6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

သမိုင်းကြောင်းထည်ဝါ ပတ္တနီရာယ

မဟာပတ္တနီသည် ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင်ဘာသာစကား၊ ကိုယ်ပိုင်ကိုးကွယ်ယုံကြည်မှု၊ ကိုယ်ပိုင်အုပ်ချုပ်မှုဖြင့် တခမ်းတနားရပ်တည်ခဲ့သော အေးချမ်းသာယာဝပြောသော မင်းနေပြည်တော်ကြီးဖြစ်သည်။  ပတ္တနီနိုင်ငံတော်တွင် ယခုထိုင်းနိုင်ငံမှ တောင်ပိုင်းပြည်နယ် ငါးခုဖြစ်သော နာရသီဝပ်၊ ယာလာ၊ ပတ္တနီ(ပြည်နယ်)၊ ဆောင်ခလာ၊ ဆာတွန်ပြည်နယ်များနှင့် မလေးမြောက်ပိုင်းမှ ကီလန်တန်၊ ထရန်ဂါနုနှင့် ကီဒါပြည်နယ်မြောက်ပိုင်းဒေသများပါဝင်သည်။

ကုန်သွယ်မှုရေးရာအချက်အချာ

၁၅၁၁ခုနှစ်တွင် မလက္ကာမြို့နယ်ချဲ့တို့လက်အောက်တို့ကျရောက်သွားပြီးနောက် ပတ္တနီနိုင်ငံတော်သည် အာချေးဒေသမှ ဆူမတြားဒေသဘုရင့်နိုင်ငံနှင့်အပြိုင် အိန္ဒိယ-အာရပ်ကုန်သည်များ၏ အဓိကကုန်သွယ်မှု အချက်အချာဒေသတစ်ခု ဖြစ်လာခဲ့သည်။

အရှေ့တောင်အာရှ၏ အစ္စလာမ့်ဘူမိနက်သန်ကြီးတစ်ခု

၁၂ရာစုနှင့် ၁၅ရာစုများအကြားကာလ၌ ဒေသခံလူအများအပြား အစ္စလာမ့်အေးရိပ်ဆာယာသို့ ဝင်ရောက်လာခဲ့ကြသည်။ ပတ္တနီဘုရင်ကိုယ်တိုင်လည်း အစ္စလာမ်ကိုသက်ဝင်ယုံကြည်လာပြီး ၁၄၅၇ခုနှစ်တွင် ပတ္တနီနိုင်ငံတော်ကို အစ္စလာမ်မစ် ဘုရင့်နိုင်ငံတော်အဖြစ် ကြေငြာခဲ့သည်။ ထို့နောက်တွင် ပတ္တနီနိုင်ငံတော်ကြီးသည် အာချေးဘုရင့်နိုင်ငံကဲ့သို့ပင် အစ္စလာမ်သာသနာတော် အဓိကသင်ကြားလေ့ကျင့်ရာ ဌာနကြီးဖြစ်လာခဲ့သည်။ ပတ္တနီနေပြည်တော်သည် အရှေ့တောင်အာရှဒေသတွင် အစ္စလာမ်သာသနာစတင်ပေါက်ဖွား ထွန်းကားစေသည့် ဘူမိနက်သန်ကြီးဖြစ်ခဲ့ပေသည်။

ကျူးကျော်ဖျက်ဆီးခံရခြင်း

ဤသို့ လွတ်လပ်စွာဖြင့် အေးချမ်းသာယာပြီး ကိုယ်ပိုင်မူဖြင့် ရပ်တည်နေသော ပတ္တနီနိုင်ငံတော်ကို ၁၇၈၆ခုနှစ်တွင် ထိုင်းနိုင်ငံ၏ လက်ရှိချက္ကရီမင်းဆက်ကို စတင်ထူထောင်ခဲ့သည့် ပထမြောက်ရာမဘုရင်၏ တပ်ဖွဲ့များ ဝင်ရောက်ကျူးကျော်တိုက်ခိုက်ခဲ့သည်။ ထိုကျူးကျော်မှုတွင် ပတ္တနီနိုင်ငံတော်၏ ဘုရင်ကျဆုံးခဲ့ရပြီး ပတ္တနီနေပြည်တော်လည်း ဖျက်ဆီးခြင်းခံလိုက်ရသည်။ ပတ္တနီသားအများအပြားလည်း စစ်သုံ့ကျွန်များအဖြစ် ထိုင်းနိုင်ငံသို့ ခေါ်ဆောင်သွားခြင်း ခံခဲ့ကြရသည်။

