6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဒီဇင်ဘာ ၈ ၊ ၂၀၁၄
M-Media
Kyaw Win ရေးသည်။
hrd2010_logo_en_standard_baseline_HD
ဂျပန်-မြန်မာ သံတမန်ဆက်ဆံရေးနှစ် ၆၀ ပြည့်အထိမ်းအမှတ်အနေနဲ့ အာဆီယံ၊ဂျပန် လူငယ်အစီအစဉ် Southeast Asian and Japanese Youth Program ( SEAYP )ကို နိုဝင်ဘာ ၇ ရက်မှ ဒီဇင်ဘာ ၁၇ ရက်အထိကြာမြင့်မည့် သင်္ဘောခရီးစဉ်အဖြစ် ဂျပန်နိုင်ငံမှ စတင်ခဲ့ပါတယ်။

ဒီအစီအစဉ်မှာ အာဆီယံ ၁၀ နိုင်ငံနဲ့ ဂျပန်နိုင်ငံက ထူးချွန်တက္ကသိုလ်ကျောင်းသားလူငယ် ၃၀ စီပါဝင်တာမို့ စုစုပေါင်း လူငယ် ၃၃၀ ပါဝင်ပါတယ်။ လူငယ်တွေဟာ ဂျပန်နိုင်ငံအပါအဝင် အာဆီယံနိုင်ငံတွေမှာ ဒေသခံမိသားစုများနဲ့ ၃ ရက်မှ တစ်ပတ်အထိ အတူနေထိုင်ပြီး အတွေ့အကြုံများဖလှယ်ပြီး ရင်းနှီးမှုကို တည်ဆောက်ကြမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံကို နိုဝင်ဘာ ၂၈ မှ ၃၀ အထိလာရောက်မှာဖြစ်လို့ ထူးချွန်မြန်မာလူငယ်တွေရဲ့ မိသားစုများအနေနဲ့ အခြားအာဆီယံနိုင်ငံများက လူငယ်နှစ်ဦးစီကို Family Home Stay Program အဖြစ် လက်ခံပေးရမှာပါ။ လူငယ်တွေရဲ့ ဂျပန်သင်္ဘောကြီးမရောက်မီ သုံးရက်အလိုမှာ ပြဿနာကြီးတစ်ခုပေါ်လာပါတော့တယ်။

မူလက သဘောတူညီထားတဲ့ မြန်မာမိသားစုအချို့က …. ” အစ္စလာမ်ဘာသာဝင် လူငယ်များကို လက်မခံနိုင်ကြောင်းနဲ့ ဟလာလ် အစားအသောက် စီစဉ်ပေးရမှာကို လက်မခံနိုင်ကြောင်း ” …. ပြောကြားလာပါတော့တယ်။

မြန်မာနိုင်ငံအတွက် အစီအစဉ်တာဝန်ခံ ရန်ကုန်အနောက်ပိုင်း တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာခိုင်မြဲက အဲလိုပြောတဲ့ မိသားစုတွေကို ချက်ချင်းခေါ်တွေ့ပြီး အခုလိုပြောပါတယ်။

” ခင်ဗျားတို့က ဘယ်သူတွေရဲ့သွေးထိုးမှုကြောင့် ဒီအစီအစဉ်ကို လက်မခံနိုင်ဖြစ်ရတယ်ဆိုတာ ကျွန်တော်မသိပေမဲ့ အခုအချိန်မှာ ခင်ဗျားတို့ရဲ့ သား၊သမီးတွေကို ဘရူနိုင်းနိုင်ငံက အစ္စလာမ်ဘာသာဝင် မိသားစုတွေက သူတို့ရဲ့မိသားစုဝင် အဖြစ် လက်ခံပြီး ကောင်းမွန်စွာ ကျွေးမွေးစောင့်ရှောက်နေကြတယ်။ မြန်မာပြည်ကနေ သွားရမဲ့နိုင်ငံက အင်ဒိုနီးရှားနိုင်ငံ၊ အဲဒါလည်း မွတ်စ်လင်မ်နိုင်ငံ။ နောက်တစ်ခုက အာဆီယံနိုင်ငံလူဦးရေရဲ့ ၆၀% က အစ္စလာမ်ဘာသာဝင်တွေဖြစ်တာကြောင့် သင်္ဘောမှာပါလာတဲ့ လူငယ်အများစုဟာ မွတ်စ်လင်မ်တွေပါ။ ဒါ့ကြောင့် သင်္ဘောပေါ်နဲ့ ရောက်လေရာနေရာတိုင်းမှာ ဟလာလ်အစားအသောက်ပဲကျွေးရမယ်လို့ မူလကတည်းက သတ်မှတ်ထားပြီးသားပါ။ ပြီးတော့ မြန်မာနိုင်ငံကို အာဆီယံ အဝန်းအဝိုင်းထဲရောက်အောင် အဓိကထောက်ခံပေးတာက မွတ်စ်လင်မ်နိုင်ငံဖြစ်တဲ့ မလေးရှားနိုင်ငံဗျ။ အဲဒီက ရလာတဲ့ အသီးအပွင့်ဖြစ်တဲ့ အခုအစီအစဉ်မှာ ခင်ဗျားတို့ သား၊သမီးတွေကိုတော့ ဘရူနိုင်း ၊မလေးရှား၊အင်ဒိုနီးရှား ၊စင်္ကာပူ၊ထိုင်းနဲ့ ဖိလစ်ပိုင်က မွတ်စ်လင်မ် မိသားစုတွေဆီ လွှတ်နေစေပြီး သူတို့ရဲ့ သား၊သမီးတွေကို မွတ်စ်လင်မ်ဖြစ်လို့ လက်မခံနိုင်ဘူးဆိုတာ လူကြားလို့မှ မသင့်တော်ဘူးဗျာ။ နိုင်ငံတကာကို သွားချင်ရင် နိုင်ငံတကာ စိတ်ဓါတ်မွေးဖို့တော့ လိုတာပေါ့ … ” …. တဲ့။

ဝေဘန်ဆင်ခြင်ကြည့်ကြဖို့ပါ။

Kyaw Win
6th December, 2014

———————-

M-Media ပြည်သူ့အသံ ကဏ္ဍတွင်ဖော်ပြပေးစေလိုလျှင် [email protected] သို့ အီးမေးလ်ပေးဖို့ နိုင်ပါသည်။

Leave a Reply