6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဒီဇင်ဘာ ၁၀ ၊ ၂၀၁၄
DVB မှ ကူးယူဖော်ပြသည်။

u-aung-myo-min

DVB- လွန်ခဲ့တဲ့ ၂ နှစ်ကျော် ၃ နှစ်လောက်က ဖြစ်ခဲ့တဲ့ အမုန်းစကား ပြောဆိုမှု အမုန်းတရား ဖြန့်ဝေမှုအခြေအနေတွေနဲ့ အဲဒီအပေါ်မှာ အစိုးရရဲ့ ကိုင်တွယ်ဆောင်ရွက်မှု ကို သုံးသပ်ပြပါ။ ဘာတွေလုပ်ဖို့ လိုသေးလဲ။ ပြည်စုံပြီလား။

ဦးအောင်မျိုးမင်း- “ဖွဲ့စည်းပုံအခြေခံဥပဒေမှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကော၊ လွတ်လပ်စွာ ကိုးကွယ်ခွင့်ကော ဒါကို အတိအလင်း ဖော်ပြထားပါတယ်။ ဒါပေမယ့် အဲဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ သူတို့ ပြန်ပြီးတော့ ကန့်သတ်ထားတဲ့အချိန်မှာ လူမျိုးတမျိုး၊ ဘာသာတခုပေါ်မှာ အမုန်းတရားတွေ ဒါမှမဟုတ် ထိခိုက်အောင် ပြောဆိုခြင်းကိုတော့ လုပ်ခွင့် မရှိဘူးလို့ အတိအလင်း ဖော်ပြထားပေမယ့် တကယ်တမ်း ဒါမျိုးကိစ္စတွေ လှုံ့ဆော်ပြောဆိုမှုတွေ၊ တယောက်နဲ့ တယောက်၊ ဘာသာတခုနဲ့ တခု လူမျိုး တယောက်နဲ့ တယောက် မုန်းတီးမှု ဖြစ်အောင်၊ အကြမ်းဖက်မှု ဖြစ်အောင် လှုံ့ဆော်တဲ့အပိုင်းကို အစိုးရပိုင်းက အရေးယူမှု အားနည်းနေတာ တွေ့ရပါတယ်။ အဲဒီတော့ ဒီဟာက အစိုးရက လုပ်သင့်လုပ်ထိုက်သော ကာကွယ်မှုအပိုင်းကို မလုပ်ဆောင်တာ ဖြစ်တယ်။ အဲဒီလို မလုပ်ဆောင်ခြင်းကြောင့်မို့လို့ နောက်ဆက် တွဲ ဖြစ်ပေါ်လာတဲ့ အကြမ်းဖက်မှုတွေက ပိုမိုပြီးတော့ ကြီးထွားလာတယ်။ မုန်းတီးမှုတွေ ပိုမိုဖြစ်ပေါ်လာတယ်။

“အဲဒီတော့ အနာက သေးနေတဲ့အချိန်မှာ ကုသပေးတာမျိုး မဟုတ်ဘဲနဲ့ ဒီအနာကို ပိုမို ကြီးထွားအောင် လုပ်ဆောင်နေတဲ့ အချိန်မျိုးများ လုပ်နေလား၊ ဒီထက် ပိုမိုပြီးတော့ ကြီးထွားလာအောင်များ တမင်သက်သက် စောင့်ကြပ်နေလားဆိုတဲ့ အချက်တွေက ကျနော်တို့ သံသယဖြစ်စရာ ရှိနေပါတယ်။ အထူးသဖြင့် လာမယ့်ရွေးကောက်ပွဲအတွက်ဆိုရင် အရမ်းကို စိုးရိမ်စရာကောင်းတဲ့ အရာ ဖြစ်တယ်။ ဘာကြောင့်လဲဆိုရင် ရွေးကောက် ပွဲကော်မရှင် ဥက္ကဋ္ဌကနေ ဒီရွေးကောက်ပွဲ စည်းရုံးရေးကာလအတွင်းမှာ လူမျိုးရေး၊ ဘာသာရေးကို တိုက်ခိုက်မှုတွေ ရှိလာလို့ရှိရင်တော့ သူတို့က တားဆီးမှာ မဟုတ်ဘူး၊ တိုင်ကြားမှသာ လုပ်ဆောင်မယ်ဆိုတာ ဒါမျိုးတွေနဲ့ ပတ်သက်ပြီးတော့ တမင်သက်သက်များ အရေးယူ သင့်လျက်သားနဲ့ အရေးမယူဘဲနဲ့ လွှတ်ပေးနေလားဆိုတဲ့အချက်တွေ ကျနော်တို့ တွေ့နေရတယ်။ အဲဒီတော့ ဘာသာတခုပေါ်မှာ ဘယ်သူပဲ ကျူးလွန်ကျူးလွန်၊ ဘယ်သူကပဲ စော်ကား စော်ကား ဒါကိုက အမုန်းတရား ဖြစ်အောင် လုပ်ဆောင်တဲ့အတွက် လုပ်သင့်တာ မဟုတ်ပါဘူး။ လူ့အခွင့်အရေးနဲ့လည်း မကိုက်ညီပါဘူး။ အဲဒီလိုမျိုးဟာတွေကို အရေးယူဖို့ လိုအပ်တယ်။ အဲဒီတော့ ဘာသာတခုပေါ်မှာ တယောက်က စော်ကားရင် စော်ကားတဲ့ သူက ဘယ်သူပဲဖြစ်ဖြစ် အရေးယူတဲ့ကိစ္စတွေ၊ ဒါမျိုးဖြစ်လာမယ့် အကြမ်းဖက်မှုတွေ တားဆီးဖို့ အပိုင်းတွေမှာ အရမ်းကို အားနည်းနေတာ လက်ရှိ အစိုးရရဲ့ အခြေအနေပါပဲ။”

