6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

Fareed Zakaria ဆိုတာ ဘယ်သူလဲ?

Fareed Zakaria
Photo-Wiki

သူဟာ ဒီကနေ့ နိုင်ငံတကာမီဒီယာလောကမှာ ထိပ်တန်းစာရင်းဝင် ဂျာနယ်လစ်တစ်ဦးပါ။ သူဟာ လက်ရှိ အမေရိကန်နိုင်ငံသားပါ။သူဟာ  ‘တောင်အာရှနွယ်ဖွား’ (ယနေ့ မြန်မာအများစု အခေါ် ကုလား’) ဆိုရင် စာရှုသူ ပိုစိတ်ဝင်စားသွားမလား? အံ့အားသင့်သွားမလား?
ထိပ်တန်းဂျာနယ်လစ်

၁၉၉၂-ခုနှစ်မှာ ကမ္ဘာကျော် Foreign Affairs မဂ္ဂဇင်းရဲ့ အယ်ဒီတာ၊ ၂၀၀၀ မှ ၂၀၁၀-ခုနှစ်အထိ ကမ္ဘာကျော်  Newsweek မဂ္ဂဇင်းရဲ့ ပင်တိုင်ဆောင်းပါရှင်နဲ့ အယ်ဒီတာတို့အပြင် Newsweek International  ရဲ့ အယ်ဒီတာရှင်ဖြစ်ခဲ့ပြီး ၂၀၁၀-ခုနှစ်မှာ ကမ္ဘာ့ထိပ်တန်း TIME  မဂ္ဂဇင်းရဲ့ စာရေးစာတည်း ကလောင်ရှင် ဖြစ်လာပါတယ်။ နောက်ထပ်ပြီး ကမ္ဘာသိ အမေရိကန်ရုပ်သံဌာန CNN မှာ ၂၀၀၈-ခုနှစ်ကစတင်၍ Fareed Zakaria GPS အမည်နဲ့လည်း ကဏ္ဍတစ်ခု တင်ဆက်ထုတ်လွှင့်နေပါတယ်။

အခြားသော ကမ္ဘာကျော်သတင်းစာ၊ မဂ္ဂဇင်း၊ စာစောင်များဖြစ်တဲ့  New York Times ၊ Wall Street Journal ၊ The New Yorker ၊ Slate တို့မှာလည်း ဆောင်းပါးများ မကြာခဏပါဝင်ရေးသားလေ့ရှိပါတယ်။

ဒီလောက် အောင်မြင်ထင်ရှားတဲ့ မွတ်စလင် တစ်ဦးအကြောင်း လေ့လာကြည့်ကြပါစို့။

ငယ်စဉ်အခါ

Fareed Zakaria ကို ၁၉၆၄-ခုနှစ် ဇန်နဝါရီလ ၂၀-ရက်မှာ အိန္ဓိယနိုင်ငံ ဘုံဘေမြို့၌ မွေးဖွားခဲ့ပါတယ်။ ဖခင် Rafiq Zakaria ဟာ Indian National Congress ပါတီ နိုင်ငံရေးသမားတစ်ဦးဖြစ်ပြီး မိခင် Fatima Zakaria ဟာ တစ်ချိန်က Sunday Times of India သတင်းစာရဲ့ အယ်ဒီတာပါ။ ဖခင်ဟာ အစ္စလာမ် သာသနာ့ပညာရှင် တစ်ဦးလည်း ဖြစ်ပါတယ်။

