6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

မြောက်ကိုးရီးယားနိုင်ငံတွင် စစ်တပ်ချီလှည့်အခမ်းအနားကို အောက်တိုဘာလ ၁၀ ရက်နေ့ က ကျင်းပခဲ့ပါသည်။ ဒီအခမ်းအနားကို ပထမဆုံးအကြိမ် တိုက်ရိုက်ထုတ်လွင့်ခဲ့ပြီး မြောက်ကိုးရီး ယားစစ်တပ် အင်အားကြီးမားကြောင်း မြောက်ကိုးရီးယားပြည်သူများနှင့် ကမ္ဘာကိုပြသရန်ဖြစ် သည်။ ဤအခမ်းအနားသည် ကင်ဂျုံးအီ၏ အငယ်ဆုံးသား ကင်ဂျုံးအန် ကို ဖခင်၏ အရိုက်အ ရာဆက်ခံသွားမည့် ခေါင်းဆောင်သစ်အဖြစ် ရွေးချယ်ခြင်းအထိမ်းအမှတ်ဖြစ်သည်။ (ကိုးကား – Al Jazeera, Oct 10, 2010)

တရုတ် သိပ္ဗံပညာရှင်များ Bigfoot — ဒေသခံအခေါ် ရီရန် (Yeren) — ခေါ် ထူးဆန်းလူသားကို လိုက်ရှာရန် နိုင်ငံတကာ အကူအညီများ တောင်းဆိုလျက်ရှိသည်။ ၂ မီတာကျော် မြင့်ပြီး ကိုယ်ပေါ်တွင် အမွေးအမြင် အနီ အနက် ခဲရောင်ရှိ လူတပိုင်း သတ္တ၀ါတပိုင်း ထူးဆန်းလူသား အား တရုတ်ပြည်အလယ်ပိုင်း ဟူဗိုင်းပြည်နယ်တွင် မြင်ဖူးကြောင်း လူ ၄၀၀ ကျော်က ပြောကြသည်။ ဤကိစ္စကို မည်သူမျှသက်သေပြနိုင်ခြင်း မရှိသေးသည့်အတွက် ကူညီ သုတေသနပြုရန် ဖိတ်ခေါ်လျက်ရှိသည်။ (ကိုးကား Reuters, Oct 10, 2010)

အဆိုကျော် Eminem သည် ညစ်ညမ်းဆဲဆိုသော သီချင်းများရေးသားသီဆိုမှုဖြင့် လူအများ ဝေဖန်ခြင်းခံရသော်လည်း သူ့ အိမ်တွင် ညစ်ညမ်းဆဲဆိုမှုအတွင် နေရာမရှိကြောင်း CNN သတင်းထောက် အန်ဒဆန် ကူပါကို ပြောဆိုပါသည်။ သမီး ၃ ယောက် ဖခင် (အရင်း ၁ ယောက် မွေးစား ၂ ယောက်) ရှိသည့်အိမ်တွင် ထိုစကားလုံးများ မပြောနိုင် ခွင့်မပြုနိုင်ဟုဆိုသည်။ (ကိုးကား Reuters, Oct 9, 2010)

အီတလီနိုင်ငံ၏ လူသတ်မှုစစ်ဆေးသည့် တိုက်ရိုက်တီဗွီအစီအစဉ်တခုကြောင့် လူ ၃ သန်းခွဲ အံ့သြတုန်လှုပ်သွားသည်။ အကြောင်းမှာ ပျောက်ဆုံးသွားသော ၁၅ နှစ်အရွယ်ကောင်မလေး နှင့်ပတ်သက်ပြီး တိုက်ရိုက်ထုတ်လွင့်ချိန်တွင်  သူမသမီးသည် သေဆုံးလောက်ပြီဖြစ်ကြောင်း၊ သူမ ဦးလေးအား လူသတ်တရားခံဖြစ်ကြောင်းကို ပြောသည့်ကိစ္စကို တိုက်ရိုက်လွင့်ပြသဖြင့် ပရိတ်သတ်များ အနေဖြင့် သူမမိခင်၏ ၁၁ မိနစ်ကြာ တိတ်ဆိတ်သွားပုံနှင့် စွပ်စွဲခံရသည့် ဦးလေးကို လည်း သူ့ နေအိမ်တွင် စွပ်စွဲချိန်တွင်ပင် ချက်ချင်းတိုက်ရိုက် ရှုမြင်ကြရခြင်းကြောင့်ဖြစ်သည်။ ဤတီဗွီအစီအစဉ်ကို ပညာရှင်များနှင့် မီဒီယာသမားများက ဝေဖန်လျက်ရှိသည်။ (ကိုးကား AFP, Oct 9, 2010)

