6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇန်န၀ါရီ ၁၇၊ ၂၀၁၅
M-Media

gaza

ဂါဇာအား အစ္စရေးတို့၏ ကျူးကျော်တိုက်ခိုက်ခဲ့မှုတွင်း မြင်ကွင်းတစ်ခု

 

– အစ္စရေးနှင့် ပါလက်စတိုင်း တာဝန်ရှိသူများအား တရားစွဲဆိုမှုအထိ ဖြစ်လာနိုင်သော ပထမဆုံး တရားဝင်ခြေလှမ်းအဖြစ် ပါလက်စတိုင်းပိုင်နက်အတွင်း ကျူးလွန်နိုင်ဖွယ်ရှိသော စစ်ရာဇ၀တ်မှုများအတွက် နိုင်ငံတကာ ရာဇ၀တ်ခုံရုံးမှ ကနဦးလေ့လာဆန်းစစ်မှုတစ်ခုကို ပြုလုပ်သွားမည်ဟု သိရသည်။

အဆိုပါ ကနဦးလေ့လာဆန်းစစ်မှုများမှ တွေ့ရှိချက်များကို သုံးသပ်၍ ပါလက်စတိုင်းပိုင်နက်အတွင်း ဖြစ်ပွားခဲ့သည်ဟု ပြောဆိုကြသည့် ရက်စက်မှုများနှင့်ပတ်သက်၍ ပြည့်ဝသည့် စုံစမ်းစစ်ဆေးမှုတစ်ခုကို ပြုလုပ်သွားမည်ဖြစ်ပြီး ထိုမှတဆင့် ပါလက်စတိုင်းနှင့် အစ္စရေးတို့မှ တာဝန်ရှိသူများကို တရားစွဲဆိုသွားမည်ဖြစ်သည်။

`ကနဦးလေ့လာဆန်းစစ်မှုက စုံစမ်းစစ်ဆေးမှုမျိုးတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ရောမသဘောတူညီချက်မှာ ဖော်ပြထားတဲ့ စံချိန်စံညွှန်းတွေနဲ့အညီ စုံစမ်းစစ်ဆေးမှုတစ်ခု ပြုလုပ်ဖို့ အကျိုးအကြောင်းခိုင်လုံလားဆိုတာနဲ့ ပတ်သက်ပြီး တရားဝင် ဆုံးဖြတ်ချက်တစ်ခုချဖို့ သတင်းအချက်အလက်တွေရနိုင်မယ့် ဆန်းစစ်လေ့လာမှု လုပ်ငန်းစဉ်တစ်ခု ဖြစ်ပါတယ်´ ဟု
ယမန်နေ့က ICC မှ ထုတ်ပြန်ခဲ့သော ကြေညာချက်တွင် ဖော်ပြထားသည်။

ရာမာလာရှိ ပါလက်စတိုင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ အမ်မရ် ဟီဂျာဇီကမူ ထိုကိစ္စတွင် ရှု့ထောင့်အားလုံးကို ထည့်သွင်းစဉ်းစားလိမ့်မည်ဟု ပါလက်စတိုင်းအာဏာပိုင်များက ယုံကြည်ကြောင်း၊ မိမိတို့ကလည်း ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

`(ဂါဇာစစ်ပွဲမှာ) ပါလက်စတိုင်းပြည်သူတွေ ပစ်မှတ်ထား တိုက်ခိုက်ခံခဲ့ရတယ်ဆိုတဲ့ အခြေခံ ရှုထောင့် ရှိနေပါတယ်။ ဒီစစ်ပွဲမှာ ပါလက်စတိုင်းဘက်က ဥပဒေချိုးဖောက်မှုတွေ ရှိခဲ့မယ်ဆိုရင်လည်း ဒီအတွက် ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ရှိပါတယ်´ ဟု ဟီဂျာဇီက ဆိုသည်။

အစ္စရေးနိုင်ငံခြားရေးဝန်ကြီး လီဘာမန်ကမူ ICC ၏ ထိုဆုံးဖြတ်ချက်ကို ရှုတ်ချခဲ့ပြီး အစ္စရေးဆန့်ကျင်ရေး သဘောတရားများမှ ဖြစ်ပေါ်လာသည့် ကိစ္စရပ်ဖြစ်သည်ဟု ပြောကြားခဲ့သည်။

ကုသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်ကမူ ပါလက်စတိုင်းအနေဖြင့် ICC တွင် ဧပြီ ၁ ရက်နေ့မှစ၍ အဖွဲ့ဝင်ဖြစ်လာမည်ဟု မကြာသေးမီကပင် အတည်ပြုထားသည်။ ICC ၏ တာဝန်ရှိသူများက တရားစီရင်ရေးကိစ္စနှင့်ပတ်သက်၍ ၂၀၁၄ ခုနှစ် ဇွန်လ ၁၃ ရက်နေ့မှ စတင်ကာ အကြုံးဝင်မည်ဟု ပြောကြားခဲ့သော ဇူလိုင်လအစောပိုင်းမှ စတင်ကာ ရက်ပေါင်း ၆၀ နီးပါး ကြာမြင့်ခဲ့သည့် အစ္စရေးတို့က ဂါဇာအား ကျူးကျော်တိုက်ခိုက်မှုကို စုံစမ်းစစ်ဆေးနိုင်မည် ဖြစ်သည်။

ထိုတိုက်ခိုက်မှုတွင် ဂါဇာပြည်သူ ၂၃၀၀ ကျော် သေဆုံးခဲ့ပြီး အများစုမှာ ကလေးများနှင့် အမျိုးသမီးများ ဖြစ်ကြသည်။ အစ္စရေးဘက်က ၆၇ ဦး သေဆုံးခဲ့ပြီး ၆၁ ဦးမှာ ဂါဇာသို့ ကျူးကျော်ဝင်ရောက်လာသည့် အစ္စရေးစစ်သားများ ဖြစ်သည်။

Ref: aljazeera

Leave a Reply