2 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
2 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
2 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
2 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
2 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
2 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
2 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
2 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
2 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
2 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ငယ်စဉ်ဘ၀ ကျေးလက်ရွာငယ်မှာရှိခဲ့စဉ်က မလေးကလေးငယ်များနှင့်အတူ ဥပုသ်စောင့်ခဲ့ခြင်းက နောင်သော် အစ္စလာမ်သို့ သက်ဝင်မှု ဖြစ်သွားစေသူ မဇ်လန်း အဗ်ဒုလ္လာဟ် ဆိုချင်ဘွန်း

ကျွန်တော့်ငွေကြေးအကြပ်အတည်းကို ဥပုသ်သီလစောင့်ထိန်းမှုနဲ့ နည်းလမ်းကောင်းတစ်ခုအဖြစ် ဖြေရှင်းခဲ့တာပါ။

ကျွန်တော့်သူငယ်ချင်းတွေဟာ မလေးလူမျိုးချည်းဖြစ်ခဲ့တယ်။ တခြား တရုတ်ကလေးတွေနဲ့ ကျွန်တော် အပေါင်းအသင်း မလုပ်နိုင်ခဲ့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့နဲ့အတူ နေ့စဉ်လိုလို ရုပ်ရှင်ရုံကိုသွားဖို့ ကျွန်တော့်မှာ ငွေကြေးမတတ်နိုင်လို့ဘဲ ဖြစ်ပါတယ်။ ကျွန်တော် ၁၅ နှစ်သားအရွယ်တုန်းက ကိုယ်ပိုင်အုပ်စုလေး ရှိချင်ခဲ့တယ်။ မလေး ကောင်လေးတွေက ကျွန်တော့်ကို အလွယ်တကူဘဲ လက်ခံခဲ့ကြတယ်။ ဒါပေမယ့် သူတို့နဲ့တွဲယင် ၀က်သားမစားရဘူးဆိုတဲ့ စည်းကမ်းချက်ကိုတော့ လိုက်နာရတယ်လေ။ ဒီကိစ္စက ကျွန်တော့်အတွက် မခဲယဉ်းလှပေဘူး။ အိမ်မှာလည်း မစားရသလောက်ဘဲကိုး။ ရမ်ဒွါန်လ မရောက်ခင်အထိ ကျွန်တော်တို့ဟာ ရိုတီပလာတာ၊ နဆီလီမဒ်တွေ အတူတကွ စားကြသောက်ကြနဲ့ပေါ့ဗျာ။

သူတို့တတွေ ဥပုသ်လစောင့်တဲ့အခါကျတော့ ကျွန်တော်ကလည်း စားသောက်တဲ့အလုပ်ကို မလုပ်တော့ဘူး။ ဒီတော့ သူတို့ကပြောတယ်။ ကျွန်တော့်အနေနဲ့ အဲ့ဒီလို မလုပ်သင့်ဘူးတဲ့၊ ကျွန်တော်က မုစ်လင်မ် မဟုတ်လို့ပါတဲ့။ သူတို့ရဲ့အသိမှာက မုစ်လင်မ်ဖြစ်မှ ဥပုသ်စောင့်ရတယ်ဆိုတဲ့ အချက်တစ်ချက်ဘဲ ရှိနေလို့လေ။ ဒီအခါမှာ ကျွန်တော်က ” ဒါဆိုယင် မင်းတို့ရဲ့ဘုရားသခင်က မတရားလိုက်တာ! မုစ်လင်မ်တွေလုပ်တဲ့အတိုင်း လုပ်ချင်နေသူကို ဘုရားသခင်က သေအောင်လုပ်ပါ့မလားကွ ” လို့ ပြောလိုက်မိတယ်။ ဒါနဲ့ သူတို့က ကျွန်တော့်ကို မနက်အရုဏ်ကနေ ညနေနေ၀င်ချိန် အထိ ဘာမှမစားမသောက်ဘဲ ဥပုသ်စောင့်ခွင့်ပေးလိုက်တယ်။ ဒါပေမယ့် ကျွန်တော့်ကို စဟူးရ် (စဟ်ရီ)ကိစ္စ ပြောပြဖို့ မေ့နေခဲ့ကြတယ်လေ။