ကွန်ဂိုနိုင်ငံ အရှေ့ ပိုင်းေ၇ွှထွက်ရာဒေသတွင် ပြည်တွင်းစစ်ပွဲအတွင်း ကြီးစိုးသည့် လက်နက်ကိုင် ခေါင်းဆောင် သောမတ်စ် လူဘန်ဂါကို အသက် ၁၅ နှစ်အောက် ကလေးကို သူ့ တပ်အတွက် ခိုင်းစားမှုဖြင့် နိုင်ငံတကာ တရားရုံးက အမှုဆက်လက်ဆွဲဆိုဖို့  ပြန်လည်စတင်လိုက်ပြီဖြစ်သည်။ (ကိုးကား – AFP Oct 9, 2010)

အာဖရိကန်နိုင်ငံတခုဖြစ်သည့် ကဲန်ညာနိုင်ငံတွင် ၂၀၁၀ အတွင်း စုစုပေါင်း ကျောင်းဆရာ ယောက် ၅၀၀ ကျော်ကို ကလေးများအား လိင်ကိစ္စကျူးလွန်မှုဖြင့် အလုပ်မှ ထုတ်လိုက်သည်။ ယခင်နှစ်ကလည်း ၆၀၀ ကျော် ထုတ်လုပ်ပြီး အချို့ ကို တရားစွဲဆိုထားသည်။ ဤပြစ်မှုကြောင့် ကျောင်းသူကျောင်းသားများစွာ ကျောင်းထွက်လေ့ရှိကြောင်းသိရသည်။ (ကိုးကား ABC news (Australia) Oct 8, 2010)

Hunary နိုင်ငံ ကိုကွန်တာမြို့  အနီးရှိ စက်ရုံထွက် ဓာတုစွန့် ပစ်ပစ္စည်းသိုလှောင်ကန် နံရံတခု အက် ကွဲရာမှ စွန်းပစ်ပစ္စည်းများ စီးဆင်းလာမှုကြောင့် လူ ၇ ဦး သေဆုံးပြီး အနီးအနားရှိ ပြည်သူ 800 ကို အရေးပေါ်ရွေ့ ပြောင်းထားပါသည်။ ကျန်းမာရေးနှင့် သဘာဝပတ်ဝန်းကျင်ကို ဆိုးဆိုးဝါးဝါးထိခိုက် နိုင်သော (heavy metal) ဓာတုအကြွင်းအကျန်များ ရေကြီးသကဲ့သို့  စီးဆင်းလာပြီး အိမ်များတွင်းသို့ ဝင်ရောက်ခြင်း၊ ခြံများ၊ လယ်များထဲသို့ ဝင်ရောက်ခဲ့သဖြင့် ပြည်သူများ၏  ရေတိုရေရှည် စီးပွားရေး ထိခိုက်မှုရှိပြီး ဓာတုပစ္စည်းများ စိမ့်ဝင်နေသောကြောင့် ကျန်းမာရေးမထိခိုက်မည့် ကောက်ပဲသီးနှံများ စိုက်ပျိုးနိုင်မည့်အရေး မသေချာကြောင်း၊ နံရံတခုလုံးပြိုကျလာပါက ခရိုအေးရှ၊ ဟန်ဂေရီ စသည့် နိုင်ငံများအထိ စီးဆင်းလာနိုင် ကြောင်း ခန့် မှန်းကြပါသည်။ (ကိုးကား Fox News; The Vancouver Sun  – Oct 9, 2010)

