6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

နိုဝင်ဘာ ၄ ၊ ၂၀၁၄
M-Media
03-11-14_Calgary-Muslims-Rally-against-ISIL
– သူရဲကောင်းဗိမာန်တွင် သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရပြီး သေဆုံးသွားခဲ့သည့် ကနေဒါစစ်သားအား ဂုဏ်ပြုရန်နှင့် အကြမ်းဖက်လုပ်ရပ်များကို ရှုတ်ချရန် ရည်ရွယ်သော ချီတက်လမ်းလျှောက်ပွဲတစ်ခုကို ကနေဒါနိုင်ငံ ကဲလ်ဂရီမြို့ရှိ အစ္စလာမ်ဘာသာဝင်များက ပြုလုပ်ခဲ့ကြသည်ဟု သိရသည်။

အစ္စလာမ့်ပြက္ခဒိန် ပထမမြောက်လဖြစ်သော မုဟရမ်လ ၁၀ ရက် အာရှုရာနေ့ အခမ်းအနားတွင် ထိုကဲ့သို့ ချီတက်လမ်းလျှောက်ခဲ့ကြခြင်းဖြစ်ပြီး အစ္စလာမ်ဘာသာဝင် အများအပြား ပါဝင်ခဲ့ကြသည်။

“အစ္စလာမ်ဆိုတာ ငြိမ်းချမ်းရေး သာသနာပါ။ အကြမ်းဖက်ဝါဒကို ဆန့်ကျင်ဖို့ ကျွန်တော်တို့ဟာ ဒီနေရာမှာ အတူတကွရှိတောပါ” ဟု ကဲလ်ဂရီမြို့ရှိ ဟူစိန်နီအသင်းနှင့် မွတ်စလင်လူ့အဖွဲ့အစည်း အကြီးအကဲဖြစ်သူ ရီယက်ဇ် ခ၀ါဂျာက နိုဝင်ဘာ ၂ ရက်နေ့တွင် CBC သတင်းဌာနသို့ ပြောကြားခဲ့သည်။

ပြီးခဲ့သည့်ရက်များက အိုတာဝါရှိ သူရဲကောင်းဗိမာန်နှင့် လွှတ်တော်တို့တွင် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး နောက်ပိုင်း ကနေဒါနိုင်ငံတစ်ဝှမ်း မွတ်စလင်ဆန့်ကျင်ရေး လှုပ်ရှားမှုများ ခေါင်းထောင်လာခဲ့သည်။

ထိုကဲ့သို့ အကြမ်းဖက် ပစ်ခတ်မှုကို မွတ်စလင်အဖွဲ့အစည်းအားလုံးက ရှုတ်ချခဲ့ကြပြီး၊ မွတ်စလင်ဆန့်ကျင်ရေး လှုပ်ရှားမှုများကိုလည်း ကနေဒါအစိုးရ အရာရှိများအပါအ၀င် ကနေဒါပြည်သူများက ကန့်ကွက်ရှုတ်ချကာ လူနည်းစု မွတ်စလင်လူ့အဖွဲ့အစည်းအား ဖေးမခဲ့ကြသည်။

“ဒီနိုင်ငံကို အတူတကွ တည်ဆောက်ဖို့၊ ငြိမ်းချမ်းရေးပြန့်ပွားဖို့နဲ့ မေတ္တာတရားတွေ မျှဝေဖို့ ကျွန်မတို့ဟာ ဒီမှာရှိနေတာပါ။ ကျွန်မတို့ရဲ့ မျိုးရိုးက အရှေ့အလယ်ပိုင်းက ဖြစ်ပေမယ့် ကျွန်မတို့က ကနေဒါနိုင်ငံသားတွေပါ” ဟု အဆိုပါ ချီတက်လမ်းလျှောက်ပွဲတွင် ပါဝင်ခဲ့သည့် ဖာတီမာ အဲလ်ဘာရီက ပြောကြားခဲ့သည်။

ကဲလ်ဂရီမြို့တွင် မွတ်စလင်များမှာ နှစ်စဉ်နှစ်တိုင်း အာရှုရာနေ့ အခမ်းအနားများ ပြုလုပ်ကြပြီး ထိုအခမ်းအနားများမှ တစ်ဆင့် အစ္စလာမ်သာသနာအပေါ် အထင်အမြင် လွဲမှားမှုများအား ဖြေရှင်းခဲ့ကြကာ အစ္စလာမ်ဆိုသည့် ငြိမ်းချမ်းရေး သာသနာမှာ မည်ကဲ့သို့သော သာသနာဖြစ်သည်ကို အစ္စလာမ် ဘာသာဝင် မဟုတ်သူများအား ရှင်းပြခဲ့ကြသည်။

ကနေဒါနိုင်ငံ၏ ၃၂ သန်းသော လူဦးရေတွင် ၂.၈ ရာခိုင်နှုန်းမှာ အစ္စလာမ်ဘာသာကို သက်ဝင် ယုံကြည်ကြသူများဖြစ်ပြီး၊ အများစုမှာ ပညာတတ်များဖြစ်ကာ ကနေဒါနိုင်ငံသား ဖြစ်ရသည်ကို ဂုဏ်ယူကြသူများဖြစ်သည်ဟု စစ်တမ်းကောက်ယူမှုများအရ သိရသည်။

ှSource: OnIslam & News Agencies

Leave a Reply