ထိုင်းအမျိုးသားရေးဝါဒီတို့၏ ယုတ်မာမှုများ

(၁၉၀၉)ခုနှစ်တွင် အင်္ဂလိပ်-ဆိုင်ယမ်(ထိုင်း)စာချုပ်ကို ချုပ်ဆိုပြီးနောက်တွင် ထိုင်းတို့သည် ယင်းတို့၏ စရိုက်ပုံစံကို သွတ်သွင်းရန် စနစ်တကျကြိုးစားတော့သည်။ ထိုင်းအစိုးရက (၁၉၂၁)ခုနှစ်တွင် သူတို့၏ ပညာရေးဥပဒေကို ပြဌာန်းပြီး တောင်ပိုင်းဒေသများရှိ အစ္စလာမ့်ဘာသာရေးကျောင်းများကို အဓမ္မပိတ်စေခဲ့ပြီး ထိုင်းစာသင်ကြားသော၊ ဘာသာရေးမဖက်သော ကျောင်းများသို့ မူစလင်တို့အား မသင်မနေရ တက်ရောက်စေခဲ့သည်။ အကျိုးဆက်အနေနှင့် အစ္စလာမ့်သာသနာ့ပညာရှင်များ နည်းပါးသွားရသည်။ ထိုဥပဒေကို ဆန့်ကျင်ကာ တော်လှန်သော ခေါင်းဆောင်များမှာ ရက်ရက်စက်စက် နှိမ်နင်းခံခဲ့ရသည်။

(၁၉၃၂)ခုနှစ်တွင် ဗိုလ်ချုပ်ကြီးပီဘွန်းဦးဆောင်သော ထိုင်းအစိုးရသည် ထိုင်းရတ္တနီယုံ ထိုင်းရိုးရာ ဓလေ့ထုံးတမ်းဆိုင်ရာ အမိန့်ဒီဂရီ ကို ထုတ်ပြန်ခဲ့ကာ တောင်ပိုင်းမူစလင်တို့ကို မူစလင်နာမည်များမှည့်ခေါ်ခွင့်နှင့် ရိုးရာမလေးစကားသုံးစွဲမှုတို့ကို အဓမ္မပိတ်ပင်ခဲ့သည်။ ထိုအဓမ္မမှုများကို ဆန့်ကျင်တော်လှန်သော တောင်ပိုင်းခေါင်းဆောင်များမှာလည်း ကြမ်းတမ်းစွာ ဖိနှိပ်ချေမှုန်းခြင်းခံခဲ့ရပြန်သည်။ (၁၉၆၀)တွင် တစ်ခါ လူနှင့်ဖိသည့် ရွှေ့ပြောင်းနေရာချထားရေးမူကို ကျင့်သုံးခဲ့ပြီး ထိုင်းပြည်မမှ ဗုဒ္ဓဘာသာဝင်ထိုင်းများကို  မြေယာရှားပါးသည့်တောင်ပိုင်းဒေသသို့ အလုံးအရင်းနှင့်ပြောင်းရွှေ့စေခဲ့ပေသည်။ (၁၉၆၉)ခုနှစ်တွင် ထိုင်းပြည်မမှ ထိုင်းမိသားစုဝင်လူဦးရေ(၁၆၀ ၀၀၀)ခန့် ကို နေရာချထားပြီးဖြစ်သည်။

ဗြိတိသျှအင်္ဂလိပ်၏ ကောက်ကျစ်လိမ်လည်မှု

ဒုတိယကမ္ဘာစစ်အတွင်း ထိုင်းတို့က ဂျပန်ကိုထောက်ခံအားပေးချိန်တွင် မလေးမူစလင်တို့သည် ဗြိတိသျှတို့အနိုင်ရပါက ပတ္တနီဒေသလွတ်လပ်ရေးကို ခွင့်ပြုပေးရန် သဘောတူညီမှုရယူပြီး အင်္ဂလိပ်တို့ဘက်မှ ပါဝင်ကူညီတိုက်ခိုက်ခဲ့ပေသည်။ (၁၉၄၅)ခု ဒုတိယကမ္ဘာစစ်ကြီးအပြီးတွင်မူ အင်္ဂလိပ်တို့သည် မလေးမူစလင်တို့နှင့်ထားရှိပြီးဖြစ်သော ကတိကို ဖောက်ဖျက်ကာ တစ်ဖက်သို့လိုက်သွားခဲ့သည်။

