6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

နိုဝင်ဘာ ၂ ၊ ၂၀၁၄
M-Media
Malala to donate $50,000 children’s prize to Gaza schools
– အစ္စရေးတို့၏ သီတင်းပတ် ၆ ပတ်ကြာ ကျူးကျော် တိုက်ခိုက်မှုကြောင့် ပျက်ဆီး သွားခဲ့သည့် ဂါဇာဒေသရှိ စာသင်ကျောင်းများ ပြန်လည် တည်ဆောက်ရေးအတွက် ၂၀၁၄ ခုနှစ် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ပါကစ္စတန် အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူ မာလာလာက ယူစွဖ်ဇိုင်က ကန်ဒေါ်လာ ၅၀၀၀၀ လှူဒါန်းခဲ့သည်ဟု သိရသည်။

ထိုလှူဒန်းငွေမှာ မာလာလာ ချီးမြှင့်ခြင်း ခံခဲ့ရသည့် “ကမ္ဘာ့ကလေးများဆိုင်ရာဆု” မှ ဆုကြေးငွေများဖြစ်ပြီး အောက်တိုဘာ ၂၉ ရက်နေ့က ဆွီဒင်နိုင်ငံ၌ ပြုလုပ်ခဲ့သော ဆုချီးမြှင့်ပွဲ အခမ်အနားတွင်ပင် မာလာလာက ၎င်း၏ အလှူဒါနကို ကြေညာခဲ့ခြင်းဖြစ်သည်။

“ကျွန်မရရှိခဲ့တဲ့ “ကမ္ဘာ့ကလေးများဆိုင်ရာဆု” က ဆုငွေအားလုံးဟာ အလွန့် အလွန်ဒုက္ခရောက်နေတဲ့ ဂါဇာက စာသင်ကျောင်းတွေနဲ့ ကျောင်းသားတွေကို ကူညီဖို့ ပေးအပ်မယ်ဆိုပြီး ကြေညာရတာ အရမ်းကို ဂုဏ်ယူမိပါတယ်” ဟု နောက်ပိုင်း၌ ထုတ်ပြန်ခဲ့သော ကြေညာချက်တွင် မာလာလာက ပြောကြားခဲ့သည်။

မာလာလာ၏ အဆိုပါလှူဒါန်းငွေမှာ ပါလက်စတိုင်းတွင် ပြန်လည်ထူထောင်ရေး လုပ်ကိုင်နေသော ကုလသမဂ္ဂ အကူအညီပေးရေး အေဂျင်စီ UNRWA အဖွဲ့သို့ ရောက်ရှိမည် ဖြစ်သည်။ UNRWA အဖွဲ့မှာ အစ္စရေးတို့၏ ကျူးကျော်တိုက်ခိုက်မှုကြောင့် ပျက်ဆီးသွားခဲ့သည့် ဂါဇာရှိ စာသင်ကျောင်း ၈၃ ကျောင်း ပြန်လည်ဆောက်လုပ်ရေးလုပ်ငန်းကို ဦးဆောင် လုပ်ကိုင်နေသည်။
Malala to donate $50,000 children’s prize to Gaza schools 2
အစ္စရေး၏ ကျူးကျော်တိုက်ခိုက်မှုများတွင် ဂါဇာရှိ ကျောင်းပေါင်း ၂၅၀ ကျော် ပျက်ဆီးခဲ့ပြီး ၂၂ ကျောင်းမှာ လုံးဝပြိုကျပျက်ဆီးကာ ထပ်မံ၍ အသုံးပြုနိုင်တော့မည်မဟုတ်ဟု ယူနီဆက်ဖ်၏ ထုတ်ပြန်မှုများအရ သိရသည်။

