6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဒီဇင်ဘာ ၁၃ ၊ ၂၀၁၄
M-Media (အယ်ဒီတာ့ အာဘော်)

ဗုဒ္ဓရုပ်ပုံတော်ကို ဒီဂျေအသုံးအဆောင် နားကြပ်တပ်ပေးထားပြီး ဘားဆိုင်ကြော်ငြာအဖြစ်သုံးခဲ့တဲ့ ဘာသာ သာသနာညှိုးနွမ်းစေမှုသတင်းတစ်ပုဒ်ဟာ ဒီရက်ပိုင်းမှာ ရေပန်းစား သတင်းတစ်ပုဒ်ဖြစ်ခဲ့ပါတယ်။ ဒီကြော်ငြာ ပြုလုပ်တဲ့ ရန်ကုန်မြို့ရွှေတောင်ကြားလမ်းက V Gastro ဘားဆိုင်ရဲ့ပိုင်ရှင်နဲ့ မန်နေဂျာနှစ်ဦးကိုလည်း ဖမ်းဆီး အရေးယူထားပါတယ်။ မန်နေဂျာတစ်ဦးက နယူးဇီလန်နိုင်ငံသားဖြစ်ပါတယ်။ သူတို့ဟာ မိရိုးဖလာ ဗုဒ္ဓဘာသာဝင်တွေ ဖြစ်ကြပါတယ်။

ဘာသာတရားတွေဆိုတာ မွန်မြတ်သန့်စင်ပါတယ်။ သူ့ခေတ် သူ့အခါ သူ့ပတ်ဝန်းကျင်အပေါ် ကျေးဇူးကြီးမား ခဲ့လို့လည်း ဘာသာတရားအသီးသီးဟာ တည်တံ့ခိုင်မာပြီး ကမ္ဘာအနှံ့ပြန့်နှံ့ထွန်းလင်းနေတာဖြစ်ပါတယ်။ ကမ္ဘာ့လူဦးရေ သန်းခုနစ်ထောင်ကျော်ရှိပါတယ်။  ဗုဒ္ဓဘာသာဝင် ၃၇၆ သန်းရှိပါတယ်။ ကမ္ဘာ့လူဦးရေရဲ့ ၆ . ၇၇ ရာခိုင်နှုန်းပါ။ ဟိန္ဒူဘာသာဝင် သန်းတစ်ထောင်ရှိပါတယ်။ ကမ္ဘာ့လူဦးရေရဲ့ ၁၃.၈ ရာခိုင်နှုန်းပါ။ အစ္စလာမ် ဘာသာဝင် သန်းတစ်ထောင့်ရှစ်ရာရှိပါတယ်။ ကမ္ဘာ့လူဦးရေရဲ့ ၂၅.၇၄ ရာခိုင်နှုန်းပါ။ ခရစ်ယာန်ဘာသာဝင် သန်းနှစ်ထောင်ရှိပါတယ်။ ကမ္ဘာ့လူဦးရေရဲ့ ၃၀.၃၉ ရာခိုင်နှုန်းပါ။ ဒါက CIA World Factbook ရဲ့ ၂၀၁၀ ခုနှစ် ထုတ်ပြန်တဲ့ စာရင်းအချက်အလက်တွေပါ။

ဆိုလိုချင်တာက ကမ္ဘာ့လူဦးရေ သန်းပေါင်းများစွာ လက်ခံယုံကြည် ကိုးကွယ်နေတဲ့ ဘာသာတရားတွေဟာ သာမာန်အဆင့်အတန်းမဟုတ်ပါ။ ကမ္ဘာပေါ်မှာ အုပ်ချုပ်ရေးဆိုင်ရာ ၀ါဒတွေအမျိုးမျိုးထွန်းကားခဲ့ပါတယ်။ အတွေးအခေါ်ဆိုင်ရာဝါဒတွေ အမျိုးမျိုးထွန်းကားခဲ့ပါတယ်။ အားလုံးဟာ တစ်ခုကို တစ်ခုက အစားထိုးရင်း အဟောင်းပျောက် အသစ်ပေါ်ချည်းပါပဲ။ ဘာသာတရားကတော့ ဒီလို မဟုတ်ပါဘူး။

