6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

နိုဝင်ဘာ ၁၂ ၊ ၂၀၁၄
M-Media
8780f6a4-14f7-40bc-8b41-b36aaedf0a97_16x9_600x338

– လူပေါင်း ငါးထောင်ကျော် သေဆုံးခဲ့သည့် အီဘိုလာဗိုင်းရပ်စ်ပိုး ပြန့်နှံ့မှုအား တွန်းလှန်ရာတွင် Facebook မှတစ်ဆင့် အလှူငွေများ လွယ်ကူစွာ လှူးဒါန်းနိုင်ရန်အတွက် button တစ်ခုထည့်သွင်းရန် Facebook Inc က စီစဉ်နေသည်ဟု သိရသည်။

အဆိုပါ Button ကို လာမည့် သီတင်းပတ်များအတွင်း ထည့်သွင်းသွားမည် ဖြစ်ပြီး Facebook အသုံးပြုသူများအနေဖြင့် အီဘိုလာ တိုက်ဖျက်ရေးအတွက် အလှူငွေများ လှူဒါန်းသွားနိုင်မည်ဟု Facebook Inc က ပြောကြားခဲ့သည်။

Facebook Inc မှာ အီဘိုလာ တိုက်ဖျက်ရေးလုပ်ငန်းအတွက် ဆက်သွယ်ရေးပိုင်းဆိုင်ရာတွင် ယခင်ကလည်း ကူညီခဲ့ဖူးပြီး ရောဂါဖြစ်ပွားနေသော နိုင်ငံများတွင် တယ်လီဖုန်းနှင့် အင်တာနက်လိုင်းများ လွယ်ကူစေရန်အတွက် ဂြိုဟ်တုဆက်သွယ်ရေး နေရာ ၁၀၀ ကို ဖြန့်ကျက်ပေးထားသည်။

Facebook စီအီးအို မာ့ခ် ဇူကာဘာ့ဂ်နှင့် သူ၏ ဇနီး ပရစ်စီလာ ချန်တို့ကလည်း အီဘိုလာရောဂါတိုက်ဖျက်ရေးတွင် အသုံးပြုရန်အတွက် ကန်ဒေါ်လာ ၂၅ သန်းကို အမေရိကန် ရောဂါဘယ ထိန်းချုပ်ရေးနှင့် ကာကွယ်တားဆီးရေးစင်တာသို့ ပြီးခဲ့သည့်လက လှူဒါန်းခဲ့သည်။

ထို့ပြင် အီဘိုလာဒဏ်ကို အဆိုးဆုံး ခံစားနေရသော ဂီနီ၊ လိုက်ဘေးရီးယားနှင့် ဆီရာလီယိုနီ နိုင်ငံများရှိ ဝေးလံခေါင်သီသောဒေသများတွင်လည်း ၀ိုင်ဖိုင်အသုံးပြုနိုင်မည့် နေရာများ ပြုလုပ်ပေးသွားရန်း Facebook Inc က စီစဉ်နေသည်။

ref_ The Associated Press

Leave a Reply