ပထမဆုံး ဥပုသ်စောင့်တဲ့နေ့ အတန်းနားချိန်မှာ အတန်းဖော်တရုတ်လေးက ကျွန်တော့်ကို အပြင်ဆွဲခေါ်သွားပြီး ပြောပါလေရော ” မင်းတော်တော် နုံအတဲ့ကောင်! မလေးတွေက သူတို့ဖာသာ အစာအငတ်ခံတာကို မင်းက ဘာကြောင့် လိုက်လုပ်နေတာလဲ ” တဲ့။ ကျွန်တော်က သူ့ကိုတွန်းဖယ်လိုက်ပြီး အသာလေးပြန်ပက်လိုက်တာပေါ့။ ” ငါ စမ်းကြည့်ယုံ သက်သက်ပါကွာ၊ သူတို့တောင် အစာရေစာ မစားသောက်ဘဲနေနိုင်သေးယင် ငါလည်း ဘာလို့ မနေနိုင်ရမှာလဲ ” လို့လေ။ အဲ့ဒီလို ရွှတ်နောက်နောက်လုပ်လိုက်တဲ့အတွက် တစ်နေကုန်လုံး ကျွန်တော့်မှာ အနှောင့်အယှက်ကင်းခဲ့တာလို့ တွေးမိပါတယ်။ ဆာလောင်တဲ့ – ရေငတ်တဲ့ဒဏ်ပိလာတော့ ဂီတာတီးယင်း၊ ဒရမ်စည်းချက်ရိုက်ယင်းနဲ့ ကျွန်တော့်မှာ အလုပ်ကိုရှုပ်နေတော့တာပါဘဲ။ သေခြင်းတရားဆိုတာ ကျွန်တော့်အတွေးထဲမှာ မပေါ်ရေးချမပေါ်။ ဒါပေမယ့်လည်း နေ၀င်ချိန်ရောက်ဖို့ ကြာလှချည်လားဆိုပြီး ခံစားခဲ့ရတာတော့အမှန်ပါ။ ကျွန်တော့်သူငယ်ချင်းတွေ ဘယ်သူကမှ ဒီလိုမျိုး မပြုကြပါဘူး။ ဒီလိုနဲ့ တစ်နေ့တာအချိန်ကို ကျော်ဖြတ်နိုင်ခဲ့တယ်။

ကျွန်တော်တို့ဟာ ကိုယ့်အိမ်ကိုယ်ပြန်ပြီး ညနေစာစားနေကျဖြစ်တယ်။ သူငယ်ချင်းတွေက ၀ါလွှတ်ဝါဖြေဖို့ ပျော်ပျော် ရွှင်ရွှင်ပြန်သွားကြတဲ့အခါ ကျွန်တော်လည်း အိမ်ကိုပြန်လို့ ရေခဲသေတ္တာထဲက ရေတစ်ခွက်၊ ပန်းသီးတစ်လုံးနဲ့ ကိုယ့်ကိုယ်ကို ဆုချလိုက် တာပေါ့ (ဘာရမလဲ)။ မေမေချက်ထားတဲ့ ၀က်သားချိုချဉ်ကြော်နဲ့ဝါဖြေဖို့က ကျွန်တော့်အဖို့ အမြင်မတော် ဆင်တော်နဲ့ ခလောက်ဆိုသလိုမျိုး ဖြစ်နေစေပါတယ်။ ပြီးတော့ သူငယ်ချင်းတွေအပေါ်မှာလည်း စည်းဖောက်ရာရောက်သွားမယ် မဟုတ်လား? ကျွန်တော့်ဘ၀တစ်သက်တာမှာ ဒီရေတစ်ခွက်နဲ့ ဒီအရည်ရွှမ်းပန်းသီးတစ်လုံးလောက် အရသာရှိတာမျိုး မကြုံဖူးပေါင်ဗျာ။