ဘာသာတရားတွေမကွယ်မပျောက်ဘဲ မြဲမြံနေတယ်ဆိုတာ သန့်စင်မွန်မြတ်တဲ့ တရားလမ်းညွှန်တွေကြောင့်ပါ။ အမှန်တရား၊ သစ္စာတရားဆိုတာ ကမ္ဘာတည်သရွေ့မြဲမှာပါ။ ပတ္တမြားမှန်ရင် နွံနစ်ရိုးထုံးစံမရှိပါ။ ဆင်စွယ်မှန်ရင် ပိုးမထိုးပါ။ အမှန်တရားကို ဘယ်အမှားတရားကမှ လွှမ်းမိုးဖြိုလှဲလို့ မရစကောင်းပါ။ သစ္စာတရားအတွက် အရိုး စည်းရိုးထိုးဖို့လည်း မလိုပါ။ သစ္စာသာမှန်ပါစေ တည်တံ့နေမှာ သေချာပါတယ်။ သို့သော်———။

ဘာသာတရားဆိုတာ ပါတီလိုမဟုတ်ပါ။ ပါတီဝင် လူဦးရေများရေးလုပ်စရာ မလိုပါ။ ယုံကြည်စွဲမြဲ ကျင့်ကြံ လိုက်နာတဲ့ ဘာသာဝင်ကောင်းတွေသာ လိုပါတယ်။ နည်းချင်နည်းပါစေ။ အမှန်တော့ ဘာသာတရားနဲ့ ဘာသာဝင်ဟာ သီးခြားစီဖြစ်ပါတယ်။ ပါတီတစ်ခုကို မယုံကြည်ဘဲ အဖော်ကောင်းလို့ အဆွယ်ကောင်းလို့ ၀င်ပြီးမှ ပါတီမူဝါဒတွေနဲ့ ဆန့်ကျင်တာတွေလုပ်၊ ပါတီသိက္ခာကျစရာတွေပြော – ဆိုရင်မခက်လား။ ဒီလိုပဲ ဘာသာတရားတွေမှာလည်း မိရိုးဖလာ အမေအဖေ ဒီဘာသာဝင်မို့ ငါတို့လည်း ဒီဘာသာဝင် အလိုအလျောက် ဖြစ်ကရောဆိုရင် အန္တရာယ်ရှိပါတယ်။ ကိုယ့်ဘာသာတရားကို ကိုယ်ကိုယ်တိုင် မသိနားမလည်လို့ မလေးမစား သရော်လှောင်ပြောင်တတ်ကြ၊ စိန်တန်ဖိုးနားမလည်လို့ ဇယ်တောက်ကစားကြဆိုတာမျိုးတွေ ဖြစ်ကုန်ကြ ပါတယ်။ ရတနာစိန်ကျောက်ဆိုတာ ဇယ်တောက်တမ်းကစားအပ်တဲ့ အရာမဟုတ်ဘူးဆို စိန်တန်ဖိုးနားလည်မှ လည်း သိမှာပါ။

ဒါကြောင့် ကိုယ့်ဘာသာတရားကို ကိုယ်တိုင်ခြေခြေမြစ်မြစ်သိအောင်လုပ်ပြီး ဘာသာတရားကိုယ်ခံအား ကောင်းအောင် လုပ်ကြရမှာပါ။ ကျွန်တော်တို့ အရိုးတွေက စည်းရိုးထိုးဖို့ မဟုတ်ဘူး။ အရိုးထဲစိမ့်အောင် ဘာသာတရား ချဉ်ဆီအားကောင်းဖို့ လုပ်ရမှာပါ။  ဘာသာတရားတွေက သစ္စာအမှန်ဆိုရင် လွယ်လွယ်နဲ့ ပျောက် မသွားပါဘူး။ ဘာသာတရားအရိပ်ကိုခိုပြီး အကျင့်ပျက် သီလကြောင် လုပ်စားဘာသာရေးသမားတွေနဲ့ ဘာသာတရားအမည်ကို အလွဲသုံးစားလုပ်သူတွေသာ ပျက်ဆီးဆုံးရှုံးရမှာပါ။