DVB- လူ့အခွင့်အရေး၊ ဒီမိုကရေစီရေးဆောင်ရွက်နေသူတွေကို လူမှုကွန်ရက် ဖေ့စ်ဘွတ်တွေမှာ နင်ပဲငဆ ဆဲဆိုကြိမ်းမောင်း တိုက်ခိုက်နေတာတွေ နှစ်နဲ့ချီပြီး ဖတ်ရတယ်။ ဒီဟာမျိုးတွေ နည်းပါး လျော့ပါးသွားအောင် ဘယ်လိုဆောင်ရွက်ရင်ကောင်းမလဲ။ အမြဲတမ်းလိုလို တိုက်ခိုက်နေတာနဲ့ ပတ်သက်ပြီးတော့။

ဦးအောင်မျိုးမင်း- “ဒီဟာကတော့ သူတို့ရဲ့ခံယူချက်နဲ့ မူတည်တယ်လို့ ကျနော်တို့ ယူဆပါတယ်။ တဖက်က ကျနော်တို့ အကောင်းဆုံး လုပ်ပေမယ့် တဖက်က အကောင်းမမြင်တဲ့အရာမျိုး ရှိနိုင်တယ်။ တဖက်ကတော့ ဒီဟာမျိုးကို တမင်သက်သက် ပစ်မှတ်ထားပြီးတော့ လူ့အခွင့်အရေးဆိုတာ မကောင်းဘူး၊ အန်ဂျီအိုဆိုတာ မကောင်းဘူးဆိုပြီးတော့ ၀ါဒဖြန့်ပြီးတော့ တမင်သက်သက် အမြင်မှားအောင် လုပ်နေတဲ့ကိစ္စမျိုးလည်း ရှိပါတယ်။ အဲဒီတော့ ဒီဟာမျိုးတွေကို ကျနော်တို့က သိပ်ပြီးတော့ စိတ်ထဲမှာ မထားဘူးခင်ဗျ။ ကိုယ်လုပ်တာ ကိုယ်မှန်တယ်ဆိုတာ စိတ်ထဲမှာ ယုံကြည်ပါတယ်။ အဓိကကတော့ ကိုယ့်ရဲ့စည်းကို ကိုယ်လုံဖို့ပါပဲ။ ကိုယ့်ရဲ့ လုပ်ဆောင်ချက်တွေက သူများတွေ ပြောထားသလို ကျနော်တို့ အကျိုးအတွက်ပဲ ကြည့်တာ မဟုတ်ဘူး၊ ကျနော်တို့ လာဘ်စားမှုတွေ ရှိတာ မဟုတ်ဘူး၊ လူ့အခွင့်အရေးဆိုတာ လူတိုင်းအားလုံးအတွက် လုပ်ဆောင်နေတဲ့ လုပ်ငန်းတွေ ဖြစ်တယ်ဆိုတဲ့ စိတ်မျိုးနဲ့ပဲ ပြန်ပြီးတော့ ကျနော်တို့ လုပ်ဆောင်ပါတယ်။ အဲဒီတော့ အဲဒီလိုမျိုး ပြောတဲ့သူတွေကတော့ ကိုယ့်ရဲ့စိတ်ကိုပြန်ပြီးတော့ ဆန်းစစ်ဖို့ လိုအပ်ပါတယ်။ တကယ်တမ်းသိလို့ပြောတာလား၊ ဒါမှမဟုတ်လို့ရှိရင် သိလျက်သားနဲ့ တမင်သက်သက် အပုပ်ချဖို့အတွက် ရည်ရွယ်ပြီး ပြောဆိုတာလား၊ ဆိုရှယ်မီဒီယာမှာ ရေးစရာမရှိလို့ သူများကို ထိုင်ဆဲနေရမှ ကျေနပ်တဲ့သဘောမျိုးနဲ့ ရေးတာလား၊ အဲဒီတော့ ပြောဆိုတဲ့လူရဲ့ စိတ်ထားပေါ် မှာပဲ မူတည်ပါလိမ့်မယ်ခင်ဗျ။ ကျနော်တို့ကတော့ အကောင်းဆုံး ကြိုးစားပြီးလုပ်သွားမှာ ဖြစ်ပါတယ်။”

DVB နှင့်ညီမျှခြင်း (မြန်မာ) အဖွဲ့ရဲ့ ဒါရိုက်တာ ဦးအောင်မျိုးမင်း တွေ့ဆုံခန်းမှ ကောက်နှုတ်ဖော်ပြပါသည်။

http://burmese.dvb.no/archives/73415

Tags:

Leave a Reply