6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

မေ ၁၅၊ ၂၀၁၅
M-Media

rvpl

– အာဂျင်တီးနား နာမည်ကြီးကလပ် ရေးဗားပလိတ်မှ ကစားသမားအချို့မှာ ပြည်တွင်းပွဲစဉ်တစ်ခုအတွင်း ပြိုင်ဘက်အသင်းပရိတ်သတ်များ၏ ငရုပ်ရည်ဘူးများဖြင့် တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်ဟု သိရသည်။

ယမန်နေ့ညက ဘိုကာဂျူနီယာနှင့် ရေးဗားပလိတ်တို့ ကစားခဲ့ကြသည့် ကိုပါ လီဗာတေဒိုးစ်ဖလား ၁၆ သင်းအဆင့် ဒုတိယအကျော့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ဂိုးမရှိသရေကျခဲ့သည့် ပထမပိုင်းပြီးနောက် ဒုတိယပိုင်းအစတွင် ကွင်းအတွင်းသို့ ၀င်ရောက်လာကြသည့် ရေးဗားပလိတ် ကစားသမားများကို လှိုင်ခေါင်းအတွင်း အိမ်ရှင် ဘိုကာဂျူနီယာ ပရိတ်သတ်များက ငရုပ်ရည်ဘူးများဖြင့် မျက်နှာကို ဖြန်းခဲ့ခြင်းဖြစ်ပြီး ရေးဗားပလိတ် ကစားသမား ၄ ဦး ဆေးရုံ၌ ကုသမှု ခံခဲ့ရသည်။

ထိုအဖြစ်အပျက်ဖြစ်ပွားပြီး ၁ နာရီခန့်အကြာတွင် ပွဲအားဖျက်သိမ်းရန် တာဝန်ရှိသူများက ဆုံးဖြတ်ခဲ့ကြပြီး ရေးဗားပလိတ် ကစားသမားများကို လုံခြုံရေးအစောင့်အရှောက်ဖြင့် ကွင်းအတွင်းမှ ခေါ်ထုတ်သွားခဲ့ရသည်။ ပွဲကြည့်စဉ်အောက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ၎င်းတို့၏ ဒိုင်းများဖြင့် ကစားသမားများအတွက် အမိုးလုပ်ပေးခဲ့ရသည်။

ရေးဗားပလိတ်နည်းပြ မာဆယ်လို ဂါလာဒိုကမူ ထိုအဖြစ်အပျက်မှာ မနှစ်မြို့စရာဖြစ်ပြီး ရှက်စရာကောင်းသည့်လုပ်ရပ်ဖြစ်သည်ဟု ပြောကြားခဲ့သည်။

ဘိုကာဂျူနီယာအသင်း၏ ဥက္ကဌက ထိုအဖြစ်အပျက်ကို ကန့်ကွက်ခဲ့ပြီး တောင်းပန်ခဲ့သော်လည်း ပရိတ်သတ်များ၏လုပ်ရပ်အတွက် အသင်းအား အပြစ်မပေးသင့်ဟု ပြောကြားခဲ့သည်။

“ကျွန်တော်တို့ တာဝန်ယူရမယ့်ကိစ္စကို တာဝန်ယူသွားမှာပါ။ ဒါပေမယ့် ကစားသမားတွေမှာ တာဝန်မရှိဘူးလို့ ကျွန်တော်ထင်ပါတယ်။ ရဲတပ်ဖွဲ့ကိုကူညီဖို့ ကျွန်တော်တို့လုပ်နိုင်တာအားလုံး လုပ်သွားမှာပါ။ ဒီလုပ်ရပ်အတွက် တာဝန်ရှိသူတွေကို မြန်မြန်ဆန်ဆန် ရှာတွေ့မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်” ဟု ဥက္ကဌ ဒန်နီယဲလ် အိန်ဂျယ်လီစီက ပြောကြားခဲ့သည်။

ဘိုကာဂျူနီယာနှင့် ရေးဗားပလိတ်အသင်းတို့မှာ အာဂျင်တီးနားတွင် ခါးသီးသောပြိုင်ဘက်များဖြစ်ပြီး ယခင်ကလည်း ၎င်းတို့နှစ်သင်းအကြား ပြဿနာမျိား ရှိခဲ့ဖူးသည်။

Ref: Dailymail

Tags:

Leave a Reply