6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

သြဂုတ် ၂၊ ၂၀၁၅
M-Media

bin

– အင်္ဂလန်တောင်ပိုင်း၌ ကိုယ်ပိုင်လေယာဉ်ငယ်တစ်စီး ပျက်ကျမှုအတွင်း သေဆုံးသွားသော လူ ၄ ဦးတွင် အိုစမာဘင်လာဒင်၏ ဆွေမျိုး ၃ ဦး ပါဝင်ခဲ့သည်ဟု ဗြိတိန်ရဲတပ်ဖွဲ့က ပြောကြားလိုက်သည်။

အဆိုပါ လေယာဉ်ငယ်မှာ လန်ဒန်အနောက်ပိုင်း ဟမ့်ရှိုင်းယားရှိ ဘက်ဘူရှီလေဆိပ်ပိုင် နယ်မြေမှ ကားလေလံတင်သည့်နေရာအနီးတွင် သောကြာနေ့က ပျက်ကျခဲ့ခြင်းဖြစ်သည်ဟု ဟမ့်ရှိုင်းယား မီးသတ်နှင့် ကယ်ဆယ်ရေးဌာနက ပြောကြားခဲ့သည်။

လေယာဉ်ပေါ်တွင် လိုက်ပါလာသည့် ခရီးသည် ၃ ဦးနှင့် လေယာဉ်မှူး စုစုပေါင်း ၄ ဦး သေဆုံးခဲ့ကာ ခရီးသည်များမှာ ဘင်လာဒင်၏ ဆွေမျိုးများဖြစ်ပြီး လေယာဉ်ပိုင်ရှင်၏ မိခင်၊ ညီမနှင့် ယောက်ဖတို့ဖြစ်ကြသည်ဟု ဟမ့်ရှိုင်းယားရဲတပ်ဖွဲ့က ဆိုသည်။

သို့သော်လည်း သေဆုံးသွားသူများ၏ အမည်နှင့် လေယာဉ်ပိုင်ရှင်၏ အမည်များကို ရဲတပ်ဖွဲ့က ထုတ်ဖော် ပြောကြားခဲ့ခြင်းမရှိဘဲ ဘင်လာဒင်၏ မိသားစုဝင်များမှာ ယူကေသို့ အပျော်ခရီး ထွက်လာခြင်းဖြစ်သည်ဟု ဆိုသည်။

ယူကေ၏ လေကြာင်း မတော်တဆဖြစ်မှု စုံစမ်းစစ်ဆေးရေးဌာန AAIB က ၎င်းတို့မှာ ထိုအဖြစ်အပျက်ကို စုံစမ်းရန် အဖွဲ့တစ်ဖွဲ့ စေလွှတ်ခဲ့သည်ဟု ပြောကြားခဲ့သော်လည်း အသေးစိတ်အချက်အလက်များကို ဖော်ပြခဲ့ခြင်း မရှိချေ။ အဆိုပါအဖွဲ့မှာ မနေ့ကအထိ
အခင်းဖြစ်ရာနေရာတွင် ရှိနေခဲ့သည်။

လေယာဉ်ပျက်ကျမှုတွင် မြေပြင်ပေါ်၌ ထိခိုက်ဒဏ်ရာရသူများ မရှိခဲ့ချေ။ လေယာဉ်မှာ ဆော်ဒီတွင် မှတ်ပုံတင်ထားသော Embraer 505 Phenom 300 ဖြစ်ပြီး၊ ဗြိတိန်ဆိုင်ရာ ဆော်ဒီသံအမတ် မင်းသား မိုဟာမက် ဘင် နာဝဖ် အလ် ဆာအွဒ်ကလည်း သေဆုံးသူများအတွက် ၀မ်းနည်းကြောင်း သောကြာနေ့ညပိုင်းက Twitter စာမျက်နှာတွင် ရေးသားခဲ့သည်။ သို့သော်လည်း သေဆုံးသွားသူများ၏ အမည်များကို ဖော်ပြခဲ့ခြင်းမရှိချေ။

Ref : CNN

Tags:

Leave a Reply