5 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
6 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

Credit – ရန်ကုန်တိုင်းမ်

သာသနာရေးဝန်ကြီးဌာန ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွှတ်ရေး အဖွဲ့ တို့၏ အစီအစဉ်ဖြင့် ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်နေသော ကိစ္စရပ်များနှင့် ပတ်သက်၍ အမြန်ဆုံးတည် ငြိမ်အေး ချမ်းမှုရရှိစေရန်နှင့် အခြားဒေသများသို့ ပြန့်ပွားမှု မရှိစေရန် မြန်မာနိုင်ငံဘာသာပေါင်းစုံ ချစ်ကြည် ညီညွှတ်ရေးအဖွဲ့ ရခိုင်လူမှုရေး အဖွဲ့များနှင့် အစ္စလာမ် ဘာသာရေး အဖွဲ့ကြီးမှ တာဝန်ရှိသူများသည် ဇွန်လ ၁၂ ရက်နေ့ ညနေ ၅ နာရီတွင် ရန်ကုန်မြို့ MIS အဆောက်အဦးတွင် တွေ့ဆုံဆွေးနွေးကြပြီးအောက်ပါ အတိုင်း သဘောတူ ညီချက်များ ရရှိ လက်မှတ်ရေးထိုးကြပါသည်။၁.ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်ခဲ့သော ပဋိပက္ခများသည် ဘာသာရေးကို အကြောင်ြး ပု၍ ဖြစ်ပေါ်ခဲ့ခြင်း မဟုတ်ဘဲ ပြစ်မှု ဆိုင်ရာ ပြဌာန်းချက်များ ကျူးလွန်ဖောက်ဖျက်သည့် ကိစ္စရပ်များေ ပ်ါမူတည်၍ ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။

၂. ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အတွင်းရှိ ဘာသာရေးအဖွဲ့အစည်းများ အားလုံးသည် ယနေ့ထက်တိုင် တစ်ဖွဲ့နှင့် တစ်ဖွဲ့ ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံလျက် အစဉ်လာကောင်းကို ထိန်းသိမ်းလျက်ရှိပါသည်။

၃. ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်ခဲ့သော ပဋိပက္ခများ ကို အဆုံးသတ်နိုင်ရေးအတွက် လုံခြုံရေး အစီအမံများကို တိုးမြှင့်ဆောင်ရွက်ပေးရန် မေတ္တာရပ်ခံပါသည်။

၎. မြန်မာနိုင်ငံအတွင်း အခြားဒေသများသို့ ပဋိပက္ခများ ပြန့်နှံ့ရောက်ရှိ သွားခြင်း မရှိစေရန် အတွက် ၀ိုင်းဝန်းထိမ်းသိမ်း စောင့်ရှောက်သွားမည် ။

၅. ရခိုင်ပြည်နယ်အတွင်းရှိ လတ်တလော ဖြစ်ပွားနေသော မင်းမဲ့စရိုက်ဆန်ဆန် ဥပဒေမဲ့ အကြမ်းဖက်လှုပ်ရှားဆောင်ရွက်နေမှုများကို ပြင်းထန်စွာရှုံချသည်။

၆.ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခများကြောင့် ဘေးဒုက္ခရောက်နေကြသည့် ပြည်သူအားလုံးကို တတ်စွမ်းသမျှ ကူညီထောက်ပံ့ပေးကြရန် တိုက်တွန်းပါသည်။

၇. ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော အရေးကိစ္စများ အေးချမ်းငြိမ်သက်စေရန် အခြားဒေသများသို့ ပြန့်နှံခြင်း မရှိစေရန် ငြိမ်းချမ်းမှု ဖော်ဆောင်ရေး အဖွဲ့တစ်ဖွဲ့ကို ဘာသာပေါင်းစုံညီညွှတ်ရေး အဖွဲ့ ရခိုင်လူမှု အဖွဲ့အစည်း များနှင့် အစ္စလာမ် ဘာသာရေး အဖွဲ့များ မီဒီယာများမှ ကိုယ်စားလှယ်များသည် ဒေသဆိုင်ရာ အာဏာ ပိုင်အဖွဲ့များနှင့် လက်တွဲဖွဲ့စည်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

Leave a Reply