6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇန်နဝါရီ ၁၁၊ ၂၀၁၄
M-Media
မိုးစက်
IMG_10272271262467
ရန်ကုန်။    ။  မဟာတမန်တော်နေ့အခမ်းအနားအား ရန်ကုန်မြစ်အတွင်း ပေါ်တွင် ဇန်နဝါရီလ ၁၀ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

ယင်းအခမ်းအနားအား KAFTG ဃရာနာအစ္စလာမ်သာသနာပရမတ္တမိသားစုအဖွဲ့မှ ဦးစီးလုပ်ဆောင်ခဲ့ပြီး မြစ်အတွင်းရှိ သတ္တဝါဝေနေယျများ အေးငြိမ်းသာယာစေရန်အလို့ဌာ ရန်ကုန်မြစ်အတွင်း လှည့်လည်ပြီး ဓမ္မတေးများကို ရွတ်ဆိုခဲ့ကြပါတယ်။

20150110_193249

“ယနေ့ ကျွန်တော်တို့တွေရဲ့ ကိုယ်တော်မြတ်ကို သိမ်ငယ်အောင်ပြောဆိုနေကြတယ်။ ဝေဖန်ပြောဆိုနေကြတယ်။ ကျွန်တော်တို့ လက်ခံထားတဲ့ တမန်တော်မိုဟမ္မဒ် (ဆွ) ဆိုတာ ဘယ်လိုကြီးမြတ်ကြောင်း ဘယ်လိုပုဂ္ဂိုလ်လဲဆိုတာကို ပြသချင်လို့ပါ။ နေရာအနှံ့မှာ တမန်တော်မွေးနေ့တွေလုပ်ပြီး တမန်တော်ကြီးမြတ်တယ်ဆိုတ အကြောင်းပြောနေမှာပါ။ အခုလည်း မြစ်ထဲမှာလုပ်ပါတယ်။ တတ်နိုင်ရင် လကမ္ဘာထိတောင် သွားလုပ်ချင်ပါသေးတယ်” ဟု  KAFTG ဃရာနာအစ္စလာမ်သာသနာပရမတ္တမိသားစုအဖွဲ့မှ ဂိုဏ်းချုပ်ဆရာတော် ခလီဖွှာဦးသိန်းဝင်းအောင်က ယင်း အခမ်းအနားပြုလုပ်ရခြင်းနှင့် ပတ်သက်ပြီး ရှင်းလင်းပြောဆိုခဲ့ပါတယ်။

20150110_195659

အစ္စလာမ်ဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်တစ်ခုဖြစ်သည့် ရဗီအွလ်အောင်ဝလ်လ (၁၂) ရက်နေ့တွင် ကျရောက်သော မဟာတမန်တော်မြတ် (ဆွ) ၏ ၁၄၈၉ ကြိမ်မြောက် တမန်တော်နေ့အခမ်းအနားများကို ကမ္ဘာအရပ်ရပ်မှ မွတ်စလင်များနှင့် မြန်မာနိုင်ငံမှ မွတ်စလင်များမှာ နေရာအနှံ့အပြားတွင် ကျင်းပပြုလုပ်လျှက်ရှိကြောင်း သိရှိရပါတယ်။

Leave a Reply