ပြဿနာများ

တောင်ပိုင်းသားညီနောင်တို့၏ အဓိကပြဿနာမှ ဆင်းရဲကျပ်တည်းမှုပင်ဖြစ်သည်။ မူစလင်အများစု နေထိုင်ကြသော ပြည်နယ်များမှာ ထိုင်းနိုင်ငံ၏ စုစုပေါင်းပြည်တွင်းထုတ်လုပ်မှုတန်ဖိုး၏ ၁.၅% မျှကိုသာ ထုတ်လှုပ်နိုင်ခဲ့သည်။ တောင်ပိုင်းဒေသ လူဦးရေ သုံးပုံတစ်ပုံခန့်မှာ ဆင်းရဲနွမ်းပါးသည့်ဘဝတွင် နေနေကြရသည်။ တောင်ပိုင်းဒေသ၌ ပြောပလောက်သောစက်မှုလုပ်ငန်းဟူ၍ မရှိချေ။ တောင်ပိုင်းပြည်နယ်များမှာ ဆင်းရဲနွမ်းပါးမှု၊ အလုပ်လက်မဲ့ပေါများမှု၊ လမ်းတံတားစသည့် အခြေခံအဆောက်အအုံများ ချို့တဲ့မှု၊ ဘဏ္ဍငွေအရင်းအနှီး နည်းပါးမှု၊ မြေယာပိုင်ဆိုင်ခွင့် မညီမျှမှု၊ လူနေမှုအဆင့်အတန်းနိမ့်ကျမှု၊ စိုက်ပျိုးရေး ထွက်ကုန်များအတွက် ဈေးကွက်ရှားပါးမှု၊ သဘာဝပတ်ဝန်းကျင်ယိုယွင်းမှုနှင့် သဘာဝကပ်ဘေးများ၊ တောင်ပိုင်းပြည်နယ်မှ မြေနိမ့်ပိုင်းခရိုင်ကိုးခု၌ မကြာခဏ ရေလွှမ်းမိုးမှုစသော အခြေခံ ချို့ယွင်းအားနည်းချက်များ၏ ပြယုဂ်သဖွယ်ဖြစ်နေခဲ့သည်။ ပြည်မနှင့် တောင်ပိုင်းပြည်နယ်များအကြား ဝင်ငွေကွာဟမှုမှာလည်း ကြီးမားလှသည်။ ပုံစံအားဖြင့် ဘန်ကောက်တွင်၂၀၀၂ခုနှစ်အတွက် လစဉ်ပျမ်းမျှမိသားစုဝင်ငွေမှာ ဘတ်ငွေ ၂၈ ၂၃၉ (အမေရိကန်ဒေါ်လာ ၇၃၅) ရှိခဲ့ချိန်တွင် နာရာသီဝပ်ပြည်နယ်၌မူ ဘတ်ငွေ ၂ ၂၂၄ (အမေရိကန်ဒေါ်လာ ၅၈) မျှသာရှိနေခဲ့ပေသည်။ ယင်းပြည်နယ်သုံးခုတွင် အလုပ်လက်မဲ့နှုန်းမှာ ၁၉၉၈ တွင် ၁.၉ % သာရှိခဲ့သော်လည်း ၂၀၀၃ တွင် ၂.၃ % အထိ ရှိလာခဲ့သည်။ တောင်ပိုင်းဒေသသည် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းအတွက် အထူးကျော်ကြားသော်လည်း လုပ်ငန်း၏ အဓိကအစိတ်အပိုင်းများကို အစိုးရက ထိန်းချုပ်ထားပြီး ယင်းလုပ်ငန်းမှ ဝင်ငွေနှင့် အလုပ်အကိုင်အခွင့်အလမ်းအများစုမှာလည်း မူစလင်မဟုတ်သူများ၏ လက်တွင်း၌သာ ရှိနေလေသည်။

သုံးသပ်ချက်

ကမ္ဘာပေါ်တွင် ဤသို့အဖိနှိပ်ခံနေရသော ညီအစ်ကိုမောင်နှများစွာ ရှိပါသည်။  မူစလင်တစ်ဦးအနေဖြင့် မိမိတစ်ဦးတည်း (သို့) မိမိ၏မိသားစုကောင်းစားနေရုံဖြင့်ကျေနပ်နေ၍မရပေ။ ထိုသို့ဆိုလျှင် သူသည် ပြည့်ဝစစ်မှန်သော မူစလင်တစ်ဦးမဖြစ်နိုင်ပေ။

အစ္စလာမ်သည် ညီအစ်ကိုမောင်နှမအရင်းစိတ်ဓာတ်ကို သွန်သင်ပေသည်။ ကျင့်သုံးခိုင်းသည်။ ထို့ကြောင့် ကျွန်တော်တို့သည် မည်သည့်နေရာတွင် နေနေ၊ မည့်သည်လူမျိုးဖြစ်ဖြစ်၊ မည်သည့်လမ်းစဉ်ကို ကျင့်သုံးသုံး၊ မည်သည့်အီမာမ်နောက်ကိုလိုက်လိုက် “အွမ္မသ်” ဆိုသည်ကို သတိရပြီး မူစလင်ဆိုသည့်ခေါင်းစဉ်အောက်တွင် တသားတည်းဖြစ်နေရမည်။ ညီညွတ်နေရပေမည်။ ထိုသို့စည်းလုံးနေမှသာ ဝမ်းနည်းဖွယ် ဖိနှိပ်ခံနေရသည့် ညီအစ်ကိုမောင်နှမများရှေ့မှ မတ်မတ်ရပ်နိုင်ပေမည်။ သူတို့အစစအရာရာဖွံ့ဖြိုးတိုးတက်အောင်ဝိုင်းဝန်းလုပ်ဆောင်နိုင်ပေမည်။ ။

“အစ္စလာမ့်၏ရွှေခေတ်ဆီသို့ အစ္စလာမ့်ညီအစ်ကိုမောင်နှမရင်းစိတ်ဓာတ်ဖြင့် အရောက်ချီတက်ကြပါစို့”

Leave a Reply