO တစ်ခုဖြစ်သည့် International Center for Transitional Justice မှ ရီဖစ်က် ဟော့ဒ်ဇစ်က ပြောကြားခဲ့သည်။

ဟော့ဒ်ဇစ် ကိုယ်တိုင်မှာ ဘော့စနီးယားပြည်တွင်းစစ်အတွင်း အကျဉ်းစခန်းများနှင့် ဆာ့ဘ် စစ်သားများသတ်ဖြတ်ထားသော လူသေများကို အစုလိုက်အပြုံလိုက် အများဆုံး မြှုပ်နှံထားသည့် နေရာဖြစ်သော ပရီဂျီဒေါရ်မြို့ငယ်လေးတွင် ကြီးပြင်းလာသူ ဖြစ်လေ၏။

ဒေသတွင်း နိုင်ငံရေးဆိုင်ရာ အကြောင်းအရင်းကြောင့် အဆိုပါကြားနာမှုမှာ လက်တွေ့ အကျိုးသက်ရောက်မှု မရှိသေးဘဲ ကာရဒ်ဇစ်အား အမွှန်းတင်ခြင်း မျိုးသာ ဖြစ်လိမ့်မည်ဟု ဆိုနိုင်သည်။

“ဒါပေမယ့် ဒီအချက်အလက်တွေဟာ တစ်နေ့မှာ ၀န်ခံမှုနဲ့ ပိုမိုကျယ်ပြန့်တဲ့ တာဝန်ုယူမှုတွေ ဖြစ်လာပါလိ့မ်မယ်” ဟု တရားစွဲဆိုခြင်းနှင့် ပတ်သက်၍ ဟော့ဒ်ဇစ်က ပြောကြာခဲ့လေသည်။

 

** Al Jazeera မှ Benjamin Durr ၏ သတင်းဆောင်းပါးကို လေးမောင် ဘာသာပြန်ဆိုသည်။

ဆက်စပ် ဆောင်းပါးဖတ်လိုလျှင်

အာဏာရှင်စနစ်၏ အသက်ကယ်ဆေး (သို့) အစွန်းရောက် အမျိုးသားရေးဝါဒ Click Here

Leave a Reply