ပညာအရည်အချင်း

ငယ်စဉ်အခါ ဘုံဘေမြို့ Anglican Cathedral နဲ့ John Connon ပုဂ္ဂလိလကျောင်းများမှာ ပညာသင်ကြားခဲ့ပြီး Bachelor of Arts (B.A.) ဘွဲ့ကို အမေရိကန်နိုင်ငံရှိ ကမ္ဘာ့ထိပ်တန်း ‘ယေးလ်တက္ကသိုလ်’ (Yale University) မှ ရရှိခဲ့ပါတယ်။ တက္ကသိုလ်၌ရှိစဉ် ‘ယေးလ် နိုင်ငံရေးရာ ယူနီယံအဖွဲ့’ ဥက္ကဌအဖြစ်လည်းကောင်း၊ လစဉ်ထုတ် ‘ယေးလ် နိုင်ငံရေးရာ’ စာစောင် အယ်ဒီတာချုပ်အဖြစ် လည်းကောင်း ထူးချွန်စွာ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။ ၁၉၉၃-ခုနှစ်မှာ အမေရိကန်နိုင်ငံရှိ ကမ္ဘာ့ထိပ်တန်း တက္ကသိုလ် နောက်တစ်ခုဖြစ်တဲ့ ‘ဟားဗတ်’ (Harvard University) မှ နိုင်ငံရေးသိပ္ပံပညာ (Political Science) အထူးပြုပါရဂူ (Doctor of Philosophy) ဘွဲ့ရရှိခဲ့ပါတယ်။ ဟားဗတ်မှာ ကမ္ဘာ့ထိတ်ထိတ်ကြဲ ပညာရှင်ကြီးများဖြစ်တဲ့ နိုင်ငံရေးသိပ္ပံပညာရှင် Samuel Paul Huntington နဲ့ ဥရောပရေးရာပညာရှင် Stanley Hoffmann တို့အပြင် နိုင်ငံတကာ ဆက်ဆံရေး ပညာရှင် (International Relations) Robert Keohane ထံမှာလည်း ပညာဆည်းပူးခဲ့ပါတယ်။

 ထင်ရှားစာအုပ်အရေးအသား

သူရေးသားခဲ့တဲ့ လုံးချင်းစာအုပ်များကတော့ ၁၉၉၈-ခုနှစ် Princeton ထုတ် From Wealth to Power: The Unusual Origins of America’s World Role ၊ ၂၀၀၃-ခုနှစ် Norton ထုတ် The Future of Freedom ၊ ၂၀၀၈-ခုနှစ်မှာထုတ်ဝေခဲ့တဲ့ ကမ္ဘာတလွှား လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့တဲ့ The Post-American World တို့ဖြစ်ပါတယ်။ The American Encounter: The United States and the Making of the Modern World ဆိုတဲ့စာအုပ်ရဲ့ တွဲဖက် အယ်ဒီတာလည်းဖြစ်ပါတယ်။

The Post-American World စာအုပ်ကို စာရေးဆရာဦးကျော်ဝင်း မဂ္ဂဇင်းတစ်ချို့မှာ အခန်းဆက်ဘာသာပြန်ခဲ့ပြီး လုံးချင်းလည်းထုတ်ဝေထားပါတယ်။ The Future of Freedom စာအုပ်ဟာလည်း New York Times အရောင်းအသွက်ဆုံး ထိပ်တန်းဝင်ခဲ့ပြီး ဘာသာပေါင်း ၂၀-ကျော်သို့လည်း ပြန်ဆိုအောင်မြင်ခဲ့ပါတယ်။

‘၉/၁၁ အရေးအခင်း’ ပြီးနောက်ပိုင်း Newsweek ၌ ‘Why They Hate Us’ အက်ဆေး ရေးသားခဲ့ရာ ‘အကြမ်းဖက်ဝါဒ’ဟာ အခြေခံအားဖြင့် ‘အစ္စလာမ်သာသနာ’မှ ပေါက်ဖွားလာခြင်းမဟုတ်ကြောင်း ခုခံတင်ပြခဲ့ပြီး ‘အာရပ်’နိုင်ငံများအနေနှင့် ပိုမိုတိုးတက်သော လူ့အဖွဲ့အစည်းအတွက် တံခါးဖွင့်လှစ်ဖို့လိုကြောင်းနဲ့ မွတ်စလင်များကိုလည်း တိုးတက်ခေတ်မှီတဲ့ ကမ္ဘာစီသို့ခြေလှမ်းကြဖို့ အဆိုပြုခဲ့ပါတယ်။ ‘၂၀၀၃-ခုနှစ် အီရတ် စစ်ဆင်ရေး’ကို ကနဦးပိုင်းမှာ ထောက်ခံခဲ့ပေမယ့် နောက်ပိုင်းမှာ ‘အီရတ်သိမ်းပိုက်စိုးမိုးရေး’ လုပ်တယ်လို့ ‘ဘုရှ်အစိုးရ’ကို မကြာခဏဝေဖန်ခဲ့ပါတယ်။ ၂၀၀၆-ခုနှစ်နောက်ပိုင်း အမေရိကန်အစိုးရဟာ ‘အကြမ်းဖက်မှုတိုက်ဖျက်ရေး’မှာ သာမက ‘လူဝင်မှုကြီးကြပ်ရေး’နဲ့ အခြားနေရာတွေမှာပါ ‘အကြောက်တရား အခြေခံတဲ့ ပေါ်လစီများ’ ကျင့်သုံးနေတာကိုလည်း ဝေဖန် ထောက်ပြခဲ့ပါတယ်။

