6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇန်န၀ါရီ ၂၃၊ ၂၀၁၅
M-Media

king

– ဆော်ဒီအာရေဗျနိုင်ငံအတွင်း အရေးပါသည့် ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက် ခဲ့သော ဆော်ဒီဘုရင်ကြီး အဘ်ဒူလာ ဘင် အဘ်ဒူ အဇစ်မှာ ကွယ်လွန် အနိစ္စရောက်သွား ခဲ့ပြီဟု ဆော်ဒီဘုရင့် နန်းတော်က ယနေ့နံနက် အစောပိုင်းတွင် ကြေညာခဲ့သည်။

အသက် ၉၀ အရွယ် ရှိပြီဖြစ်သည့် ဘုရင်ကြီးမှာ နမိုးနီးယားရောဂါကြောင့် ပြီးခဲ့သည့် သီတင်းပတ် အနည်းငယ်ကပင် ဆေးရုံ၌ ဆေးကုသမှု ခံယူနေရပြီး ဇန်န၀ါရီ ၂၃ ရက် သောကြာနေ့ နံနက် ၁ နာရီခွဲတွင် အလ္လာဟ်အရှင်မြတ် အမိန့်တော်ကို ခံယူသွားခဲ့ခြင်းဖြစ်သည်။

ဘုရင်ကြီးအတွက် ၀တ်ပြုဆုတောင်းမှုများကို ယနေ့နေ့လည်ပိုင်းတွင် မြို့တော်ရီယာ့ဒ်ရှိ အီမာမ် တာကီ ဘင် အဘ်ဒူလာ ဗလီဝတ်ကျောင်းတော်ကြီးတွင် ပြုလုပ်သွားမည်ဖြစ်ပြီး ဈာပနအခမ်းအနားကို ယနေ့ ညနေပိုင်းတွင် ကျင်းပသွားမည်ဖြစ်သည်။

ဘုရင်ကြီး အဘ်ဒူလာမှာ ၁၉၂၃ ခုနှစ်တွင် မွေးဖွားခဲ့ခြင်းဖြစ်ပြီး ဆော်ဒီထီးနန်းကို ၂၀၀၆ ခုနှစ်တွင် စတင် စိုးစံခဲ့သည်။ ထို့နောက် တော်ဝင်မိသားစုအတွင်း အရေးပါသော ပြုပြင် ပြောင်းလဲမှုများကို လုပ်ဆောင်ခဲ့သူဖြစ်သည်။

ဘုရင်ကြီးကွယ်လွန်မှုအတွက် ကမ္ဘာ့ခေါင်းဆောင်များက ၀မ်းနည်းကြောင်း ပြောကြားခဲ့ကြပြီး အမေရိကန်သမ္မတ ဘာရက်အိုဘားမားကမူ ဘုရင်ကြီးမှာ `ပွင့်လင်းပြီး၊ မိမိ၏ ခံယူချက်အပေါ် ရဲရဲရင့်ရင့် ရပ်တည်ခဲ့သော ခေါင်းဆောင်´ ဖြစ်သည်ဟု ချီးကျူးခဲ့သည်။

ပြင်သစ်နိုင်ငံမှ ထုတ်ပြန်သော ၀မ်းနည်းကြောင်း သ၀ဏ်လွှာတွင် ဘုရင်ကြီး အဘ်ဒူလာမှာ `တိုင်းပြည်၏ သမိုင်းတစ်ခုကို ရေးထိုးပေး ခဲ့သော ခေါင်းဆောင်´ ဖြစ်သည်ဟု ဖော်ပြ ခဲ့သည်။ ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်းကလည်း ဘုရင်ကြီး၏ ကမ္ဘာလုံးဆိုင်ရာ ဘာသာပေါင်းစုံ ချစ်ကြည် ရင်းနှီးရေး လုပ်ဆောင်မှုကို ချီးကျူးခဲ့သည်။

ထိုကဲ့သို့ပင် အိန္ဒိယ၊ ကနေဒါ၊ မော်ရိုကို၊ အီဂျစ်တို့အပါအ၀င် ကမ္ဘာ့နိုင်ငံများမှ ခေါင်းဆောင်များ၊ အစိုးရများကလည်း ဘုရင်ကြီးသေဆုံးမှုအတွက် ၀မ်းနည်းကြောင်း ပြောကြား ခဲ့သည်။ ယနေ့ညနေ တွင် ပြုလုပ်မည့် ဘုရင်ကြီး၏ ဈာပန အခမ်းအနားတွင် မွတ်စလင်နိုင်ငံအချို့မှ ခေါင်းဆောင်များ တက်ရောက်မည်ဖြစ်သည်။

ဘုရင်ကြီးကွယ်လွန်သွားပြီးနောက် အိမ်ရှေ့မင်းသားဖြစ်သူ အသက် ၇၉ နှစ်အရွယ် ဆလ်မန် ဘင် အဘ်ဒူလ်အဇစ် အလ် ဆာအွဒ်က ထီးနန်းအရိုက်အရာကို ဆက်ခံသွားမည်ဟု နိုင်ငံပိုင် ရုပ်မြင်သံကြား ဌာနက ကြေညာခဲ့သည်။

Ref: aljazeera,alarabiya

Leave a Reply