6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇူလိုင် ၆၊ ၂၀၁၅
M-Media
မိုးစက်
Bilin_-_Google_Maps_-_2015-07-06_16.48.27
ဘီးလင်း။    ။ မွန်ပြည်နယ် ဘီးလင်းမြို့ တောင်စွန်းကျေးရွာရှိ တောင်စွန်းဂျာမေဗလီတွင် မိုးရာသီကာလ ဗလီဝတ်ပြုသည့်နေရာ မိုးမလုံ၍ အမိုးကာသည်ကို မ.ဘ.သ အဖွဲ့မှ ဖိအားပေး တားဆီးခဲ့သောကြောင့် ပြုပြင်ခဲ့သည့် အမိုးအား ပြန်လည် ဖျက်သိမ်းပေးရန် သဘောတူညီခဲ့ရကြောင်း သိရသည်။
.
တောင်စွန်းဂျာမေဗလီမှ သက်ဆိုင်ရာ တာဝန်ရှိသူများက ဗလီဝတ်ကျောင်းတော် ဝတ်ပြုသည့်နေရာ ၃၅× ၄၀ ပေ အကျယ်အဝန်း ရှိသည့် နေရာအား အမိုးပြန်လည်ပြုပြင်ရန် မြို့နယ် အုပ်ချုပ်ရေးအဖွဲ့အား တင်ပြခဲ့ပြီး အုပ်ချုပ်ရေး အဖွဲ့မှ နှုတ်မိန့်ဖြင့် ခွင့်ပြုခဲ့သောကြောင့် အမိုးပြုပြင် မွမ်းမံမှုများကို ပြုလုပ်ခဲ့သည်။
.
“ကျွန်တော်တို့ ဗလီသက်တမ်းက နှစ် (၁၀၀) လောက်ရှိပါပြီ။ ဗလီကို ဘာမှ မပြုပြင်ဘဲ ထားတာ တော်တော်ကြာခဲ့ပါပြီ။ ဗလီက အုပ်ခံသွပ်မိုးဗလီပါ။ သွပ်တွေကပေါက်ပြဲပြီး ခုလည်း ဝတ်ပြုဖို့က  မိုးမလုံတာကြောင့် ပြန်လည်ပြုပြင်ဖို့ တင်ပြပြီး ဆောင်ရွက်ခဲ့တာပါ” ဟု တောင်စွန်းဂျာမေဗလီမှ တာဝန်ရှိသူတစ်ဦးက M-Media ကိုပြောခဲ့ပါသည်။
.
အမိုးပြင်ပြီးတဲ့ အချိန်မှ မ.ဘ.သ က ကန့်ကွက်တယ်ဆိုပြီး  မြို့နယ် သာသနာရေးရုံး နဲ့ စည်ပင်မှ ဗလီသက်ဆိုင်ရာ တာဝန်ရှိသူများကို အစည်းအဝေး တစ်ရပ်ခေါ်ယူဆွေးနွေးခဲ့ကြောင်း သိရသည်။ ထိုအစည်းအဝေးတွင် မြို့နယ် သာသနာရေး ဒု-ဦးစီးမှူး က ယခု ဆက်မလုပ်ဘဲနဲ့ ရပ်တန့်ထားပြီး ခွင့်ပြု မိန့်တင်ပြီး ခွင့်ပြုမိန့်ကျလာမှ ဆက်လုပ်ရန်ပြောဆိုခဲ့သော်လည်း ဘီလင်း မ.ဘ.သ အဖွဲ့မှ အတွင်းရေးမှူးဆိုသူက ဆရာတော်များက ဒီအတိုင်း မထားခိုင်းဘူး ဖျက်ပေးရမယ်ဆိုပြီး ပြောဆိုခဲ့ကြောင်း သိရသည်။ ဖိအားပေးမှုများကြောင့် ဆွေးနွေးပြီးနောက်ပိုင်း မြို့နယ်သာသနာရေးနှင့် စည်ပင်တို့မှ ပြုပြင်ထားသည့် အမိုးအား ပြန်လည်ဖျက်သိမ်းပေးရန် ပြောဆိုခဲ့သည်။
.
ကျွန်တော်တို့ကို ဖျက်ခိုင်းတော့လည်း ဖျက်ပေးရမှာပေါ့။ ဒါပေမယ့်  အခုက ဥပုသ်ကလည်း ဖြစ်နေတော့ ဝတ်ပြုဖို့က အရမ်း အခက်အခဲဖြစ်နေတော့ မေတ္တာရပ်ခံထားပြီး ဥပုသ်ပြီးတာနဲ့ ပြန်ဖျက်ပေးမယ်ဆိုပြီး သဘောတူညီမှုရယူထားပါတယ်။ အုပ်ချုပ်ရေးမှူးတွေဘက်ကလည်း အမိုးကိုပြန်ဖျက်ပြီး တစ်ဖန်ပြန်လုပ်ဖို့ ခွင့်ပြုမိန့်ပြန်တင်ရန် ပြောဆိုထားကြောင်းကိုလည်း ယင်းဒေသမှမြို့ခံတစ်ဦးက M-Media ကိုပြောဆိုခဲ့ပါသည်။
.
အထက်ပါ အဖြစ်ပျက်အား  တောင်စွန်းဂျာမေဗလီအား ၉၆၉ အဖွဲ့မှာ ဖျက်ပေးရန် အကြပ်ကိုင်တောင်းဆို ဆိုသည့် သတင်းများ ဆိုရှယ်မီဒီယာတွေ ပြန့်နှံလျက်ရှိရာ အဆိုပါ သတင်းမှားယွင်းကြောင်း ဗလီကို ဖျက်ခိုင်းခြင်းမရှိဘဲ မိုးယို၍ ပြင်ဆင်ခဲ့သည့် အမိုးကိုသာ ပြန်ဖျက်ခိုင်းတာ ဖြစ်ကြောင်း သိရှိရပါသည်။
.
မွန်ပြည်နယ် ဘီးလင်းမြို့ တောင်စွန်းကျေးရွာရှိ တောင်စွန်းဂျာမေဗလီသည် တောင်စွန်းမြို့ကျောက်မိုင်းကို စတင်လေ့လာ လုပ်ကိုင်ကြသည့် အစ္စမာန်ဝတီခန် ကုမ္ပဏီပိုင်ရှင်များသည် ၁၉၁၆ ခုနှစ်တွင်  တောင်စွန်းကျေးရွာရှိ အစ္စလာမ်ဘာသာဝင်များ ဝတ်ပြုရန်အတွက်  လှူဒါန်းခဲ့သည့် ဗလီဝတ်ကျောင်းဖြစ်ကြောင်း သိရှိရပါသည်။

Leave a Reply