6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

အောက်တိုဘာ ၂၅ ၊ ၂၀၁၄
M-Media

Thai-Cambodia-border-crossing-surin

ထိုင်း နှင့် ကမ္ဘောဒီးယား နယ်စပ်

– ထိုင်းမော်တော် ဆိုင်ကယ်တစ်စီးကို ခိုးယူခဲ့သည်ဟု စွပ်စွဲကာ မိမိတို့နိုင်ငံသားတစ်ဦးအား ထိုင်းစစ်တပ်က ပစ်သတ်ခဲ့မှုအတွက် ကမ္ဘောဒီယားအစိုးရက ရှုတ်ချပြောဆိုလိုက်သည်။

အသက် ၂၁ နှစ်အရွယ် ကမ္ဘောဒီးယားနိုင်ငံသား  Soeun Vorn မှာ ကြာသာပတေးနေ့က ထိုင်းနိုင်ငံ စူရင်ပြည်နယ်အတွင်းသို့ ၀င်ရောက်ကာ Honda Scoopy မော်တော်ဆိုင်ကယ် ခိုးယူမှုနှင် ပတ်သက်၍ သံသယရှိသောကြောင့် ထိုင်းစစ်တပ်က ပစ်သတ်ခဲ့ခြင်းဖြစ်သည်။

“လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေခံ စည်းမျဉ်းများ၊ ကမ္ဘောဒီးယားနှင့် ထိုင်း နှစ်နိုင်ငံ ကောင်းမွန်သောအိမ်နီးချင်းဖြစ်မှု၊ မိတ်ဆွေဖြစ်မှုတို့ကို ချိုးဖောက်ကာ ထိုင်းစစ်တပ်၏ ကြမ်းကြုတ်သော ထိုလုပ်ရပ်အား ကမ္ဘောဒီးယား အစိုးရက ပြင်းပြင်းထန်ထန်ရှုတ်ချလိုက်သည်” ဟု ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက ဖနွမ်းပင်ရှိ ထိုင်းသံရုံးသို့ ပေးပို့သောစာတွင် ရေးသားထားသည်။

ထို့ပြင် ထိုင်းအစိုးရအနေဖြင့် အကြမ်းဖက်မှုကို ရှောင်ရှားရန်အတွက်လည်း တိုက်တွန်းထားသည်။ ထိုင်းစစ်တပ်မှ ကမ္ဘောဒီးယားနိုင်ငံသားများအား ပစ်သတ်မှုမှာ ယခုတစ်ကြိမ်ပါဆိုလျှင် တစ်လအတွင်း နှစ်ကြိမ်ရှိပြီဖြစ်သည်။

ယခုလအစောပိုင်းကလည်း ကမ္ဘောဒီးယား နယ်စပ်တစ်လျှောက် ကင်းလှည့်နေသော ကမ္ဘောဒီးယား သစ်ခုတ်သမားများနှင့် စစ်သားများအား ထိုင်းစစ်တပ်မှ ပစ်ခတ်ခဲ့ပြီး သစ်ခုတ်သမား ၂ ဦးသေဆုံးခဲ့ကာ ကမ္ဘောဒီးယားစစ်သားတစ်ဦး ဒဏ်ရာရရှိခဲ့သည်။

ကမ္ဘောဒီးယား ပြည်ထဲရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ ထိုင်းစစ်တပ်မှာ ပြီးခဲ့သည့်နှစ်က တရားမ၀င်နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသည့် ကမ္ဘောဒီးယား သစ်ခုတ်သမား ၆၉ ဦးအား ပစ်သတ်ခဲ့သည်ဟု သိရသည်။

ဆင်ဟွာ

Tags: ,

Leave a Reply