6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဖေဖော်ဝါရီ ၁၀၊ ၂၀၁၅
M-Media

chil 2

– လွန်ခဲ့သည့် နှစ်ပေါင်း ၅၀ ကျော်က ဘောလုံးအသင်းတစ်ခုလုံး တင်ဆောင်ကာ ပျောက်ဆုံးသွားခဲ့သည့် ချီလီခရီးသည်တင် လေယာဉ်တစ်စင်းကို အန်ဒီးစ်တောင်တန်းပေါ်တွင် တောက်တက်သမားများက ပြီးခဲ့သည့်သီတင်းပတ်အတွင်း တွေ့ရှိခဲ့ကြသည်ဟု သိရသည်။

မြို့တော် ဆန်တီယာဂိုတောင်ဘက် မိုက် ၁၉၀ ဝေးသည့် အန်ဒီးစ်တောင်တန်း မီတာ ၃၂၀၀ အမြင့်ပေါ်တွင် တောင်တက်သမားများက LAN Chile Douglas DC3 လေယာဉ်၏ ကိုယ်ထည်နှင့် ပြန့်ကျဲနေသော အပိုင်းအစများ လူအရိုးများကို ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။ လေယာဉ်၏ အချို့အစိတ်အပိုင်းများမှာ ကျောက်တုံးများဖြင့် ဖုံးလွှမ်းနေပြီး နှစ်ပေါင်း ၅၀ ကျော်ကြာ မပျောက်မပျက် တည်ရှိနေခြင်းအတွက်လည်း အံ့အားသင့်ခဲ့ရသည်။

အဆိုပါလေယာဉ်မှာ ချီလီရှုံးထွက်ဖလားပြိုင်ပွဲကို အဝေးကွင်း အိုဆောရ်နိုမြို့တွင် သွားရောက်ကစားပြီးနောက် ဆန်တီယာဂိုသို့ ပြန်လာသည့် ချီလီအဆင့်မြင့်တန်းကလပ် Green Cross အသင်း၏ ပထမကစားသမားများအပါဝင် ဘောလုံးသမား ၂၄ ဦးကို တင်ဆောင်လာခဲ့ပြီးနောက် ၁၉၆၁ ခုနှစ် ဧပြီ ၃ ရက်နေ့က ပျောက်ဆုံးခဲ့ခြင်းဖြစ်သည်။

ထိုလေယာဉ်အား သီတင်းပတ်ပေါင်းများစွာ ရှာဖွေခဲ့သော်လည်း အစအနပင် တွေ့ရှိခဲ့ခြင်းမရှိဘဲ ထိုလေယာဉ်ပျောက်ဆုံးမှုမှာ လေကြောင်းသမိုင်းတွင် ပဟေဠိအဖြစ်ဆုံး အဖြစ်အပျက်ထဲမှ တစ်ခုဖြစ်ခဲ့သည်။ နောက်ပိုင်းတွင် လေယာဉ်ပေါ် လိုက်ပါသွားကြသူများအတွက် ဈာပနအခမ်းအနားကို ကျင်းပခဲ့ကြပြီး ပြည်သူအများအပြား တက်ရောက်ခဲ့ကြသည်။

Ref: dailymail

Leave a Reply