5 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
6 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

စက်တင်ဘာ ၃၊ ၂၀၁၅
M-Media

hajj

– ဟဂ်ျရာသီအတွင်း ဆော်ဒီအာရေဗျသို့ လာရောက်ဟဂ်ျပြုကြမည့် ကမ္ဘာ့နိုင်ငံအသီးသီးမှ လူမျိုးပေါင်းစုံ အစ္စလာမ်ဘာသာဝင်များ ဟဂ်ျနှင့်ပတ်သက်သည့် သတင်းအချက်အလက်များကို အလွယ်တကူ ရရှိနိုင်ရန်အတွက် ဘာသာစကားပေါင်းစုံဖြင့် အသုံးပြုနိုင်မည့် ဖုန်းအက်ပလီကေးရှင်းနှစ်ခုကို ဆော်ဒီက ဖြန့်ချီလိုက်သည်ဟု သိရသည်။

“သတင်းအချက်အလက်တွေကို ဖြန့်ဝေဖို့အတွက် ဒီနေ့ခေတ်မှာ အင်တာနက်ဟာ အရာရောက်တဲ့ ကိရိယာတစ်ခုပါ။ အဲဒီအင်တာနက်ကို ပညာရေး ရည်ရွယ်ချက်အတွက်၊ အစ္စလာမ့်တရားဒေသနာတွေ ဟောကြားဖို့အတွက်၊ အစ္စလာမ်၊ မွတ်စလင်တွေနဲ့ပတ်သက်လို့ ယူဆချက်အမှားတွေကို ဖယ်ရှားဖို့အတွက် စတဲ့ စတဲ့ နေရာတွေမှာ အသုံးပြုလို့ရပါတယ်” ဟု ဂျာမီယာ မီလီယာ အစ္စလာမီ အလူမ်နီအသင်းအား တည်ထောင်သူ ဒေါက်တာ ရှာဖာသွလ္လာဟ်ခန်းက စက်တင်ဘာ ၂ ရက်နေ့တွင် Saudi Gazette သို့ ပြောကြားခဲ့သည်။

“အခြားနည်းပညာသစ်တစ်ခု အစားမထိုးနိုင်မချင်း ကျွန်တော်တို့ နေ့စဉ်ဘ၀တွေမှာ အင်တာနက်ဟာ ဆက်လက်ပြီး အကျိုးသက်ရောက်မှု ရှိနေမှာပါ။ သာမန်လူတန်းစားတွေကို အစ္စလာမ့်ရဲ့ သင်ကြားမှုတွေ ဖြန့်ချီရာမှာ ဒီအင်တာနက်ကို အဆုံးစွန်ဆုံး ကျွန်တော်တို့ အသုံးချဖို့ လိုပါတယ်”

ယခုဖြန့်ချီလိုက်သည့် အက်ပလီကေးရှင်းကို Haj e Mabroor ဟု အမည်ပေးထားပြီး ဟဂ်ျ၊ အွမ္မရာဟ်ပြုခြင်းနှင့် ပတ်သက်၍ စာအုပ် ၃ အုပ်၊ တရားဒေသနာ ၉ ခု၊ ဆောင်းပါ ၂၁ ပုဒ်၊ ဟဂ်ျနှင့် အွမ္မရာဟ် ပြုနည်းများ ပါဝင်သည်။

အဆိုပါအက်ပလီကေးရှင်းကို အင်္ဂလိပ်၊ အူရဒူ၊ ဟင်ဒီ ဘာသာစကားများဖြင့် အသုံးပြုနိုင်ပြီး ဒေါက်တာ နဂျီဘ် ကွာစ်မီက စီစဉ်ပေးကာ နာမည်ကျော် ဟဒီးဆ်ပညာရှင်နှင့် ဘုရင်ဖိုက်ဆယ်ဆုရ ဒေါက်တာ မိုဟာမက် မွတ်စ်တာဖာ အဇ်မီက ထုတ်ဝေဖြန့်ချီခြင်းဖြစ်သည်။အက်ပလီကေးရှင်းတွင် ပါဝင်သော စာအုပ်များနှင့် ဆောင်းပါးများဖတ်ခြင်း၊ အမေးအဖြေကဏ္ဍများအတွက် အသုံးပြုသူများမှာ အင်တာနက်ကွန်နက်ရှင် မလိုအပ်ပေ။

ယခုနှစ် ဟဂ်ျကာလမှာ စက်တင်ဘာ ၂၀ ရက်နေ့မှ ၂၅ ရက်နေ့အတွင်း ကျရောက်မည်ဖြစ်ပြီး အစ္စလာမ့် ပြက္ခဒိန်၏ ၁၂ လမြောက်ဖြစ်သော ဇွလ်ဟဂ်ျလ ၈ ရက်နေ့မှ ၁၂ ရက်နေ့အထိဖြစ်သည်။