ကျွန်တော်အပျော်ရွှင်ဆုံးကတော့ ကျွန်တော်တို့တစ်တွေ ညဉ့်သွားရည်စာ သွားစားကြတာပါဘဲ။ ၀ါဖြေပုံနဲ့ ပတ်သက်ပြီး သူတို့တစ်တွေ ကိုယ်စီကိုယ်ငှ စကားဖလှယ်နေတာကို ကျွန်တော် အားကျလိုက်တာလေ။ အဲ့ဒီနောက် သူတို့အိမ်တွေမှာ ညနေစာ လာစားဖို့ ကျွန်တော့်ကို မကြာခဏ ဖိတ်ခေါ်လာပါတော့တယ်။ တစ်လတာလုံး အဖုအထစ်မရှိ ကုန်လွန်သွားတဲ့အခါ အတွေ့အကြုံချင်း ဖလှယ်ကြရာက ကျွန်တော်တို့အားလုံး အရင်ကထက် ပိုရင်းနှီးလာတယ်လို့ ခံစားလိုက်ရတယ်။ ဒါပေမယ့်လည်း မုစ်လင်မ်တစ်ဦးဖြစ်လာဖို့ ကျွန်တော့်မှာ စဉ်းကိုမစဉ်းစားဖြစ်သေးတာအမှန်ပါဘဲ။

နောက်တစ်နှစ်မှာလည်း ရမ်ဒွန်တစ်လလုံးကို ကျွန်တော် ဒီအတိုင်း အပြည့်အ၀ ကျော်ဖြတ်ခဲ့ပြန်တယ်။ ဒီတစ်ကြိမ် မှာတော့ ဥပုသ်စောင့်တာကို ကျွန်တော်ကျင့်သားရသွားပါပြီ။ အမှန်ပြောရယင် ကျွန်တော့်ငွေကြေးအကြပ်အတည်းကို ဥပုသ်သီလစောင့်ထိန်းမှုနဲ့ နည်းလမ်းကောင်းတစ်ခုအဖြစ် ဖြေရှင်းခဲ့တာပါ။ ကျွန်တော့်အဖို့ အဖိုးအထိုက်တန်ဆုံးကတော့ ဒီလုပ်ရပ် ကနေတစ်ဆင့် ငါအောင်မြင်သွားပြီဆိုတဲ့ခံစားချက် ရရှိခဲ့ခြင်းပါ။ ဖန်ဆင်းရှင်ဟာ မုစ်လင်မ် မဟုတ်သူတွေအပေါ် မကောင်းမြင်မှု မရှိတဲ့အကြောင်း၊ ဥပုသ်သီလစောင့်ထိန်းခြင်းက မသေနိုင်ဘူး – ရုပ်ပိုင်းချည့်နဲ့မှုလည်း မဖြစ်စေဘူးဆိုတဲ့အကြောင်း ကျွန်တော် သူတို့ကို သက်သေပြသနိုင်ခဲ့ပြီလေ။

တတိယနှစ် ရမ်ဒွန်လအတွင်းမှာ National Service ( NS ) ၀င်ရတဲ့အခါ ကျွန်တော် နာနာကျင်ကျင်ခံစားခဲ့ရတယ်။ ချွေးထွက်အောင်လုပ်ရတဲ့ကိစ္စကြောင့် မဟုတ်ပါဘူး။ သမားတော်ရဲ့ဆေးထိုးပေးမှုက ကျွန်တော့် ဥပုသ် စောင့်ထိန်းခြင်းကို အနှောက်အယှက်ဖြစ်သွားစေတာကြောင့်ပါ။ အဲ့ဒီနေ့ရဲ့နေ့လည်စာကို ကင်တင်းန် မှာစားတော့ မချိတင်ကဲ ဖြစ်နေရလေခြင်း။ တကယ့်ကို ရှက်ကိုးရှက်ကန်းကြီးဖြစ်နေခဲ့ရပါတယ်။ ဆေးထိုးသွင်းခြင်းက ဥပုသ်ကို မပျက်စေဘူးဆိုတာ သိလိုက်ရတဲ့နောက်မှာတော့ ကျွန်တော်လေ နာကြင်စွာခံစားရပြန်ပါလေရော။

