6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

မေ ၅၊ ၂၀၁၅
M-Media

– ပြီးခဲ့သည့်နှစ် နွေရာသီက ဂါဇာကမ်းမြှောင်အား ကျူးကျော်တိုက်ခိုက်မှုအတွင်း အစ္စရေးစစ်သားများမှာ မြင်မြင်သမျှကို ပစ်ခတ်ရန် အမိန့်ပေးခြင်း ခံခဲ့ရပြီး ဂါဇာပြည်သူများနေထိုင်ရာ နေရာများမှာလည်း တိကျမှုမရှိသော လက်နက်များဖြင့် တမင်တကာ ပစ်ခတ်ခြင်းခံခဲ့ရသည်ဟု အစ္စရေး NGO အဖွဲ့တစ်ခုဖြစ်သော Breaking the Silence အဖွဲ့မှ ထုတ်ပြန်သည့် အစီရင်ခံစာတွင်
ဖော်ပြထားသည်။

အစ္စရေးစစ်သားဟောင်းများက ဆောင်ရွက်နေသည့် အဆိုပါ NGO မှာ ဂါဇာပြည်သူ ၂၂၀၀ ကျော် သေဆုံးခဲ့သည့် ထိုတိုက်ခိုက်မှုပြီးနောက် ၈ လကြာ စုံစမ်းစစ်ဆေး မှုများ ပြလုပ်ခဲ့ပြီး ၂၃၇ မျက်နှာပါသော အဆိုပါအစီရင်ခံစာကို ယမန်နေ့က ထုတ်ပြန်ခဲ့သည်။

ရက် ၅၀ ကြာမြင့်ခဲ့သည့် ဂါဇာတိုက်ခိုက်မှုအတွင်း ပါဝင်ခဲ့သော အစ္စရေး ကြည်း၊ ရေ၊ လေ တပ်ဖွဲ့များမှ ဗိုလ်မှူးအဆင့်အထိ စစ်သားများကို စုံစမ်းစစ်ဆေးမှု အတွင်း တွေ့ဆုံမေးမြန်းခဲ့သည်။ အစီရင်ခံစာတွင် လည်း စစ်သားများ၏ အဆင့်နှင့် တာဝန်ထမ်းဆောင်သည့် တပ်ဖွဲ့တို့ကိုသာ ဖော်ပြခဲ့ပြီး ၎င်းတို့၏ လုံခြုံမှုကို ကာကွယ်ရန် အမည်များကို ဖော်ပြခဲ့ခြင်း မရှိပေ။

ဟာမက်စ်မှ ဒုံးကျည်များ ပစ်လွှတ်မှုအား တုံ့ပြန်သည်ဟုဆိုကာ ပြုလုပ်ခဲ့သည့် အဆိုပါ တိုက်ခိုက်မှုအတွင်း အရပ်သားများ သေကြေပျက်ဆီးမှုကို ရှောင်ရှားရန် ဂရုစိုက်ခဲ့သည်ဟု အစ္စရေး တာဝန်ရှိသူများက ပြောကြားခဲ့သော်လည်း Breaking the Silence ၏
တွေ့ရှိမှုများမှာ ထိုပြောကြားချက်နှင့် ကွဲလွဲနေသည်။ ဝေဖန်သူများကလည်း အစ္စရေးစစ်သားများမှာ မလျော်ကန်စွာ တုန့်ပြန်ခဲ့သည်ဟု ပြောကြားခဲ့ကြသည်။

Breaking the Silence မှ စုဆောင်းရရှိခဲ့သည့် အစ္စရေးစစ်သားများ၏ ၀န်ခံမှုတွင် စစ်သားတစ်ဦးချင်းစီမှာ ဂါဇာပြည်သူများအား ပစ်သတ်ခြင်း၊ အခြားသော ဆောင်ရွက်မှုများကို လုပ်နိုင်သည့်အချိန်တွင် ပြည်သူများအ အသက်အန္တရာယ်ရှိစေသာ ကိစ္စများကို အစ္စရေးစစ်ဘက် ထိပ်တန်းအရာရှိများက ဆုံးဖြတ်ခြင်း စသည်တို့ ပါဝင်သည်။