၂၀၀၈-ခုနှစ် သမ္မတရွေးကောက်ပွဲမှာ ‘ဘာရက် အိုဘားမား’ကို ထောက်ခံခဲ့ပြီး ‘သမ္မတ ဘာရက် အိုဘားမား’ ကလည်း အရှေ့အလယ်ပိုင်းရေးရာများမှာ သူ့ထံက အကြံဉာဏ်ယူတာမျိုးရှိတယ်လို့လည်း The New York Times မှာ ရေးသားဖော်ပြခဲ့ပါတယ်။

ကျော်ကြားရုပ်သံအစီအစဉ်

၂၀၀၂ မှ ၂၀၀၇-ခုနှစ်အထိ အမေရိကန် ABC ရုပ်သံဌာန This Week with George Stephanopoulos ကဏ္ဍရဲ့ သတင်းစိစစ်ဝေဖန်သူတစ်ဦးဖြစ်ခဲ့ပြီး ၂၀၀၅ မှ ၂၀၀၈-ခုနှစ်အတွင်း PBS ရုပ်သံဌာနမှာ Foreign Exchange with Fareed Zakaria အပတ်စဉ်ကဏ္ဍကို တင်ဆက်ခဲ့ပါတယ်။ ၂၀၀၈-ခုနှစ် ဇွန်လမှာ CNN မှာ Fareed Zakaria GPS (Global Public Square) ကို စတင်ခဲ့ပါတယ်။ သူရဲ့အင်တာဗျူး အစီအစဉ်များမှာ တိဘက်ငြိမ်းချမ်းရေးခေါင်းဆောင် ဒလိုင်းလားမား၊ အမေရိကန်သမ္မတ အိုဘားမား၊ အိန္ဓိယဝန်ကြီးချုပ် မန်မိုဟန်ဆင်း၊ ဂျော်ဒန်ဘုရင် အဗဒူလာ၊ ရုရှားသမ္မတဟောင်း လက်ရှိဝန်ကြီးချုပ် ဒီမီထရီ မက်ဒေဗက်၊ ဘရာဇီးသမ္မတကြီး လူလာဒါ စီလဝါ၊ စင်္ကာပူဖခင်ကြီး လီကွမ်ယူ အစရှိသော ခေါင်းဆောင် အများအပြားပါဝင်ခဲ့ပါတယ်။

ဂုဏ်ထူးဆောင်ဘွဲ့များ

၂၀၀၇-ခုနှစ်မှာ ဩဇာတက္ကိမကြီးတဲ့ Foreign Policy နဲ့ Prospect မဂ္ဂဇင်းတို့က Fareed Zakaria အား ကမ္ဘာ့ထိပ်သီး ဥာဏ်ကြီးရှင် (leading public intellectuals) အယောက် ၁၀၀ စာရင်းထည့်သွင်းခဲ့ပါတယ်။ ၂၀၀၈-ခုနှစ် ပြည်ပရောက်အထူးချွန်ဆုံး အိန္ဒိယသားဆု (India Abroad Person of the Year 2008)ကို ရရှိခဲ့ပြီး ၂၀၁၀-ခုနှစ်မှာ  အိန္ဒိယအစိုးရက နိုင်ငံရဲ့ တတိယအမြင့်ဆုံး ဂုဏ်ထူးဆောင် Padma Bhushan ဆုကို ချီးမြှင့်ခဲ့ပါတယ်။ မိုင်ယာမီတက္ကသိုလ်(University of Miami)၊ အိုဘာလင်ကောလိပ်(Oberlin College)၊ ဘိတ်စ်ကောလိပ်(Bates College)၊ ဘရောင်းတက္ကသိုလ်(Brown University)၊ ဟားဗတ်တက္ကသိုလ်(Harvard University) နဲ့ ဂျွန်ဟော့ကင်းတက္ကသိုလ်(Johns Hopkins University) တို့မှလည်း ဂုဏ်ထူးဆောင်ဘွဲ့များ အသီးသီး ချီးမြှင့်ခဲ့ကြပါတယ်။