“လိုအပ်ချက်တွေကတော့ တစ်ပုံတစ်ပင်ပါပဲ။ ဂါဇာလူဦးရေရဲ့ တစ်ဝက်ကျော်က အသက် ၁၈ နှစ်အောက်တွေပါ။ သူတို့ဟာ အနာဂတ်တစ်ခုကို ပုံဖော်ဖို့အတွက် အရည်အသွေးပြည့်ဝတဲ့ပညာရေး၊ မျှော်လင့်ချက်နဲ့ စစ်မှန်တဲ့ အခွင့်အလမ်းတွေကို ရရှိခံစားချင်ကြပါတယ်။ အပြစ်မဲ့ ပါလက်စတိုင်း ကလေးငယ်လေးတွေဟာ ဆိုးဆိုးရွားရွား ထိခိုက်ခံစားခဲ့နေရတာ သိပ်ကိုကြာပါပြီ။ ပါလက်စတိုင်းက ယောက်ျားလေးတွေ၊ မိန်းကလေးငယ်လေးတွေနဲ့ နေရာတိုင်းမှာရှိတဲ့ ကလေးတွေ လုံခြုံမှုရှိတဲ့ ပတ်ဝန်းကျင်တစ်ခုမှာ အရည်အသွေးရှိတဲ့ ပညာရေးစနစ်တစ်ခုရလာအောင် ကျွန်မတို့အားလုံးက မဖြစ်မနေ ဆောင်ရွက်ပေးရမှာပါ။ ဘာ့ကြောင့်လည်းဆိုတော့ ပညာရေးမရှိရင် ငြိမ်းချမ်းရေးဆိုတာ ဘယ်တော့မှ ရှိမှာမဟုတ်ပါဘူး။ ဒါ့ကြောင့် ငြိမ်းချမ်းရေးနဲ့ ပညာရေးအတွက် ကျွန်မတို့ အတူတကွ ရပ်တည်ကြပါစို့” ဟု မာလာလာက ၎င်း၏ ကြေညာချက်တွင် ထည့်သွင်းပြောကြားခဲ့သည်။

ချီးကျူး

ကမ္ဘာ့ကလေးများဆိုင်ရာဆုမှ ရရှိသည့် ဆုကြေးငွေအားလုံးကို လှူဒါန်းခဲ့သည့် မာလာလာ၏ ဆုံးဖြတ်ချက်က မိမိတို့နှလုံးသည်းပွတ်ကို လှုပ်ရှားစေခဲ့သည်ဟု UNRWA မှ တာဝန်ရှိသူများက ပြောကြားခဲ့သည်။

stream_img

“ပြောင်မြောက်တဲ့ သတ္တိတွေပြခဲ့ပြီး ကလေးတစ်ယောက်အတွက် ပညာရေးစနစ်ကောင်းတစ်ခုရဖို့ အရေးပါတဲ့ အခွင့်အရေးအတွက် ရဲရဲတောက် လှုပ်ရှားပေးခဲ့တဲ့ နိုဘယ်ဆုရှင် အသင့်ရဲ့ ဒီလို အသိအမှတ်ပြုမှုက ဂါဇာမှာရှိတဲ့ ကျောင်းသား ၂ သိန်းခွဲလောက်နဲ့  ဆရာ ၉၀၀၀ ကျော်လောက်ရဲ့ စိတ်ဓာတ်တွေကို မြှင်တင်ပေးပါလိမ့်မယ်။ (အစ္စရေးရဲ့) တိုက်ခိုက်မှုအတွင်းမှာ သူတို့ရဲ့ နာကျင်ခံစားရမှုတွေက ဆိုးရွားပြင်းထန်ခဲ့ပါတယ်။ သင့်ရဲ့ ကြင်နာမှုကတော့ မကြာသေးခင်လတွေက ခံစားခဲ့ရတဲ့ သူတို့ရဲ့ နာကျင်မှုတွေကို လျော့ပါး သက်သာစေပါလိမ့်မယ်” ဟု UNRWA မှ ကော်မရှင်နာ ပီယာရီ ကရာဟန်ဘူးလ်က ပြောကြားခဲ့သည်။

ထို့ပြင် မာလာလာမှာ ပါလက်စတိုင်းနှင့် အခြားဒေသများရှိ နောက်ထပ်မျိုးဆက်တစ်ခုအတွက် အားကျဖွယ်ကောင်းသည့် ပုံရိပ်တစ်ခုဖြစ်ပြီး မိမိတို့အားလုံးအတွက်လည်း အားကျစရာ ပုဂ္ဂိုလ် တစ်ဦးဖြစ်ကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

ယခုလအစောပိုင်းတွင် ကြေညာခဲ့သော ၂၀၁၄ ခုနှစ် နိုဘယ်ငြိမ်းချမ်းရေးဆုကို အသက် ၁၇ နှစ်အရွယ် မာလာမှာ အိန္ဒိယမှ ကလေးငယ်များအခွင့်အရေးလှုပ်ရှားသူ ကိုင်လာရှ် ဆက်ယာသီနှင့်အတူ ပူးတွဲရရှိခဲ့သည်။

ထို့နောက် ဆွီဒင်နိုင်ငံက ချီးမြှင့်ခဲ့သော  “ကမ္ဘာ့ကလေးများဆိုင်ရာဆု” ကိုလည်း မာလာလာက ရရှိခဲ့ပြီး သိက္ခာကြီးများသော ဆုနှစ်ခုကို ပထမဆုံး ရရှိခဲ့သူတစ်ဦးလည်း ဖြစ်လာခဲ့သည်။

source: OnIslam & News Agencies

Tags: ,

Leave a Reply