စနေနေ့တစ်ရက်နေ့လည်ခင်း ကျွန်တော့်အခန်းတန်းလျားလေးမှာ တစ်ကိုယ်တည်းထိုင်နေယင်းနဲ့ အတွေးတစ်စ ရုတ်ခြည်းဝင်ရောက်ရိုက်ခတ်လာတယ်။ အဲ့ဒီနေ့က ဟိဂ်ျရီ ၁၃၉၈ ၊ ရှအ်ဗာန်လ ၁၃ ရက်။ ရမ်ဒွန်လရောက်ဖို့ ရက်သိပ်မလိုတော့ဘူး။ ” ငါဟာ မုစ်လင်မ်မဟုတ်သူအဖြစ်နဲ့ ရမ်ဒွန်သုံးလ (၃ နှစ်)အထိ ဥပုသ်စောင့်နေမိခဲ့ပါပကောလား ! မုစ်လင်မ်တစ်ဦးအနေနဲ့ ဥပုသ်သီလကို ပီပီပြင်ပြင် စောင့်ထိန်းချင်လိုက်တာ ” ဆိုပြီးတော့ပေါ့လေ။

၁၃၉၈ ခုနှစ်၊ ယှအ်ဗာန်လ ၁၅ ရက်နေ့၊ ကျွန်တော့်ရဲ့ အစ္စလာမ့်ကူးပြောင်းမှုကို ဂျာမီယဟ်မှာ တရားဝင် ဆောင်ရွက်ခဲ့တယ်။ အဲ့ဒီနေ့မှာဘဲ အထိမိဆုံးအလုပ်တစ်ခုကို ကျွန်တော် ပြုလုပ်ခဲ့ပါတယ်။ ကျွန်တော် မုစ်လင်မ်ဖြစ်လာခြင်း အထိမ်းအမှတ်နဲ့ စွန္နဟ် ဆွိယံမ် စောင့်ထိန်းလိုက်တာလေ။

အဲ့ဒီနှစ်ရဲ့ ရမ်ဒွန် တစ်လလုံးမှာဖြင့် စိတ်ကြည်နူးလိုက်ရတာဗျာ။ အဲ့ဒီတစ်လအတွင်းမှာဘဲ ကျမ်းမြတ်ကုရ်အာန် ဘာသာပြန် အစအဆုံးကို ပြီးဆုံးအောင် ဖတ်နိုင်ခဲ့ပါတယ်။ အခုဆိုယင် ဥပုသ်သီလစောင့်ထိန်းခြင်းရဲ့ ကျက်သရေမင်္ဂလာ အစစ်အမှန်ကို ခံစားတတ်သွားပါပြီ။ အစာရေစာ ရှောင်ယုံသက်သက်မဟုတ်တော့ဘူး။ ငွေကြေးချွေတာရေးနည်းလမ်းအနေနဲ့လည်း မမြင်တော့ဘူး။ လုံးလုံးလျားလျား အတွေးသစ် အမြင်သစ်နဲ့တစ်ကွ ဥပုသ်သီလ စောင့်ထိန်းလျက်ရှိနေပါပြီခင်ဗျာ။

မဇ်လန်း အဗ်ဒုလ္လာဟ် ဆိုချင်ဘွန်း
From – TMR : Vol 7 , No.1 , Pg 31-32 ,
TMR : Following Faith ( 2010 – 2011 ) Pg 29-30

စလာမ်၊ ဒုအာအ်ဖြင့်
ဂျူလိုင်ရဲရင့်

Leave a Reply