6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

မတ် ၁၀၊ ၂၀၁၅
M-Meida

tikrit

– IS က သိမ်းပိုက်ထားသည့် တီကရစ်မြို့အား ပြန်လည်ရရှိရန် တိုက်ခိုက်နေသည့် အီရတ်တပ်ဖွဲ့များမှာ မြို့အနီးရှိ နောက်ထပ်ခရိုင်တစ်ခုနှင့် ရေနံတွင်းအချို့ကို ယမန်နေ့က ထပ်မံသိမ်းပိုက်နိုင်ခဲ့ပြီး မြို့တွင်းသို့ဝင်ရန် ကြိုးစားနေကာ IS ၏ ပြင်းထန်သော ခံစစ်နှင့် ရင်ဆိုင်နေရသည်ဟု သိရသည်။

ကာ့ဒ်တပ်ဖွဲ့၊ စွန်နီလူမျိုးစု တိုက်ခိုက်ရေးသမားများ၊ ရှီအာ ပြည်သူ့စစ်များနှင့် အီရတ်စစ်တပ်တို့ ပူးပေါင်း ဖွဲ့စည်းထားသည့် တပ်ဖွဲ့ဝင်များ သိမ်းပိုက်နိုင်ခဲ့သည့်ဒေသမှာ တီကရစ်မြို့နှင့် ၁၈ ကီလိုမီတာအကွာရှိ အလ်-အလမ် ခရိုင်ဖြစ်ပြီး မြို့တွင်းသို့ဝင်ရောက်ရန် နောက်ဆုံး စခန်းလည်းဖြစ်သည်ဟု Iraqiya TV က ယမန်နေ့တွင် ဖော်ပြခဲ့သည်။

ထို့ပြင် တီကရစ်မြို့အရှေ့မြောက်ဘက်ရှိ အလ်-အိုဂျေးလ်မှ ရေနံတွင်းများကိုလည်း အီရတ်တပ်ဖွဲ့များက သိမ်းယူနိုင်ခဲ့ပြီး အလ်-အလမ်မှ ရေနံတွင်းအချို့ကိုမူ IS အဖွဲ့များက မီးရှို့ခဲ့ကြသည်ဟု ဆိုသည်။ တီကရစ်မြို့အား ပြန်လည်သိမ်းယူရေး တိုက်ပွဲမှာ နိုင်ငံ၏ ဒုတိယအကြီးဆုံး မူဆိုးလ်မြို့အား IS လက်မှ ပြန်သိမ်းရေးအတွက် အဓိကအရေးပါသည့် တိုက်ပွဲလည်းဖြစ်သည်။

မြို့၏ အရှေ့တောင်ဘက် ကီလိုမီတာ ၃၀ အကွာတွင်ရှိသည့် အလ်-ဒူးရ်မြို့ကိုလည်း ရှီယာ ပြည်သူ့စစ်များ ပါဝင်သည့် အီရတ်စစ်တပ်မှာ ပြီးခဲ့သည့် သီတင်းပတ်က သိမ်းယူနိုင်ခဲ့ပြီး လက်ရှိတွင် အခြေစိုက်လျက် ရှိနေသည်။အလ်-အလမ်နှင့် အလ်-ဒူးရ်တို့ကို သိမ်းယူနိုင်ခဲ့ခြင်းမှာ IS ၏ အဓိက ထောက်ပံ့ရေးလမ်းကြောင်းကို ဖျက်တောက်နိုင်ခြင်းလည်း ဖြစ်သည်။

Ref: Aljazeera

Tags:

Leave a Reply