6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဖေဖော်ဝါရီ ၁၁၊ ၂၀၁၅
M-Media

ple 3

– ပါလက်စတိုင်း၏ အနောက်ဥရောပ ပထမဆုံး သံတမန်ဆက်သွယ်မှုအဖြစ် ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့တွင် သံရုံးတစ်ခုကို
ယမန်နေ့က ဖွင့်လှစ်ခဲ့သည်ဟု သိရသည်။

အဆိုပါ သံရုံးဖွင့်ပွဲအခမ်းအနားသို့ ပါလက်စတိုင်းသမ္မတ မဟ်မူးဒ် အဘတ်စ်နှင့် ဆွီဒင်နိုင်ငံခြားရေးဝန်ကြီး မာဂေါ့ ဝေါလ်စထရုန်းတို့ တက်ရောက်ခဲ့ကြသည်။ အဘတ်စ်မှာ စတော့ဟုမ်းတွင် ဆွီဒင်တာဝန်ရှိသူများနှင့် တွေ့ဆုံကာ နှစ်နိုင်ငံဆက်ဆံရေး ပိုမိုနီးကပ်စေရန်အတွက် ဆွေးနွေးမှုများပြုလုပ်ရန် ရှိနေသည်။

ယမန်နေ့အစောပိုင်းကလည်း ဆွီဒင်မှာ ပါလက်စတိုင်းသို့ ဘဏ္ဍာရေးအကူအညီများ ပေးအပ်သွားမည်ဟု ကြေညာခဲ့ပြီး
ပါလက်စတိုင်းခေါင်းဆောင်များကိုလည်း ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် တိုက်တွန်းခဲ့သည်။ ဆွီဒင်မှာ လာမည့် ၅ နှစ်အတွင်း ပါလက်စတိုင်းသို့ ကန်ဒေါ်လာ ၁၇၉ သန်း ထောက်ပံ့သွားရန် အစီအစဉ်ရှိနေသည်။

အဘတ်စ်ကမူ ဥရောပတွင် ပါလက်စတိုင်းအား အချုပ်အခြာအာဏာပိုင်နိုင်ငံအဖြစ် ပထမဆုံး အသိအမှတ်ပြုခဲ့သော ဆွီဒင်၏
ဆောင်ရွက်မှုကို အခြားသောနိုင်ငံများက အတုယူကြရန် တိုက်တွန်းဆော်သြခဲ့သည်။

ပါလက်စတိုင်းအား အချုပ်အခြာအာဏာပိုင် နိုင်ငံအဖြစ် ဆွီဒင်က အသိအမှတ်ပြုခဲ့ပြီးနောက် သံတမန်အဆက်အသွယ်ဖြတ်ခဲ့သည့် အစ္စရေးကမူ စတော့ဟုမ်းတွင် သံရုံးဖွင့်မှုအတွက် ဆွီဒင်အစိုးရကို ပြင်းပြင်းထန်ထန် ဝေဖန်ပြစ်တင်ခဲ့ပြီး အဆိုပါဆုံးဖြတ်ချက်မှာ ဆွီဒင်အစိုးရက ချမှတ်ခဲ့သော ပေါ်လစီအမှား၏ မကောင်းသော ရလဒ်သာဖြစ်သည်ဟု အစ္စရေးနိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။

ပါလက်စတိုင်း၏ အချုပ်အခြာအာဏာအတွက် ယခုအချိန်အထိ စပိန်၊ ပြင်သစ်၊ ဗြိတိန်၊ အိုင်ယာလန်နှင့် ပေါ်တူဂီ စသည့် ဥရောပနိုင်ငံများအပါအ၀င် ကမ္ဘာ့နိုင်ငံပေါင်း ၁၃၅ နိုင်ငံ၏ အစိုးရများက တရားဝင် ထောက်ခံအားပေးထားပြီး ဥရောပ
ပါလီမန်ကလည်း အချုပ်အခြာအာဏာပိုင်နိုင်ငံအဖြစ် အသိအမှတ်ပြုရန် ပါလက်စတိုင်း၏ ကြိုးပမ်းမှုကို ထောက်ခံချက်ပေးထားသည်။

Ref: presstv

Tags:

Leave a Reply