Christopher Murray, Jens Stoltenberg, Bill Gates, Gordon Brown, Olusegun Obasanjo, Fareed Zakaria and Giulio Tremonti during the World Economic Forum 2006 Davos, Switzerland. (second from the right)
Photo-wiki

၁၉၉၉-ခုနှစ်မှာ Esquire မဂ္ဂဇင်းက သူ့ကို ‘သူ့မျိုးဆက်ရဲ့ ဩဇာအကြီးဆုံး နိုင်ငံတကာရေးရာ ပေါ်လစီပညာရှင်ကြီး’ အဖြစ် ကင်ပွန်းတပ်ခဲ့ပြီးနောက် GPS ကဏ္ဍမှာ တရုတ်ပြည်ဝန်ကြီးချုပ် မစ္စတာဝမ်ကျားပေါင်နဲ့ အင်တာဗျူးဟာလည်း Emmy အကယ်ဒမီဆု လျာထားခြင်းခံရတဲ့အထိ အောင်မြင်ခဲ့ပါတယ်။ ၂၀၁၀-ခုနှစ်ရဲ့ နိုင်ငံလုံးဆိုင်ရာ မဂ္ဂဇင်းဆု ရရှိခဲ့တဲ့အပြင် သူ့ရဲ့အခြားဆောင်းပါးများ၊စာပေများဟာလည်း ဆုပေါင်းများစွာ ချီးမြှင့်ခြင်းခံရပါတယ်။

၂၀၁၂-ခုနှစ် ဟားဗတ်တက္ကသိုလ်(Harvard University) နဲ့ ဂျူခ်တက္ကသိုလ် (Duke University) တို့ရဲ့ ဘွဲ့နှင်းသဘင် အခမ်းအနားများမှာလည်း မိန့်ခွန်း (commencement addresses) ပြောကြားပေးခဲ့ပါတယ်။

သမ္မတ အိုဘားမားရဲ့ အိမ်ဖြူတော် ညစာစားပွဲသို့လည်း ဖိတ်ကြားခြင်းခံခဲ့ရဖူးပါတယ်။

ပုဂ္ဂိုလ်ရေးရာ

လက်ရှိ အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ ဇနီး Paula Throckmorton Zakaria ၊ သားဖြစ်သူ Omar ၊ သမီး ၂-ဦး  Lila ၊ Sofia တို့နှင့်အတူ နေထိုင်လျက်ရှိပါတယ်။ သူ့မှာ ကိုယ်ပိုင် Web Site ရှိပြီး www.fareedzakaria.com ဖြစ်ပါတယ်။ လက်ရှိ ‘ဟားဗတ်တက္ကသိုလ် ဂေါပကအဖွဲ့ဝင်’ အဖြစ်လည်း အမှုထမ်းလျက်ရှိပါတယ်။ ဇနီးဖြစ်သူကလည်း ‘ဟားဗတ်တက္ကသိုလ်’မှ M.B.A ဘွဲ့ရရှိထားသူဖြစ်၍ ရတနာ ဒီဇိုင်းလုပ်ငန်း ပိုင်ဆိုင်လုပ်ကိုင်လျက်ရှိပါတယ်။ Wall Street Journal အပါအဝင် အခြားစာစောင်များတွင်လည်း မကြာခဏဆိုသလို ဆောင်းပါးများရေးသားလေ့ရှိပြီး နယူးယောက်မြို့အခြေစိုက် Black Book ဓာတ်ပုံ အနုပညာဂျာနယ် ထုတ်ဝေသူနဲ့ စာအုပ်တိုက် ပိုင်ရှင်လည်းဖြစ်ပါတယ်။

လင်းယုန်နက် (ခြင်္သေ့မြို့တော်) စုဆောင်းပြုစုသည်။

References:

http://fareedzakaria.com/about/

http://nymag.com/nymetro/news/politics/national/features/n_8621/

http://www.conservapedia.com/Fareed_Zakaria

http://washingtonscene.thehill.com

http://www.dev.slate.com/authors.paula_throckmortonzakaria.html

http://en.wikipedia.org/wiki/Fareed_Zakaria

Leave a Reply