တရုတ်နိုင်ငံ တီရံကျင်း မှာ ကျင်းပတဲ့ ရာသီဥတုပြောင်းလဲလာမှုဆိုင်ရာ အစည်းအဝေးတွင် တရုတ် နှင့် အမေရိကန်တို့သည် အချင်းချင်း အပြစ်တင်နေကြပြီး ဆက်လက်အကောင်အထည့်ဖော်ရမည့် ကိစ္စများကို ပျက်ကွက်လျက်ရှိသည်။ ဤနိုင်ငံကြီးတခုသည် ရာသီဥတုပြောင်းလဲစေသည့် ကြွင်းကျန် ဓာတုပစ္စည်းများ လေထုတွင်းသို့  အထုတ်သွင်းဆုံးနိုင်ငံများဖြစ်သည်။ အမေရိကသည် တရုတ်နှင့် ဖွံ့ ဖြိုးဆဲနိုင်ငံအချို အား ဓာတုပစ္စည်းထုတ်သွင်းမှု စောင့်ကြည့်ရေးအပေါ် သဘောမတူုသည့်အတွက် အပြစ်တင်ပြီး တရုတ်ကလည်း အမေရိကနှင့် ချမ်းသာသည့်နိုင်ငံများသာ ဓာတုထုတ်သွင်းမှုလျော့ချရန် ပျက်ကွက်ပြီး ဖွံ့ ဖြိုးဆဲ နိုင်ငံများအပေါ် မတရားသော တောင်းဆိုမှုများပြုနေကြောင်း ပြန်လည်အပြစ်တင်ခဲ့သည်။ (ကိုးကား – AP, Oct 10, 2010)

သြစတြေးလျနိုင်ငံတွင် ၀ိတ်ကျဆေးများကို မကြာမီတားတော့မည်ဖြစ်သည်။ အကြောင်းမှာ ၀ိတ်လျော့ဆေးအများစုသည် နှလုံးရောဂါနှင့် ဆက်စပ်နေသ်ာကြောင့်ဖြစ်သည်။ စိတ်မင်္ကာသူများအ နေဖြင့် ဆရာဝန်များဖြင့် စစ်ဆေးရန်လည်း အကြံပြုထားသည်။ (ကိုးကား – ABC news (Australia) Oct 8, 2010).

အီကွေဒေါနိုင်ငံတွင် ရဲအရာရှိ အယောက် ၄၀ ကို သမ္မတ ရာဖဲလ် ကော်ရီးယားအား တော်လှန်ပုန် ကုန်မှုဖြင့် ဖမ်းဆီးလိုက်ပါသည်။ ထိုအရာရှိများအား တရားစွဲသင့် မစွဲသင့် စုံစမ်းစစ်ဆေးလျက်ရှိသည်။ (ကိုးကား BBC, Oct 7, 2010)

Forbs မဂ္ဂဇင်း၏ ကမ္ဘာပေါ်တွင် သြဇာအကြီးဆုံး အမျိုးသမီးများစာရင်းကို ထုတ်ပြန်ရာတွင် သမ္မတအိုဗားမား၏ ဇနီး မီရှဲ အိုဗားမားကို နံပတ် ၁ အနေဖြင့် ရွေးချယ်ထားပါသည်။ အရွေးခံရသူများတွင် အနုပညာရှင် Boyonce, Lazy Gaga, Oprah Ellen DeGeneres တို့ ပါဝင်ပါသည်။ ဤအနုပညာရှင်များသည် သမ္မတဖြစ်ရန် ဒုတိယ နေရာတွင်ရှိသည့်ဆီးနိတ်အမတ် Nancy Pelosi ထက် ပိုသြဇာမြင့်ကြောင်း ဆိုသည်။ (ကိုးကား – Reuters Oct 7, 2010)

အောက်တိုဘာလ ၂ ရက်နေ့ တွင် ကွယ်လွန်သွားသည့် စင်္ကာပူဝန်ကြီးချုပ်ဟောင်း လီကွမ်ယု၏ ဇနီး Kwa Geok Choo (အသက် ၈၉  နှစ်) အား နောက်ဆုံးအရိုအသေပြုရန် သိန်းချီပြည်မသူများ စောင့်တန်းနေသည့် အချိန်တွင် အောန်လိုင်းပေါ်တွင် နောက်ကကြိုးကိုင်မှုဖြင့် စွပ်စွဲပြစ်တင်မှုများ တဖြည်းဖြည်းကြီးထွားလာနေသည်။ သူသည် လီကွမ်ယုနောက်တွင်ရော လက်ရှိ ၀န်ကြီးချုပ်ဖြစ်သူ သူ့ အားကိုပါ နောက်ကွယ်မှာ ထိန်းချုပ်ထားကြောင်းပြစ်တင်ပြီး သူ့ သားသမီးများနှင့် ဆွေများ၏ ပါဝါနှင့် စီးပွားရေးလုပ်ငန်းများလွမ်းမိုးထားမှုကို ဝေဖန်လျက်ရှိသည်။ (ကိုးကား Asia Times, Oct 7, 2010)

Leave a Reply