Deen e Islam

Haj e Mabroor အက်ပလီကေးရှင်းအပြင် ဟဂ်ျနှင့် အွမ္မရာဟ်အတွက် သတင်းအချက်အလက်များကို ရယူနိုင်ပြီး ဘာသာစကားသုံးမျိုးဖြင့် အသုံးပြုနိုင်သော Deen e Islam အက်ပလီကေးရှင်းကိုလည်း ထုတ်လုပ်ဖြန့်ချီခဲ့သည်။

အဆိုပါ အက်ပလီကေးရှင်းတွင် ဘာသာရေးကဏ္ဍ ၂၁ ခုပါဝင်ပြီး၊ ဘ၀ရှင်သန်မှုအတွက် လမ်းညွှန်ပေးထားသော ဆောင်ပါး ၁၇၅ ပုဒ်၊ တရားဒေသနာ ၇၅ ပုဒ်နှင့် စာအုပ် ၇ အုပ်တို့ ပါဝင်သည်။

ထိုအက်ပလီကေးရှင်းများကို Play Store နှင့် App Store နှစ်ခုစလုံးတွင် ရရှိနိုင်ပြီး ၂ မိနစ်အတွင်း ဖုန်းအတွင်းသို့ ထည့်သွင်းအသုံးပြုနိုင်သည်။

“ဒီခေတ်မှာ အစ္စလာမ်ဆန့်ကျင်ရေး အုပ်စုတွေဟာ အစ္စလာမ်ကို ဝေဖန်နေကြပြီး၊ အစ္စလာမ်ရဲ့ အရင်းမူလ၊ ကုရ်အာန်၊ ဟဒီးဆ်တို့ရဲ့ စစ်မှန်မှုနဲ့ပတ်သက်လို့ မွတ်စလင်တွေရဲ့ စိတ်ထဲမှာ သံသယတွေဝင်လာအောင် ကြိုးပမ်းနေကြပါတယ်။ အစ္စလာမ်နဲ့ ကုရ်အာန်အပေါ် ဒီလုပ်ကြံမှုတွေကို ဥရောပ ဘာသာစကားအမျိုးမျိုးနဲ့ ဆောင်ရွက်နေကြပြီး ကျွန်တော်တို့ အစ္စလာမ့် ဓမ္မပညာရှင်တွေက ဒါကို သတိမထားမိကြပါဘူး” ဟု ဒေါက်တာ မိုဟာမက် မွတ်စ်တာဖာ အဇ်မီက ပြောကြားခဲ့သည်

“ကုရ်အာန်ရဲ့ စုစည်းမှုနဲ့ပတ်သက်လို့ မွတ်စလင်တွေရဲ့ စိတ်ထဲမှာ သံသယတွေဖြစ်အောင်လုပ်တဲ့၊ အစ္စလာမ့်ရင်းမြစ်တွေရဲ့ စစ်မှန်မှုမှာ ယုံကြည်မှုနည်းသွားအောင်လုပ်တဲ့ နှစ် ၂၀ စီမံကိန်းကို လက်ရှိ ဆောင်ရွက်နေတဲ့အဖွဲ့တွေဟာ ဂျာမနီတစ်နိုင်ငံတည်းမှာတင် အဖွဲ့ ၇၀ လောက်ရှိပါတယ်”

ဟဂ်ျနှင့်ပတ်သက်၍ ဘာသာစကားမျိုးစုံဖြင့် ထုတ်ဝေသော အက်ပလီကေးရှင်းမှာ ယခုအကြိမ်သည် ပထမဆုံးမဟုတ်ချေ။ ၂၀၁၂ ခုနှစ်က ဂျာမန်မွတ်စလင် ကွန်ပျူတာပညာရှင်တစ်ဦးက ဟဂ်ျနှင့် အွမ္မရာဟ်ပြုသူများအတွက် ရည်ရွယ်သည့် စမတ်ဖုန်း အက်ပလီကေးရှင်းတစ်ခုကို ထုတ်ဝေခဲ့သည်။

ပြီးခဲ့သည့်နှစ်ကလည်း ဂျစ်ဒါရှိ အိန္ဒိယ ကောင်စစ်ဝန်ရုံးမှ ဟဂ်ျလမ်းညွှန် အက်ပလီကေးရှင်းတစ်ခုကို ထုတ်ဝေခဲ့ပြီး၊ မကြာသေးမီကပင် ဆော်ဒီရှိတက္ကသိုလ်တစ်ခုက ဟဂ်ျနှင့် အွမ်ရာပြုသည့်အချိန် ကအ်ဘာကျောင်းတော်ကို သ၀ါ့ဖ်လှည့်သည့် အကြိမ်အရေအတွက်ကို အလိုအလျောက် မှတ်သားထားပေးမည့် အက်ပလီကေးရှင်းတစ်ခုကို ထုတ်ဝေ ဖြန့်ချီခဲ့သည်။

Ref: Onislam

Leave a Reply