6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

အောက်တိုဘာ ၂၃ ၊ ၂၀၁၄
M-Media
Catholic priest conversion story1
– အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်းမှ ခရစ်ယာန် ကက်သလစ်ဘုန်းတော်ကြီးတစ်ဦးမှာ ၁ နှစ်ကျော် မေ့မြောခဲ့ပြီးနောက် ပြန်လည်သတိရလာချိန်တွင် အစ္စလာမ်သို့ ပြောင်းလဲသက်ဝင်ခဲ့သည် ဆိုသော သတင်းမှာ မှားယွင်းသော သတင်းဖြစ်သည်ဟု ထိုသတင်းအား တစ်ဆင့် ဖြန့်ဝေခဲ့သည့် မလေးရှားအွန်လိုင်း သတင်းဌာန Utusan Malaysia က ပြောကြားလိုက်သည်။

အသက် ၈၇ နှစ်အရွယ် စပိန်ဘုန်းတော်ကြီး အက်ဒူရာဒို ဗင်ဆန်ဇို မာရီယာ ဂိုးမက်ဇ်မှာ ခရစ်ယာဘုရားကျောင်း၏ အမိုးအား ပြုပြင်နေစဉ် ပြုတ်ကျခဲ့ပြီးနောက် ၁၇ လခန့် မေ့မြောနေခဲ့ကာ ထိုအချိန်တွင် ဘုရားသခင်က သူ့အား စကားပြောခဲ့ပြီး ကောင်းကင်ဘုံ၏ အလှအပကိုလည်း ပြခဲ့သောကြောင့် သတိရလာသော အချိန်တွင် အစ္စလာမ်ဘာသာသို့ ပြောင်းလဲခဲ့ခြင်းဖြစ်ကြောင်း World News Daily Report ၀ဘ်ဆိုက်တွင် အောက်တိုဘာ ၁၀ ရက်နေ့က လွှင့်တင်ခဲ့သည်။

ထို့နောက် ထိုသတင်းအား တစ်ဆင့်ပြန်လည်မျှဝေသူများ များလာက Utusan Malaysia သတင်းဝဘ်ဆိုက်ကလည်း ထိုသတင်းအား အောက်တိုဘာ ၁၂ ရက်နေ့တွင် ပြန်လည်ဖော်ပြခဲ့သည်။

သို့သော်လည်း ထိုသတင်းနှင့်ပတ်သက်၍ ဝေဖန်မှုများရှိလာခဲ့ပြီး နောက်ဆုံးတွင် လုပ်ကြံထားသည့်သတင်းဖြစ်ကြောင်း တွေ့ရှိခဲ့ရသောကြောင့် Utusan Malaysia က ထိုသတင်းမှာ မှားယွင်းကြောင်း အောက်တိုဘာ ၁၉ ရက်နေ့က ပြန်လည်ဖော်ပြခဲ့ကာ ပရိတ်သတ်များကိုလည်း တောင်းပန်ခဲ့သည်။

ထို့ပြင် World News Daily Report သတင်းဝဘ်ဆိုက်မှာ အစ္စရေး နိုင်ငံ တလ်အဗီးမြို့ အခြေစိုက် ဇီယွန်ဝါဒီ သတင်းဝဘ်ဆိုက် တစ်ခုဖြစ်သည်ကို တွေ့ရှိခဲ့ရပြီး၊ ထိုဝဘ်ဆိုဒ်တွင် တင်ထားသော သတင်းများမှာ စိတ်ကူးယဉ် သတင်းများနှင့် လုပ်ကြံသ တင်းများသာဖြစ်ကြောင်း Utusan Malaysia က ထည့်သွင်းရေးသားခဲ့သည်။

ref_ The Star

Tags:

Leave a Reply