ထို့ပြင် ဂါဇာကမ်းမြှောင်အတွင်း တွေ့ရှိရသည့် မည်သူမဆို ရန်သူအဖြစ် ယူဆရမည်ဟု အစ္စရေးစစ်သားများအား ညွှန်ကြားထားကြောင်း၊ ထိုယူဆချက်ကြောင့် တပ်မှူးများကလည်း တွေ့ရှိသူတိုင်းကို ပစ်သတ်ရန် လက်အောက်ရှိ စစ်သားများအား အမိန့်ပေးထားကြောင်း အဆိုပါ အစီရင်ခံစာတွင် ဖော်ပြထားသည်။

စစ်သားတစ်ဦကမူ စေ့စပ်မှုစည်းကမ်းများတွင် အစ္စရေးစစ်သားအချင်းချင်း ပြန်၍ မပစ်ခတ်ရဟူသော စည်းကမ်းချက်တစ်ခုသာရှိသည်ဟု ဆိုသည်။

“တိုက်ပွဲစတိုင်းမှာ သူတို့က “မြင်မြင်သမျှ ပစ်သာပစ်” လို့ ကျွန်တော်တို့ကို ပြောပါတယ်။ IDF (အစ္စရေး ကာကွယ်ရေးတပ်ဖွဲ့) က အဲဒီမှာ အရပ်သားတွေနေတယ်လို့ မယူဆပါဘူ” ဟု ၎င်းက ပြောကြားခဲ့သည်။

အခြားစစ်သားတစ်ဦးက ချက်ခြင်းတိုက်ခိုက်မည်ဟူသော သတိပေး စာရွက်အား ဂါဇာတွင် ကြဲချခဲ့ပြီးသည့်နောက် ထိုဒေသအတွင်း ကျန်ရှိနေသူအားလုံးမှာ စစ်သွေးကြွများသာဖြစ်သည်ဟု မိမိတို့က ယူဆကြောင်း ပြောကြားခဲ့သည်။

အဆောက်အဦးများအား ဗုံးကြဲမှုတွင်လည်း အစ္စရေးက မိမိတို့မှာ ဗုံးမကြဲခင် အရပ်သားများ တိမ်းရှောင်ချိန်ရရန်အတွက် သတိပေးဗုံးတစ်ခုကို ချပြီး ထိုသို့ လုပ်ဆောင်ခြင်းကြောင့် အရပ်သား ထိခိုက်ဒဏ်ရာရမှုမှာ အနည်းဆုံး ဖြစ်ခဲ့သည်ဟု ပြောကြားခဲ့သော်လည်း လက်တွေ့တွင် ထိုကဲ့သို့ မဟုတ်သည်ကိုလည်း တွေ့ရှိခဲ့ရသည်။

အစ္စရေးစစ်သားတစ်ဦးက ခီရန်ဘတ် ခူဇာဒေသရှိ ၅ ထပ်အဆောက်အဦးအား ဗုံးကြဲရာတွင် သတိပေးဗုံးချပြီး ချက်ခြင်းဆိုသလိုပင် ဗုံးအစစ်ကို ချခဲ့ကြောင်း၊ အချိန် စက္ကန့် ၃၀နှင့် ၁ မိနစ်အတွင်း ပြည်သူများမှာ ဘေးလွတ်ရာသို့ ပြောင်းရွှေ့ရန်မှာ မဖြစ်နိုင်ကြောင်း ၀န်ခံခဲ့သည်။

Breaking the Silence ကမူ အစ္စရေးစစ်တပ်မှ လက်နက်ကြီးများ၊ မော်တာများကဲ့သို့ တိကျမှုမရှိသော လက်နက်များဖြင့် တိုက်ခိုက်ခြင်းကို ၎င်းတို့၏ အစီရင်ခံစာတွင် ရှုတ်ချခဲ့သည်။

အစ္စရေးက ထိုအစီရင်ခံစာအား ပယ်ချခဲ့ပြီး ထိုအစီရင်ခံစာပါ အချက်များမှာ သက်သေမရှိဘဲ၊ မိမိတို့ကလည်း စုံစမ်းစစ်ဆေးမှု မပြုလုပ်နိုင်ဟု ပြောကြားခဲ့သည်။ သို့သော်လည်း ထိုအစီရင်ခံစာမှာ အစ္စရေးက ဂါဇာအားတိုက်ခိုက်မှုအတွင်း စစ်ရာဇ၀တ်မှုများ ကျူးလွန်ခဲ့သည်ဆိုသော ပါလက်စတိုင်း၏ တိုင်ကြားမှုအား ပိုမိုအားကောင်းသွားစေခဲ့သည်။

Ref: RT, Aljazeera

http://wp.me/p2QCYJ-awL

 

Leave a Reply