အထက်က သတင်းမှာပါတဲ့ ဘုရားပုံတော်ကို စော်ကားမှုကိုကြည့်ရင် ဘာသာရေးကို စီးပွားရေးအတွက် အလွဲသုံးစားလုပ်ပြီး ကိုယ်တိုင် စော်ကားလို့ စော်ကားမိမှန်း မသိတဲ့ အခြေအနေမျိုးပါ။ ဒီလိုပဲ ဘာသာတရားကို နိုင်ငံရေးအတွက် အလွဲသုံးစားလုပ်ပြီး အသရေဖျက်နေတဲ့ ကိစ္စတွေလည်း ပြည်တွင်းမှာတင် ဒုနဲ့ဒေးပါ။ ဒါတွေဟာ ကိုယ့်ဘာသာတရားကို ကိုယ်တိုင်သိက္ခာချပြီးဖျက်ဆီးနေကြတာပါ။ ဒီလိုပဲ ကမ္ဘာပေါ်မှာ အိုင်အက်စ်တို့ ဘိုကိုဟရမ်တို့လို အဖွဲ့အစည်းတွေဟာ ကိုယ့်ဘာသာတရားကို ကိုယ်တိုင် နာမည်ဖျက်နေတဲ့ သူတွေဖြစ်ပါတယ်။ ဘာသာတရားရဲ့အဆုံးအမနဲ့ မညီညွတ်ဘဲ ဘာသာတရားအမည်ကို အလွဲသုံးစားပြုနေ သူတွေ ဖြစ်ပါတယ်။ ဒီလူတွေရဲ့တူညီတဲ့အချက်တစ်ခုကတော့ ကိုယ့်ဘာသာတရားကို ကိုယ်ချစ်သယောင် ကာကွယ်သယောင် ဟန်ပြစကားတွေပြောတတ်ကြတာပါပဲ။ အတွင်းစည်းက ဖျက်ဆီးတာက ပိုကြောက်ဖို့ကောင်းပါတယ်။
ထပ်ပြောရရင် ဘာသာတရားတွေဟာ မွန်မြတ် သန့်စင်ကြပါတယ်။ လူတွေကို ယဉ်ကျေးအောင်၊ သိမ်မွေ့အောင်၊ ငြိမ်းချမ်းအောင် သွန်သင်နိုင်လို့ ကမ္ဘာပေါ်မှာ လူတွေသန်းချီကိုးကွယ်ယုံကြည်နေကြတာပါ။ ကိုယ့်ဘာသာတရားကိုဖြစ်စေ၊ သူတစ်ပါးဘာသာတရားကိုဖြစ်စေ မစော်ကားသင့်ပါ။ ဘာသာတရားဆိုတာ အများပိုင်ပါ။ ငါ့ဘာသာ သူ့ဘာသာလို့ ခွဲခြားရန်ဖြစ်နေရအောင် ငါကိုယ်တိုင် ငါ့ဘာသာတရားရဲ့ တရားစည်းဝိုင်းအတွင်းမှာ ရောက်နေ တာသေချာရဲ့လားဆိုတာ ပြန်ဆန်း စစ်ကြည့်ဖို့ ကောင်းပါတယ်။

သန့်စင်တဲ့ဘာသာတရားတွေကို မသန့်စင်တဲ့ နှုတ်၊လက်၊စိတ်တွေနဲ့ သန့်စင်ဖို့မကြိုးစားစေလိုပါ။ ပိုညစ်သွားမှာ စိုးရပါတယ်။ မြင့်မြတ်တဲ့ ဘာသာတရားတွေကို လရောင်ကို ခွေးဟောင်သလိုမျိုးလည်း မစော်ကားစေလိုပါ။ လျှာထွက်ပြီး မောရုံသာအဖတ်တင်ပါမယ်။ အဖိုးမဖြတ်နိုင်တဲ့ ဘာသာတရားတွေကို အပုတ်ကောင်ရုပ်ဆောင် တွေက အသုံးချဆော့ ကစားခြင်းလည်း မပြုစေလိုပါ။ ရတနာစိန်ကျောက်ကို ဇယ်တောက် ကစားရင် ကိုယ်သာ လူ့ဗာလ လူ့အန္ဓ လူ့နလပိန်းတုံး အဖြစ် တန်ဖိုးမဲ့ယုတ်ညံ့သွားမှာဖြစ်ပြီး စိန်ကျောက်ကတော့ ထိန်တောက်မြဲ ထိန်တောက်လို့ တန်ဖိုးလည်း တစ်ပြားသားမှ လျော့သွားမှာ မဟုတ်ကြောင်းပါ။

M-Media ပရိသတ်များ ပညာအလင်းနဲ့ ထင်းရှင်းနိုင်ကြပါစေ။

Tags:

Leave a Reply